Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဇေဖနိ 3:3

Judson Bible

မြို့​အ​လယ်၌ မင်း​များ​တို့​သည် ဟောက်​သော​ခြင်္သေ့​ဖြစ်​ကြ၏။ တ​ရား​သူ​ကြီး​တို့​သည် နံ​နက်​တိုင်​အောင် အ​ဘယ်​အ​ရာ​ကို​မျှ မ​ချန်​မ​ထား၊ ည၌ လှည့်​လည်​တတ်​သော တော​ခွေး​ဖြစ်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ဆင်း​ရဲ​သား​တို့​ကို​အုပ်​စိုး​သော အ​ဓ​မ္မ​မင်း​သည် ဟောက်​သော​ခြင်္သေ့၊ လှည့်​လည်​သော​ဝံ​နှင့် တူ၏။

သင်​၏​မင်း​တို့​သည် ပုန်​ကန်​ကြ​ပြီ။ သူ​ခိုး​လက်​ခံ​ဖြစ်​ကြ​ပြီ။ ထို​မင်း​အ​ပေါင်း​တို့​သည် လက်​ဆောင်​ကို အ​လို​ရှိ​ကြ​၏။ တံ​စိုး​ကို​စား​ကြ​၏။ မိ​ဘ​မ​ရှိ​သော​သူ​တို့​အ​ဖို့ တ​ရား​မ​စီ​ရင်​ကြ။ မု​ဆိုး​မ​အ​မှု​ကို နား​မ​ထောင်​ကြ။

သူ​တို့​အ​သံ​ဗ​လံ​သည် ခြင်္သေ့​ဟောက်​သံ​နှင့်​တူ၍၊ ခြင်္သေ့​ပျို​ကဲ့​သို့ ဟောက်​ကြ​လိမ့်​မည်။ ဟောက်​လျက် အ​ကောင်​ကို​ဖမ်း၍ ဆောင်​သွား​ကြ​လိမ့်​မည်။ အ​ဘယ်​သူ​မျှ မ​ကယ်​မ​နုတ်​ရ။

သင်၏​မျက်​စိ​နှင့် သင်၏​နှ​လုံး​မူ​ကား၊ လော​ဘ​လွန်​ကျူး​ခြင်း၊ အ​ပြစ်​မ​ရှိ​သော​သူ​ကို သတ်​ခြင်း၊ ညှဉ်း​ဆဲ​နှိပ်​စက်​ခြင်း​မှ​တစ်​ပါး၊ အ​ဘယ်​အ​မှု​ကို​မျှ မ​မှတ်​တတ်။

ပ​ရော​ဖက်​နှင့် ယဇ်​ပု​ရော​ဟိတ်​နှစ်​ပါး​တို့​သည် ဘု​ရား​ကို မ​ရို​မ​သေ​ပြု​ကြ​ပြီ။ ငါ့​အိမ်၌​ပင် သူ​တို့​ပြု​သော အ​ဓ​မ္မ​အ​မှု​ကို ငါ​တွေ့​ပြီ​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။

ယု​ဒ​မင်း၊ ယေ​ရု​ရှ​လင်​မင်း၊ မှူး​မတ်၊ ယဇ်​ပု​ရော​ဟိတ်​အ​စ​ရှိ​သော၊ နွား​သ​ငယ် ထက်​ခြမ်း​အ​လယ်​သို့ လျှောက်​သွား​သော ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​ကို၊

ထို​ကြောင့်၊ တော​မှ​လာ​သော ခြင်္သေ့​သည် သူ​တို့​ကို​သတ်​လိမ့်​မည်။ ညဉ့်​ဦး​ယံ၌ လည်​တတ်​သော တော​ခွေး​သည် သူ​တို့​ကို ကိုက်​စား​လိမ့်​မည်။ ကျား​သစ်​သည် သူ​တို့​မြို့​ကို​စောင့်၍၊ မြို့​ပြင်​သို့ ထွက်​သွား​သော​သူ အ​ပေါင်း​တို့​ကို အ​ပိုင်း​ပိုင်း​ဖြတ်​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သူ​တို့​ပြစ်​မှား​သော အ​ပြစ်​များ၍၊ အ​ကြိမ်​ကြိမ် အ​ထပ်​ထပ် ဖောက်​ပြန်​ကြ​ပြီ။

ဣ​သ​ရေ​လ​မင်း​သား​တို့​သည် အ​သီး​အ​သီး အ​ခွင့်​တန်​ခိုး​ရှိ​သည်​အ​တိုင်း၊ သင့်​အ​လယ်၌ လူ​အ​သက်​ကို သတ်​တတ်​ကြ၏။

ဓား​ကို ခို​လှုံ​လျက်၊ စက်​ဆုပ်​ဖွယ်​သော​အ​မှု​ကို ပြု​လျက်၊ အိမ်​နီး​ချင်း​မ​ယား​ကို ပြစ်​မှား​လျက်​နှင့်​ပင်၊ ဤ​ပြည်​ကို ပိုင်​ရ​ကြ​မည်​လော။

သူ​တို့၏​မြင်း​သည် ကျား​သစ်​ထက်​လျင်​မြန်၏။ ည၌ လည်​သော​တော​ခွေး​ထက် ကြမ်း​တမ်း၏။ မြင်း​စီး​သူ​ရဲ​တို့​သည် အ​ဝေး​က​လာ၍ ခုန်​ကြ​လိမ့်​မည်။ အ​ကောင်​ကို ကိုက်​စား​ခြင်း​ငှာ လျင်​မြန်​သော ရွှေ​လင်း​တ​ကဲ့​သို့ ပျံ​လာ​ကြ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ