Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဇေဖနိ 1:11

Judson Bible

မ​တ္တေ​ရှ​အ​ရပ်​သား​တို့၊ ငို​ကြွေး​မြည်​တမ်း​ကြ​လော့။ ကုန်​သည်​အ​ပေါင်း​တို့​သည် ပြတ်​ကြ​ပြီ။ ငွေ​ကို​ဆောင်​သော​သူ အ​ပေါင်း​တို့​သည် ဆုံး​ကြ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

သူ​သည်​ငွေ​ကို မြေ​မှုန့်​ကဲ့​သို့​ပုံ၍၊ အ​ဝတ်​တန်​ဆာ​ကို ရွှံ့​ကဲ့​သို့ ပြင်​ဆင်​သော်​လည်း၊

ထို​အ​ဝတ်​တန်​ဆာ​ကို ဖြောင့်​မတ်​သော​သူ​သည် ဝတ်​ဆင်​လိမ့်​မည်။ ထို​ငွေ​ကို အ​ပြစ်​ကင်း​သော​သူ​သည် ဝေ​ငှ​လိမ့်​မည်။

အို သိုး​ထိန်း​တို့၊ ငို​ကြွေး အော်​ဟစ်​ကြ​လော့။ အို သိုး​ကြီး​သိုး​မြတ်​တို့၊ ပြာ၌​လူး​လည်း​လျက် နေ​ကြ​လော့။ သင်​တို့​ကို သတ်​ရ​သော​အ​ချိန် ရောက်​လေ​ပြီ။ အ​ရပ်​ရပ်​သို့ ငါ​မောင်း​သ​ဖြင့်၊ သင်​တို့​သည် အ​ဖိုး​ထိုက်​သော တန်​ဆာ​ကျ​သ​ကဲ့​သို့ ဖြစ်​ရ​ကြ​လိမ့်​မည်။

ထို​အ​ကြောင်း​ကြောင့် လျှော်​တေ​အ​ဝတ်​ကို ဝတ်​စည်း​လျက်၊ ငို​ကြွေး​မြည်​တမ်း၍ အော်​ဟစ်​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား၏ ပြင်း​စွာ​သော အ​မျက်​တော်​သည် ငါ​တို့​မှ​လွှဲ​ရှောင်၍​မ​သွား​သေး။

အ​ချင်း​လူ​သား၊ ငို​ကြွေး​အော်​ဟစ်​လော့။ အ​ကြောင်း​မူ​ကား၊ ငါ၏​လူ​တို့၌ ရောက်​လိမ့်​မည်။ ဣ​သ​ရေ​လ​မင်း​သား အ​ပေါင်း​တို့၌​လည်း ရောက်​လိမ့်​မည်။ သူ​တို့​နှင့်​တ​ကွ ငါ၏​လူ​တို့​ကို ဓား၌​အပ်​လေ၏။ ထို​ကြောင့်၊ သင်၏​ပေါင်​ကို ရိုက်​လော့။

ပျက်​စီး​ရာ​ထဲ​က သူ​တို့​သည် ထွက်​သွား​ကြ​ပြီ။ အဲ​ဂု​တ္တု​ပြည်၌​စု၍ မင်​ဖိ​မြို့၌ သင်္ဂြိုဟ်​ကြ​လိမ့်​မည်။ ငွေ​တန်​ဆာ​ဆင်​သော နေ​ရာ​ဘုံ​ဗိ​မာန်​များ​ကို ဆူး​အ​မျိုး​မျိုး​တို့​သည် လွှမ်း​မိုး​ကြ​လိမ့်​မည်။

အို ယဇ်​ပု​ရော​ဟိတ်​တို့၊ လျှော်​တေ​အ​ဝတ်​ကို ဝတ်၍ ငို​ကြွေး​ကြ​လော့။ ယဇ်​ပ​လ္လင်​တော် အ​မှု​စောင့်​တို့၊ မြည်​တမ်း​ကြ​လော့။ ငါ၏ ဘု​ရား​သ​ခင့်​အ​မှု​တော်​စောင့်​တို့၊ လာ​ကြ။ လျှော်​တေ​အ​ဝတ်​ကို ဝတ်​လျက် တစ်​ည​လုံး​အိပ်​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​ကို သင်​တို့​ဘု​ရား​သ​ခင်၏ အိမ်​တော်၌ မ​ဆက်​ကပ်​ဘဲ နေ​ကြ​ပါ​ပြီ​တ​ကား။

သေ​သောက်​ကြူး​တို့၊ နိုး၍ ငို​ကြွေး​ကြ​လော့။ စ​ပျစ်​ရည်​ကို သောက်​ကြူး​သော​သူ​တို့၊ သင်​တို့​သောက်​ရန် ချို​သော​စ​ပျစ်​ရည် ပြတ်​သော​ကြောင့် ငို​ကြွေး​မြည်​တမ်း​ကြ​လော့။

အို ပင်​လယ်​ကမ်း​နား​မှာ နေ​သော ခေ​ရ​သိ​အ​မျိုး​သား​တို့၊ သင်​တို့ တစ်​ဖက်၌ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​ရှိ၏။ အို ဖိ​လိ​တ္တိ​လူ​နေ​ရာ ခါ​နာန်​ပြည်၊ သင်၌ အ​ဘယ်​သူ​မျှ မ​နေ​စေ​ခြင်း​ငှာ ငါ​သုတ်​သင်​မည်။

ထို​မျှ​မ​က၊ ယေ​ရု​ရှ​လင်​မြို့​မှ​စ၍ ယု​ဒ​ပြည်၌ ရှိ​သ​မျှ​သော​အိုး​တို့​သည် ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​အား သန့်​ရှင်း​ကြ​လိမ့်​မည်။ ယဇ်​ပူ​ဇော်​သော​သူ​အ​ပေါင်း​တို့​သည် လာ၍၊ ထို​အိုး​တို့​ကို ယူ​ပြီး​လျှင် ချက်​ပြုတ်​ကြ​လိမ့်​မည်။ ထို​နေ့​မှ​စ၍ နောက်​တစ်​ဖန် ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်၌ ခါ​န​နိ​လူ​မ​ရှိ​ရ။ ပ​ရော​ဖက်​ဇာ​ခ​ရိ စီ​ရင်​ရေး​ထား​သော အ​နာ​ဂ​တ္တိ​ကျမ်း​ပြီး၏။

ချိုး​ငှက်​ရောင်း​သော သူ​တို့​အား​လည်း၊ ဤ​ဥ​စ္စာ​ကို ယူ​သွား​ကြ။ ငါ့​အ​ဘ၏​အိမ်​တော်​ကို ပွဲ​တဲ​မ​လုပ်​ကြ​နှင့်​ဟု မိန့်​တော်​မူ၏။-

အ​ချင်း​သူ​ဌေး၊ သူ​ကြွယ်​တို့၊ ယ​ခု​လာ​ကြ၊ သင်​တို့​အ​ပေါ်၌ ရောက်​လ​တ္တံ့​သော ဆင်း​ရဲ​ဒု​က္ခ​ဝေ​ဒ​နာ​ကြောင့် ငို​ကြွေး​အော်​ဟစ်​ကြ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ