ထိုသို့ ထာဝရဘုရားသည် မောရှေအားဖြင့် မိန့်တော်မူသည်အတိုင်း၊ ပထမခရီးသွားခြင်းကို ပြုကြ၏။
ယုဒတပ်အစဉ်အတိုင်း အလုံးအရင်းတို့သည်၊ အလံနှင့်တကွ ရှေ့ဦးစွာချီသွားကြ၏။ ယုဒတပ်ကို၊ အမိနဒပ်သားနာရှုန် အုပ်ရ၏။
မိုးတိမ်သည် တဲတော်အပေါ်မှာ နေ့ရက်အနည်းငယ်မျှ တည်နေသောအခါ၊ ထာဝရဘုရားအမိန့်တော်အတိုင်း၊ သူတို့သည် တဲ၌နေကြ၏။ ထာဝရဘုရား အမိန့်တော်အတိုင်းလည်း၊ ခရီးသွားကြ၏။
ထာဝရဘုရားအမိန့်တော်အတိုင်း တဲ၌နေကြ၏။ ထာဝရဘုရားအမိန့်တော်အတိုင်းလည်း ခရီးသွားကြ၏။ ထာဝရဘုရားသည် မောရှေအားဖြင့် မိန့်တော်မူသည်အတိုင်း ထာဝရဘုရားအထံတော်၌ စောင့်နေကြ၏။
ငါတို့ ဘုရားသခင်ထာဝရဘုရားသည်၊ ဟောရပ်အရပ်၌ ငါတို့အား မိန့်တော်မူသည်ကား၊ သင်တို့သည် ကာလအချိန်စေ့အောင် ဤတောင်၌နေကြပြီ။