ဇာခရိ 9:6Judson Bibleအာဇုတ်မြို့၌ တစ်ကျွန်းတစ်နိုင်ငံသားတို့သည် နေကြလိမ့်မည်။ ဖိလိတ္တိအမျိုး၏မာနကိုလည်း ငါချိုးဖဲ့မည်။ အခန်းကိုကြည့်ပါ။ |
ယခုတွင် ငါနေဗုခဒ်နေဇာသည် ကောင်းကင်ဘုံ၏ အရှင်ဘုရားသခင်ကို ချီးမွမ်းထောပနာပြု၏။ စီရင်ဖန်ဆင်းတော်မူသမျှသော အရာတို့သည် သစ္စာနှင့်ပြည့်စုံ၍ တရားနှင့် ညီလျော်ကြ၏။ မာနထောင်လွှားသော သူတို့ကို နှိမ့်ချခြင်းငှာ တတ်နိုင်တော်မူ၏ဟု အမိန့်တော်ကို အရပ်ရပ်သို့ ပြန့်စေတော်မူ၏။
သူစားသောအသွေးကို သူ၏ပါးစပ်ထဲမှလည်းကောင်း၊ သူကိုက်သော ရွံရှာဖွယ်တို့ကို သူ၏သွားကြားမှလည်းကောင်း ငါနုတ်ပယ်မည်။ ကျန်ကြွင်းသောသူသည်လည်း ငါတို့ ဘုရားသခင်အဖို့ ကျန်ကြွင်း၍၊ ယုဒပြည်၌ မင်းကဲ့သို့ နေလိမ့်မည်။ ဧကြုန်မြို့သားလည်း ယေဗုသိလူကဲ့သို့ ဖြစ်လိမ့်မည်။
ထိုနည်းတူ၊ အသက်ပျိုသောသူတို့၊ အသက်ကြီးသော သူတို့၏ စကားကို နားထောင်ကြလော့။ ထိုမျှမက၊ အချင်းချင်း တစ်ယောက်အောက်တစ်ယောက် နှိမ့်ချလျက်နေ၍၊ နှိမ့်ချခြင်းတန်ဆာကို ဆင်ကြလော့။ အကြောင်းမူကား၊ ထောင်လွှားစော်ကားသော သူတို့ကို ဘုရားသခင် ဆီးတားတော်မူ၏။ စိတ်နှိမ့်ချသော သူတို့အား ကျေးဇူးပြုတော်မူ၏။-