Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဇာ​ခ​ရိ 8:9

Judson Bible

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဗိ​မာန်​တော်​ကို တည်​ဆောက်​ခြင်း​ငှာ၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​တိုက်​မြစ်​ကို ချ​သော​ကာ​လ၌​ရှိ​သော ပ​ရော​ဖက်​တို့ ဟော​ပြော​သော ဤ​စ​ကား​ကို ယ​ခု​ကာ​လ၌ ကြား​သော​သူ​တို့၊ သင်​တို့​လက်​ကို အား​ကြီး​စေ​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

ဣ​သ​ရေ​လ​အ​မျိုး၏​အ​မှု၌ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မှာ​ထား​တော်​မူ​သော စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​ကို စောင့်​ရှောက်​ခြင်း​ငှာ သ​တိ​ပြု​လျှင် အ​ကြံ​ထ​မြောက်​ရ​လိမ့်​မည်။ အား​ယူ၍ ရဲ​ရင့်​ခြင်း​ရှိ​လော့။ စိုး​ရိမ်​ခြင်း၊ စိတ်​ပျက်​ခြင်း မ​ရှိ​စေ​နှင့်။

သား​တော်​ရှော​လ​မုန်​အား​လည်း၊ သင်​သည် အား​ယူ၍ ရဲ​ရင့်​သော​စိတ်​နှင့် လုပ်​ဆောင်​လော့။ မ​စိုး​ရိမ်​နှင့်။ စိတ်​မ​ပျက်​နှင့်။ ငါ၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် သင်​နှင့်​အ​တူ ရှိ​တော်​မူ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​မှု​ကို ဆောင်​ရွက်​ရာ​ဖို့ လုပ်​ဆောင်၍ လက်​စ​မ​သတ်​မီ​တိုင်​အောင် သင့်​ကို စွန့်​တော်​မ​မူ။ ပစ်​ထား​တော်​မ​မူ။

သင်​တို့​မူ​ကား အား​ယူ​ကြ​လော့။ လက်​အား မ​လျော့​စေ​နှင့်။ သင်​တို့​ကျင့်​သည်​အ​တိုင်း အ​ကျိုး​ကို​ခံ​ရ​ကြ​မည်​ဟု မြွက်​ဆို၏။

ယု​ဒ​အ​မျိုး အ​သက်​ကြီး​သူ​တို့​သည် တည်​ဆောက်၍၊ ပ​ရော​ဖက်​ဟ​ဂ္ဂဲ​နှင့် ဣ​ဒေါ​သား​ဇာ​ခ​ရိ ဟော​သော​အား​ဖြင့်၊ အ​ကြံ​ထ​မြောက်​ကြ၏။ ဣ​သ​ရေ​အ​မျိုး၏ ဘု​ရား​သ​ခင်​အ​မိန့်​တော်​နှင့် ပေ​ရ​သိ​ရှင်​ဘု​ရင်​ကု​ရု​မင်း၊ ဒါ​ရိ​မင်း အ​မိန့်​တော်​အ​တိုင်း တည်​ဆောက်၍ လက်​စ​သတ်​ကြ၏။

အား​မ​ရှိ​သော​လက်​တို့​ကို ခိုင်​ခံ့​စေ​ကြ​လော့။ လှုပ်​တတ်​သော ဒူး​တို့​ကို မြဲ​မြံ​စေ​ကြ​လော့။

အား​ယူ​ကြ​လော့၊ မ​စိုး​ရိမ်​ကြ​နှင့်​ဟု ကြောက်​တတ်​သော သူ​တို့​အား ဆို​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ သင်​တို့၏ ဘု​ရား​သ​ခင်​သည် အ​ပြစ်​ပေး​လျက်၊ ဒဏ်​စီ​ရင်​လျက် ကြွ​လာ​တော်​မူ​လိမ့်​မည်။ ဘု​ရား​သ​ခင်​သည် ကိုယ်​တော်​တိုင်​ကြွ​လာ၍၊ သင်​တို့​ကို ကယ်​တင်​တော်​မူ​လိမ့်​မည်။

ဒါ​ရိ​မင်း​ကြီး နန်း​စံ​နှစ်​နှစ်၊ ဆ​ဋ္ဌ​မ​လ တစ်​ရက်​နေ့​တွင်၊ ပ​ရော​ဖက်​ဟ​ဂ္ဂဲ​အား​ဖြင့် ယု​ဒ​မြို့​ဝန်၊ ရှာ​လ​သေ​လ​သား ဇေ​ရု​ဗ​ဗေ​လ​နှင့် ယဇ်​ပု​ရော​ဟိတ်​မင်း ယော​ဇ​ဒက်​သား​ယော​ရှု​ဆီ​သို့ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​ရောက်​လာ၍၊

ထို​အ​ခါ ရှာ​လ​သေ​လ​သား ဇေ​ရု​ဗ​ဗေ​လ​နှင့် ယဇ်​ပု​ရော​ဟိတ်​မင်း ယော​ဇ​ဒက်​သား ယော​ရှု​မှ​စ၍ ကျန်​ကြွင်း​သော သူ​အ​ပေါင်း​တို့​သည် မိ​မိ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို​လည်း​ကောင်း၊ မိ​မိ​တို့ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​စေ​ခိုင်း​တော်​မူ​သော ပ​ရော​ဖက်​ဟ​ဂ္ဂဲ စ​ကား​ကို​လည်း​ကောင်း နား​ထောင်​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ကြောက်​ရွံ့​ကြ၏။

ထာ​ဝ​ရ​ဘု​ရား၏ ဗိ​မာန်​တော်​တိုက်​မြစ်​ကျ၍၊ န​ဝ​မ​လ နှစ်​ဆယ်​လေး​ရက်​နေ့၊ ယ​နေ့​မှ​စ၍ ရှေ့​သို့​မျှော်​ကြည့်​ဆင်​ခြင်​ကြ​ပါ​လော့။ ဆင်​ခြင်​ရ​မည် အ​ကြောင်း​အ​ရာ​ဟူ​မူ​ကား၊

သင်​သည် ယု​ဒ​မြို့​ဝန်၊ ဇေ​ရု​ဗ​ဗေ​လ​ကို ဆင့်​ဆို​ရ​မည်​မှာ၊ ငါ​သည် ကောင်း​ကင်​နှင့် မြေ​ကြီး​ကို​လှုပ်​မည်။

အို ယု​ဒ​အ​မျိုး​နှင့် ဣ​သ​ရေ​လ​အ​မျိုး​တို့၊ သင်​တို့​သည် တစ်​ပါး​အ​မျိုး​တို့​တွင် ကျိန်​ဆဲ​ရာ​ဖြစ်​ဖူး​သ​ကဲ့​သို့၊ ကောင်း​ချီး​ခံ​ရာ ဖြစ်​စေ​ခြင်း​ငှာ ငါ​ကယ်​တင်​မည်။ မ​စိုး​ရိမ်​ဘဲ လက်​အား​ကြီး​ကြ​လော့။

တစ်​ဖန် ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့ ရောက်​လာ၍၊

ကြွင်း​သေး​သော စ​ကား​ဟူ​မူ​ကား၊ ညီ​အစ်​ကို​တို့၊ သ​ခင်​ဘု​ရား​အား​ဖြင့်​လည်း​ကောင်း၊ တန်​ခိုး​တော်​အ​ရှိန် အား​ဖြင့်​လည်း​ကောင်း၊ ခိုင်​ခံ့​ခြင်း​ရှိ​ကြ​လော့။-

ငါ့​သား၊ သင်​သည် ယေ​ရှု​ခ​ရစ်၌​ရှိ​သော ကျေး​ဇူး​တော်​အား​ဖြင့် ခိုင်​ခံ့​ခြင်း​ရှိ​လော့။-

အား​ယူ၍ ရဲ​ရင့်​ခြင်း​ရှိ​လော့။ ဘိုး​ဘေး​တို့​အား​ပေး​မည်​ဟု ငါ​ကျိန်​ဆို​သော​ပြည်​ကို သင်​သည် ဤ​လူ​တို့​အား​ဝေ၍ အ​မွေ​ပေး​ရ​မည်။

ထို​ပ​ည​တ္တိ​ကျမ်း​စာ၌ ရေး​ထား​သ​မျှ​အ​တိုင်း​ကျင့်​မည်​ဟု စောင့်​ရှောက်​ခြင်း​အ​လို​ငှာ ကျမ်း​စာ​ကို မ​ဖတ်​မ​ရွတ်​ဘဲ​မ​နေ၊ နေ့​ည​မ​ပြတ် ကြည့်​ရှု​ဖတ်​ရွတ်​ရ​မည်။ သို့​ပြု​လျှင် သင်​သည်​အ​ကြံ​ထ​မြောက်၍ အောင်​မြင်​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ