Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တော​လည် 1:26

Judson Bible

ယု​ဒ​အ​မျိုး​သား​တို့​တွင် အ​ဆွေ​အ​မျိုး​အ​သီး​အ​သီး​လိုက်၍ နာ​မည်​များ​ကို စာ​ရင်း၌​မှတ်​သား​သည်​အ​တိုင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

တစ်​ဖန်​ပ​ဋိ​သ​န္ဓေ​ယူ​ပြန်၍ သား​ကို​ဖွား​မြင်​သော်၊ ထာ​ဝ​ရ​ဘု​ရား​ကို ယ​ခု​ငါ​ချီး​မွမ်း​မည်​ဟု ဆို​သည်​ဖြစ်၍၊ ထို​သား​ကို ယု​ဒ​အ​မည်​ဖြင့် မှည့်​လေ၏။ ထို​နောက်၊ သား​ပြတ်၍​မ​ဖွား​ဘဲ​နေ၏။

ယု​ဒ​သား။ ဧ​ရ၊ ဩ​နန်၊ ရှေ​လ၊ ဖာ​ရက်၊ ဇာ​ရ။ ထို​သူ​တို့​တွင် ဧ​ရ​နှင့် ဩ​နန်​သည် ခါ​နာန်​ပြည်၌​သေ​သ​တည်း။ ဖာ​ရက်​သား၊ ဟေ​ဇ​ရုံ​နှင့် ဟာ​မု​လ။

ယွာ​ဘ​သည်​လည်း လူ​ပေါင်း​စာ​ရင်း​ကို ရှင်​ဘု​ရင်​အား​ဆက်၍၊ ဣ​သ​ရေ​လ​အ​မျိုး၌ ဓား​ကိုင်​သူ​ရဲ ရှစ်​သိန်း၊ ယု​ဒ​အ​မျိုး၌ ငါး​သိန်း ရှိ​ကြ၏။

ယု​ဒ​သည်​လည်း ညီ​အစ်​ကို​တို့​တွင်​လွန်​ကဲ၍ သူ၏​အ​မျိုး​ထဲ​က မင်း​ဖြစ်​တတ်​သော်​လည်း၊ သား​ဦး​အ​ရာ​ကို​မ​ရ၊ ယော​သပ်​ရ၏။

ယု​ဒ​အ​မျိုး​ကို​လည်း​ကောင်း၊ ချစ်​တော်​မူ​သော ဇိ​အုန်​တောင်​ကို​လည်း​ကောင်း ရွေး​တော်​မူ၏။

အ​သက်​နှစ်​ဆယ်​လွန်၍ စစ်​တိုက်​နိုင်​သော​ယောက်ျား​ပေါင်း လေး​သောင်း​ငါး​ထောင်​ခြောက်​ရာ​ငါး​ဆယ်​ရှိ​ကြ၏။

အ​သက်​နှစ်​ဆယ်​လွန်၍ စစ်​တိုက်​နိုင်​သော​ယောက်ျား​ပေါင်း ခု​နစ်​သောင်း​လေး​ထောင်​ခြောက်​ရာ ရှိ​ကြ၏။

အာ​ဗြ​ဟံ​သား ဣ​ဇာက်။ ဣ​ဇာက်​သား ယာ​ကုပ်။ ယာ​ကုပ်​သား ယု​ဒ​မှ​စ၍ ညီ​နောင်​တစ်​စု။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ