Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တိ​တု 3:10

Judson Bible

သင်း​ခွဲ​သော​သူ​ကို နှစ်​ကြိမ်​မြောက်​အောင်​ဆုံး​မ​ပြီး​မှ ပယ်​ရှား​နှင်​ထုတ်​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ညီ​အစ်​ကို​တို့၊ သင်​တို့​ခံ​ရ​ပြီး​သော ဆုံး​မ​ဩ​ဝါ​ဒ​နှင့် ဆန့်​ကျင်​ဘက်​ဖြစ်​သော သင်း​ခွဲ​ခြင်း၊ မှား​ယွင်း​ခြင်း အ​ကြောင်း​ကို ပြု​တတ်​သော သူ​တို့​ကို​မှတ်၍ ရှောင်​ကြ​လော့​ဟု ငါ​သ​တိ​ပေး၏။-

ကြား​ရ​သည်​အ​တိုင်း မှန်​ကောင်း​မှန်​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သင်​တို့​တွင် ကောင်း​မွန်​သော သူ​တို့​ကို ထင်​ရှား​စိမ့်​သော​ငှာ သင်း​ခွဲ​ခြင်း​ရှိ​ရ​မည်။-

တစ်​ဖန် ငါ​ရောက်​လာ​လျှင် သင်​တို့​ကို​မ​သ​နား​ရ​ဟု ပြစ်​မှား​သော​သူ​မှ​စ၍ ကြွင်း​သော​သူ​အ​ပေါင်း​တို့​အား အ​ထက်​က ငါ​ပြော​သည်​သာ​မ​က၊ ယ​ခု​ပင်​သင်​တို့​နှင့်​အ​တူ မ​ရှိ​သော်​လည်း၊ တစ်​ဖန် ရှိ​ဘိ​သ​ကဲ့​သို့ ငါ​ပြော​နှင့်၏။-

သင်​တို့​ကို မှောက်​မှား​စေ​သော​သူ​တို့​ကို ပယ်​ရှား​နှင်​ထုတ်​စေ​ခြင်း​ငှာ ငါ​အ​လို​ရှိ၏။

ရုပ်​တု​ကို​ကိုး​ကွယ်​ခြင်း၊ သူ​တစ်​ပါး​ကို​ပြု​စား​ခြင်း၊ ရန်​ငြိုး​ဖွဲ့​ခြင်း၊ ရန်​တွေ့​ခြင်း၊ ဂုဏ်​ပြိုင်​ခြင်း၊ အ​မျက်​ထွက်​ခြင်း၊ ငြင်း​ခုန်​ခြင်း၊ အ​ချင်း​ချင်း​ကွဲ​ပြား​ခြင်း၊ သင်း​ခွဲ​ခြင်း၊-

ဤ​စာ၌ ငါ​တို့​ရေး​ထား​သော ပ​ညတ်​စ​ကား​ကို တစ်​စုံ​တစ်​ယောက်​သော​သူ​သည် နား​မ​ထောင်​ဘဲ​နေ​လျှင်၊ ထို​သူ​ကို မှတ်​ကြ​လော့။ ရှက်​ကြောက်​စေ​ခြင်း​ငှာ၊ အ​ပေါင်း​အ​ဖော် မ​လုပ်​ကြ​နှင့်။-

တစ်​နည်း​ကား၊ ညီ​အစ်​ကို​တို့၊ ငါ​တို့​ထံ၌​ခံ​သော နည်း​ဥ​ပ​ဒေ​သ​အ​တိုင်း မ​ကျင့်​ဘဲ၊ မ​တ​ရား​စွာ​ပြု​သော ညီ​အစ်​ကို​ရှိ​သ​မျှ​တို့​ကို ရှောင်​ကြ​လော့​ဟု ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၏ နာ​မ​တော်​အား​ဖြင့် ငါ​တို့​သည် ပ​ညတ်​ထား​ကြ၏။-

မွေ့​လျော်​ခြင်း​တန်​ခိုး​ကို ငြင်း​ပယ်​သော​သူ ဖြစ်​ကြ​လိမ့်​မည်။ ထို​သူ​တို့​ကို ရှောင်​လော့။-

သို့​သော်​လည်း၊ ယု​ဒ​လူ​တို့​တွင် မိ​စ္ဆာ​ပ​ရော​ဖက်​ရှိ​ကြ၏။ ထို​နည်း​တူ ဖျက်​ဆီး​တတ်​သော မိ​စ္ဆာ​ဒိ​ဋ္ဌိ​အ​ယူ​များ​ကို ပ​ရိ​ယာယ်​အား​ဖြင့် သွင်း၍၊ မိ​မိ​တို့​ကို ဝယ်​တော်​မူ​သော အ​ရှင်​ကို​ငြင်း​ပယ်​လျက်၊ မိ​မိ​အ​ပေါ်​သို့ လျင်​စွာ​သော​ဖျက်​ဆီး​ခြင်း​ကို ရောက်​စေ​သော မိ​စ္ဆာ​ဆ​ရာ​တို့​သည် သင်​တို့​တွင် ရှိ​ကြ​လိမ့်​မည်။-

ထို​ဒေ​သ​နာ​တော် မ​ပါ​သော​သူ​သည် သင်​တို့​ထံ​သို့​လာ​လျှင်၊ သူ့​ကို သင့်​အိမ်၌ လက်​မ​ခံ​နှင့်။ မင်္ဂ​လာ​ရှိ​စေ​သော​ဟု နှုတ်​မ​ဆက်​နှင့်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ