Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဇေဖနိ 1:2

Judson Bible

ပြည်​တစ်​ပြည်​လုံး၌ ရှိ​လေ​သ​မျှ​တို့​ကို အ​ကုန်​အ​စင် ငါ​သုတ်​သင်​ပယ်​ရှင်း​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ငါ​ဖန်​ဆင်း​သော​လူ​ကို​လည်း​ကောင်း၊ လူ​မှ​စ၍ သား​များ၊ တွား​တတ်​သော တိ​ရ​စ္ဆာန်​များ၊ မိုး​ကောင်း​ကင်​ငှက်​များ​တို့​ကို​လည်​ကောင်း မြေ​ကြီး​မျက်​နှာ​မှ ငါ​သုတ်​သင်​ပယ်​ရှင်း​မည်။ သူ​တို့​ကို ဖန်​ဆင်း​သော​ကြောင့် ငါ​နောင်​တ​ရ​သည်​ဟု မိန့်​တော်​မူ​၏။

ယု​ဒ​လူ​တို့​သည် ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို စွန့်​သော​ကြောင့်၊ များ​ပြား​သော​အ​လုံး​အ​ရင်း ဖြစ်​သော်​လည်း၊ နည်း​သော​ရှု​ရိ​တပ်​အ​လုံး​အ​ရင်း​လက်​သို့ ထာ​ဝ​ရ​ဘု​ရား အပ်​တော်​မူ၍၊ ရှု​ရိ​လူ​တို့​သည် ယော​ရှ​ကို​တ​ရား​စီ​ရင်​ကြ၏။

ထို​သို့ ဣ​သ​ရေ​လ​မြေ​သည် ဥ​ပုသ်​နေ့​တို့​ကို မွေ့​လျော်​စေ​ခြင်း​ငှာ၊ ယေ​ရ​မိ​ဆင့်​ဆို​သော ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​သည် ပြည့်​စုံ​ရ၏။ ထို​ပြည်​သည် လူ​ဆိတ်​ညံ​လျက်​နေ​သော ကာ​လ၊ အ​နှစ်​ခု​နစ်​ဆယ်​စေ့​အောင် ဥ​ပုသ်​နေ့​တို့​ကို စောင့်​သော​အ​ခွင့် ရှိ​သ​တည်း။ ရာ​ဇ​ဝင်​ချုပ်​ဒု​တိ​ယ​စောင်​ပြီး၏။

အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး ကြာ​ပါ​လိမ့်​မည်​နည်း​ဟု ငါ​မေး​လျှောက်​ပြန်​လျှင်၊ မြို့​တို့​သည် မြို့​သား​မ​ရှိ၊ အိမ်​တို့​သည် အိမ်​သား​မ​ရှိ​အောင် ဖျက်​ဆီး​ခြင်း​သို့​ရောက်​သ​ဖြင့်၊ တစ်​ပြည်​လုံး​သည် လူ​ဆိတ်​ညံ​ရာ​သက်​သက် ဖြစ်​သည်​တိုင်​အောင်​လည်း​ကောင်း၊

ငါ​သည် အ​မိန့်​တော်​ပေး၍ သူ​တို့​ကို ဤ​မြို့​သို့ ပြန်​လာ​စေ​မည်။ သူ​တို့​သည် တိုက်​ယူ၍ မီး​ရှို့​ကြ​လိမ့်​မည်။ ငါ​သည်​လည်း၊ ယု​ဒ​မြို့​ရွာ​တို့​ကို လူ​တို့​ဆိတ်​ညံ​ရာ​အ​ရပ်​ဖြစ်​စေ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

သင်​သည် ယု​ဒ​ရှင်​ဘု​ရင် ယော​ယ​ကိမ်​အား​ပြော​ဆို​ရ​မည်​မှာ၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​သည် ဆက်​ဆက်​လာ၍ ဤ​ပြည်​ကို ဖျက်​ဆီး​လိမ့်​မည်။ လူ​နှင့်​တိ​ရ​စ္ဆာန်​အ​ပေါင်း​တို့​ကို သုတ်​သင်​ပယ်​ရှင်း​လိမ့်​မည်​ဟူ​သော​စ​ကား​ကို အ​ဘယ်​ကြောင့် ရေး​ထား​သ​နည်း​ဟု သင်​သည်​ဆို၍ စာ​လိပ်​ကို​မီး​ရှို့​ပြီ။

သို့​ဖြစ်၍၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဤ​အ​ရပ်၌​ရှိ​သော​လူ၊ တိ​ရ​စ္ဆာန်၊ သစ်​ပင်၊ မြေ​အ​သီး​အ​နှံ​အ​ပေါ်​မှာ ငါ​သည် ဒေါ​သ​အ​မျက်​မီး​ကို သွန်း​လောင်း၍၊ ထို​မီး​သည် မ​ငြိမ်း​ဘဲ​လောင်​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​သည် ကြံ​စည်​သော​အ​မှု​ကို ပြု​တော်​မူ​ပြီ။ ရှေး​ကာ​လ၌ မိန့်​တော်​မူ​သော စ​ကား​တော်​ကို ပြည့်​စုံ​စေ​တော်​မူ​ပြီ။ မ​နှ​မြော​ဘဲ ဖြို​ဖျက်​တော်​မူ​ပြီ။ ရန်​သူ​သည် သင်၏​အ​ပေါ်​မှာ ဝမ်း​မြောက်​ရ​သော​အ​ခွင့်​ကို ပေး၍၊ ရန်​သူ၏​ဦး​ချို​ကို ချီး​မြှင့်​တော်​မူ​ပြီ။

ထို​သို့ မ​ဖြစ်​မီ ပြည်​သူ​ပြည်​သား​ပြု​မိ​သော ဒု​စ​ရိုက်​အ​ပြစ်​ကြောင့် ပြည်​တော်​သည် လူ​ဆိတ်​ညံ​လျက် ရှိ​ရ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ