ဇာခရိ 9:7Judson Bibleသူစားသောအသွေးကို သူ၏ပါးစပ်ထဲမှလည်းကောင်း၊ သူကိုက်သော ရွံရှာဖွယ်တို့ကို သူ၏သွားကြားမှလည်းကောင်း ငါနုတ်ပယ်မည်။ ကျန်ကြွင်းသောသူသည်လည်း ငါတို့ ဘုရားသခင်အဖို့ ကျန်ကြွင်း၍၊ ယုဒပြည်၌ မင်းကဲ့သို့ နေလိမ့်မည်။ ဧကြုန်မြို့သားလည်း ယေဗုသိလူကဲ့သို့ ဖြစ်လိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ယေရုရှလင်မြို့ကို ဖျက်ဆီးစေခြင်းငှာ ဘုရားသခင်သည် ကောင်းကင်တမန်ကို စေလွှတ်တော်မူသည်အတိုင်း၊ ကောင်းကင်တမန် ဖျက်ဆီးမည်ဟု အားထုတ်သောအခါ၊ ထာဝရဘုရားသည်ကြည့်ရှုလျက်၊ ထိုဘေးကြောင့် နောင်တရတော်မူ၍၊ တန်ပြီ။ သင့်လက်ကို ရုပ်သိမ်းလော့ဟု ဖျက်ဆီးသော ကောင်းကင်တမန်အား မိန့်တော်မူ၏။ ထိုအခါ ထာဝရဘုရား၏ ကောင်းကင်တမန်သည်၊ ယေဗုသိလူအရောန၏ ကောက်နယ်တလင်းအနားမှာရပ်နေ၏။
ထိုကာလ၌ ဘာသာအသီးအသီးကို ပြောတတ်သော လူအမျိုးမျိုးတို့တွင် တစ်ကျိပ်သော လူတို့သည် ယုဒလူဖြစ်သော သူ၏အဝတ်စွန်းကိုကိုင်လျက်၊ ဘုရားသခင်သည် သင်နှင့်အတူ ရှိတော်မူသည်ဟု အကျွန်ုပ်တို့သည် ကြားသိ၍၊ သင်တို့နှင့်အတူ လိုက်ပါမည်ဟု ဆိုကြလိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။