တိတု 1:11Judson Bibleထိုသူတို့၏နှုတ်ကို ပိတ်ရမည်။ သူတို့သည် မစင်ကြယ်သော စီးပွားကိုတပ်မက်လျက်၊ မပေးအပ်သော ဩဝါဒကိုပေး၍၊ တစ်အိမ်ထောင်လုံးကို မှောက်လှန်တတ်ကြ၏။- အခန်းကိုကြည့်ပါ။ |
ထိုအကြောင်းကြောင့်၊ သူတို့မယားများကို သူတစ်ပါးတို့၌ငါအပ်မည်။ သူတို့လယ်ယာများကို သူတစ်ပါးတို့အား အပိုင်ပေးမည်။ အငယ်ဆုံးသောသူမှစ၍ အကြီးဆုံးသောသူအပေါင်းတို့သည် မတရားသောစီးပွားကို ရှာကြ၏။ ပရောဖက်မှစ၍ ယဇ်ပုရောဟိတ် ရှိသမျှတို့သည် မုသားကိုသုံးကြ၏။
မုယောဆန် တစ်လက်ဆွန်းနှင့် မုန့်တစ်ဖဲ့ကိုရအံ့သောငှာ၊ ငါ၏လူတို့တွင် ငါ့ကိုရှုတ်ချကြလိမ့်မည်လော။ မုသားစကားကို နားထောင်တတ်သော ငါ၏လူတို့အား မုသားစကားကို ပြောသောအားဖြင့်၊ မသေအပ်သော သူတို့၏အသက်ကိုသတ်၍၊ မရှင်အပ်သောသူတို့ကို အသက်ချမ်းသာပေးကြလိမ့်မည်လော။
မင်းတို့သည် လက်ဆောင်ကို ရခြင်းငှာသာ တရားမှုကို စီရင်တတ်ကြ၏။ ယဇ်ပုရောဟိတ်တို့သည် အခကိုရခြင်းငှာသာ သင်ပေးတတ်ကြ၏။ ပရောဖက်တို့သည် ငွေကိုရခြင်းငှာသာ အနာဂတ်ကို ဟောတတ်ကြ၏။ သို့သော်လည်း၊ ထာဝရဘုရားကိုခိုလှုံလျက်၊ ထာဝရဘုရားသည် ငါတို့တွင် ရှိတော်မူသည် မဟုတ်လော၊ ဘေးဥပဒ်မရောက်နိုင်ဟု ဆိုတတ်ကြသည်တကား။