Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တော​လည် 1:50

Judson Bible

လေ​ဝိ​သား​တို့​အား သက်​သေ​ခံ​ချက်​တဲ​တော်​ကို​လည်း​ကောင်း၊ တဲ​တော်​တန်​ဆာ ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ တဲ​တော်​နှင့်​ဆိုင်​သ​မျှ​တို့​ကို​လည်း​ကောင်း​အပ်၍၊ သူ​တို့​သည် တဲ​တော်​နှင့် တဲ​တော်​တန်​ဆာ​အ​လုံး​စုံ​ကို ဆောင်​ရွက်​ရ​ကြ​မည်။ တဲ​တော်​မှု​ကို​လည်း ထမ်း​ရ​ကြ​မည်။ တပ်​ချ​သော​အ​ခါ တဲ​တော်​ပတ်​လည်၌ မိ​မိ​တို့​နေ​ရာ​ချ​ရ​ကြ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

30 ပူးပေါင်းရင်းမြစ်များ  

တစ်​ဖန် ရှင်​ဘု​ရင်​သည် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​ယော​ယ​ဒ​ကို​ခေါ်၍၊ သက်​သေ​ခံ​တော်​မူ​ချက် တဲ​တော်​အ​ဖို့၊ ထာ​ဝ​ရ​ဘု​ရား၏​ကျွန်​မော​ရှေ​နှင့် စည်း​ဝေး​ရာ ဣ​သ​ရေ​လ ပ​ရိသတ်​ပြု​သည်​နည်း​တူ၊ လေ​ဝိ​သား​တို့​သည် ယေ​ရု​ရှ​လင်​မြို့​မှ​စ၍ ယု​ဒ​ပြည်​အ​ရပ်​ရပ်​တို့​မှ ငွေ​ကို​ခံ​ယူ၍ ဆောင်​ခဲ့​မည်​အ​ကြောင်း၊ အ​ဘယ်​ကြောင့် မ​မှာ​ထား​ဘဲ​နေ​သ​နည်း​ဟု မေး​တော်​မူ၏။

ဧ​လျာ​ရှိပ်၊ ယော​ယ​ဒ၊ ယော​ဟ​နန်၊ ယာ​ဒွါ​တို့ လက်​ထက်၌ လေ​ဝိ​သား အ​ဆွေ​အ​မျိုး သူ​ကြီး​တို့​ကို​လည်း​ကောင်း၊ ပေ​ရ​လိ​မင်း ဒါ​ရိ​လက်​ထက်​တိုင်​အောင် ယဇ်​ပု​ရော​ဟိတ် တို့​ကို​လည်း​ကောင်း၊ မှတ်​သား​သော​စာ​ရင်း ရှိ၏။

ဇေ​ရု​ဗ​ဗေ​လ​နှင့် နေ​ဟ​မိ​လက်​ထက်၌​လည်း၊ ဣ​သ​ရေ​လ​လူ အ​ပေါင်း​တို့​သည် နေ့​ရက်​အ​စဉ်​အ​တိုင်း သီ​ချင်း​သည်၊ တံ​ခါး​စောင့်​ခံ​အပ်​သော စား​စ​ရာ​ရိ​က္ခာ​ကို​လည်း​ကောင်း၊ လေ​ဝိ​သား​တို့​အား သန့်​ရှင်း​သော အ​ရာ​တို့​ကို​လည်း​ကောင်း လှူ​ကြ၏။ လေ​ဝိ​သား​တို့​သည်​လည်း ယဇ်​ပု​ရော​ဟိတ်​တို့​အား လှူ​ကြ၏။

လေ​ဝိ​သား​မူ​ကား ယော​ရှု၊ ဗိ​နွိ၊ ကပ်​မျေ​လ၊ ရှေ​ရ​ဘိ၊ ယု​ဒ၊ ကျေး​ဇူး​တော် ချီး​မွမ်း​ခြင်း​အ​မှု​ကို ညီ​အစ်​ကို​တို့​နှင့်​အ​တူ အုပ်​သော မဿ​နိ​တည်း။

လေ​ဝိ​သား​တို့​သည်​လည်း၊ ဥ​ပုသ်​နေ့​ကို သန့်​ရှင်း​စေ​ခြင်း​ငှာ၊ စင်​ကြယ်​သော​ကိုယ်​နှင့် လာ၍ တံ​ခါး​တို့​ကို စောင့်​ရ​မည်​အ​ကြောင်း ငါ​မှာ​ထား၏။ အို အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင်၊ ထို​အ​မှု​ကြောင့် အ​ကျွန်ုပ်​ကို အောက်​မေ့​တော်​မူ​ပါ။ က​ရု​ဏာ​တော် များ​ပြား​သည်​အ​တိုင်း အ​ကျွန်ုပ်​ကို ကယ်​မ​သ​နား​တော်​မူ​ပါ။

ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ နံ့​သာ​ပေါင်း၊ တန်​ဆာ​မျိုး​ကို​လည်း​ကောင်း၊ ပ​ညတ်​တော်​အ​တိုင်း လေ​ဝိ​သား၊ သီ​ချင်း​သည်၊ တံ​ခါး​စောင့်​တို့​အား ပေး​ရ​သော ဆန်​စ​ပါး၊ စ​ပျစ်​ရည်၊ ဆီ​ဆယ်​ဖို့​တစ်​ဖို့​ကို​လည်း​ကောင်း၊ ယဇ်​ပု​ရော​ဟိတ်​တို့​အား လှူ​ရ​သော အ​လှူ​တို့​ကို​လည်း​ကောင်း၊ သို​ထား​မြဲ​ရှိ​သော အ​ခန်း​ကြီး​ကို တော​ဘိ​အ​ဖို့ ပြင်​ဆင်၏။

အ​မျိုး​အ​နွယ်​တို့​သည် ထို​မြို့​သို့​တက်​ကြ၏။ ဣ​သ​ရေ​လ​အ​မျိုး​ထုံး​စံ​ရှိ​သည်​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား၏ အ​မျိုး​အ​နွယ်​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို ချီး​မွမ်း​ခြင်း​ငှာ တက်​သွား​ကြ၏။

ထို​သို့ ဘု​ရား​သ​ခင်​သည် သိ​နာ​တောင်​ပေါ်​မှာ မော​ရှေ​နှင့် နှုတ်​ဆက်​တော်​မူ​သည်​အ​ဆုံး၌၊ လက်​ညှိုး​တော်​နှင့် အ​က္ခ​ရာ​တင်​သော သက်​သေ​ခံ​ချက်၊ ကျောက်​ပြား​နှစ်​ပြား​ကို ပေး​တော်​မူ၏။

ဤ​ရွေ့​ကား၊ မော​ရှေ​စီ​ရင်​သည်​အ​တိုင်း၊ ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်၏​သား ဣ​သ​မာ​သည်၊ လေ​ဝိ​လူ​များ အ​မှု​တော်​ဆောင်​စ​ရာ​တဲ​တော်​ကို ရေ​တွက်​မှတ်​သား​သော သက်​သေ​ခံ​ချက် တဲ​တော်​စာ​ရင်း​ပေ​တည်း။

ဣ​သ​ရေ​လ​အ​မျိုး​သား​စည်း​ဝေး​ရာ၊ ပ​ရိ​သတ်​အ​ပေါ်​မှာ အ​မျက်​တော်​မ​သက်​ရောက်​စေ​ခြင်း​ငှာ၊ လေ​ဝိ​သား​တို့​သည် သက်​သေ​ခံ​ချက် တဲ​တော်​ပတ်​လည်၌ နေ​ရာ​ချ၍ သက်​သေ​ခံ​ချက်​တဲ​တော်​ကို စောင့်​ရှောက်​ရ​မည်​ဟု၊

ကော​ဟတ်​သား​တို့​သည် သန့်​ရှင်း​ရာ​ဌာ​န​တန်​ဆာ​တို့​ကို ထမ်း​လျက် ချီ​သွား​ကြ၏။ သူ​တို့​မ​ရောက်​မီ အ​ရင်​သွား​သော​သူ​တို့​သည် တဲ​တော်​ကို ထူ​ထောင်​ရ​ကြ၏။

မော​ရှေ​သည် ထို​လှံ​တံ​တို့​ကို သက်​သေ​ခံ​ချက် တဲ​တော်​အ​တွင်း၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ တင်​ထား​လေ၏။

နောက်​တစ်​ဖန်​အ​မျက်​တော်​ထွက်၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ပေါ်​သို့ မ​ရောက်​မည်​အ​ကြောင်း၊ သင်​တို့​သည် သန့်​ရှင်း​ရာ​ဌာ​န​တော်​နှင့် ယဇ်​ပ​လ္လင်​ကို စောင့်​ရ​ကြ​မည်။

ထို​အ​ခါ၊ တပ်​မ​အ​လယ်၌ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​နှင့်​တ​ကွ လေ​ဝိ​တပ်​ချီ​ရ​မည်။ တပ်​ချ​သည်​အ​တိုင်း လူ​အ​သီး​အ​သီး​တို့​သည် မိ​မိ​နေ​ရာ၌ မိ​မိ​ဆိုင်​သော​အ​လံ​နှင့်​အ​တူ လိုက်​လျက်​ချီ​ရ​ကြ​မည်။

မိ​မိ​လက်​ကို​ဆန့်၍ ကျောက်​ကို​လှံ​တံ​နှင့် နှစ်​ကြိမ်​ရိုက်​သ​ဖြင့်၊ ရေ​သည် များ​စွာ​ထွက်၍၊ လူ​ပ​ရိ​သတ်​တို့​နှင့် တိ​ရ​စ္ဆာန်​တို့​သည် သောက်​ရ​ကြ၏။

ထို​သို့​တပ်​ချီ​ချိန်​ရောက်​သော​အ​ခါ အာ​ရုန်​နှင့်​သူ၏​သား​တို့​သည် သန့်​ရှင်း​ရာ​ဌာ​န​တော်​နှင့် သန့်​ရှင်း​သော​တန်​ဆာ​ရှိ​သ​မျှ​တို့​ကို ဖုံး​အုပ်​သော​နောက်၊ ကော​ဟတ်​သား​တို့​သည် ထမ်း​ခြင်း​ငှာ​ချဉ်း​ကပ်​ရ​ကြ​မည်။ သို့​ရာ​တွင် သူ​တို့​သည် သေ​ဘေး​နှင့်​လွတ်​မည်​အ​ကြောင်း သန့်​ရှင်း​သော​အ​ရာ​ကို​မ​ကိုင်​ရ၊ ဤ​ရွေ့​ကား ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်၌ ကော​ဟတ်​သား​များ ဆောင်​ရွက်​ရ​သော​အ​မှု​ပေ​တည်း။

သူ​တို့​သည်​လည်း ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်၌၊ ဣ​သ​ရေ​လ​အ​မျိုး​သား ဆောင်​ရွက်​ရ​သော​အ​မှု​ကို ဆောင်​ရွက်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သန့်​ရှင်း​ရာ​ဌာ​န​တော်​သို့ ချဉ်း​ကပ်​သော​အ​ခါ၊ ဘေး​ဒဏ်​နှင့်​လွတ်​မည်​အ​ကြောင်း၊ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​ထဲ​က လေ​ဝိ​သား​တို့​ကို အာ​ရုန်​နှင့်​သူ၏​သား​တို့​အား စွန့်​ကြဲ​ပေး​ကမ်း​သည်​ဟု၊

လေ​ဝိ​သား​အ​မှု၌၊ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း မော​ရှေ​နှင့်​အာ​ရုန်​အ​စ​ရှိ​သော ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် လေ​ဝိ​သား​တို့​ကို​ပြု​ကြ​လျှင်၊

ထို​နောက်​မှ လေ​ဝိ​သား​တို့​သည် အာ​ရုန်​နှင့် သူ၏​သား​တို့​ရှေ့၌ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​အ​မှု​ကို ဆောင်​ရွက်​ခြင်း​ငှာ ဝင်​ကြ၏။ လေ​ဝိ​သား​တို့​အ​မှု၌ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း လူ​အ​ပေါင်း​တို့​သည် ပြု​ကြ၏။

ထို​နောက် ငါ​ကြည့်​လျှင်၊ ကောင်း​ကင်​ဘုံ၌ သက်​သေ​ခံ​တော်​မူ​ချက် ဌာ​ပ​နာ​ရာ တဲ​တော်​ရှိ​သော ဗိ​မာန်​တော်​ကို ဖွင့်​ထား​ပြီ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ