အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သောယောက်ျားပေါင်း ခုနစ်သောင်းလေးထောင်ခြောက်ရာ ရှိကြ၏။
ယွာဘသည်လည်း လူပေါင်းစာရင်းကို ရှင်ဘုရင်အားဆက်၍၊ ဣသရေလအမျိုး၌ ဓားကိုင်သူရဲ ရှစ်သိန်း၊ ယုဒအမျိုး၌ ငါးသိန်း ရှိကြ၏။
ယုဒအမျိုးသားတို့တွင် အဆွေအမျိုးအသီးအသီးလိုက်၍ နာမည်များကို စာရင်း၌မှတ်သားသည်အတိုင်း၊
ဣသခါအမျိုးသားတို့တွင် အဆွေအမျိုးအသီးအသီးကိုလိုက်၍ နာမည်များကို စာရင်း၌မှတ်သားသည်အတိုင်း၊
ဤသူတို့သည်ယုဒအဆွေအမျိုးဖြစ်၍၊ စာရင်းဝင်သောလူပေါင်းကား၊ ခုနစ်သောင်းခြောက်ထောင်ငါးရာ ရှိသတည်း။