Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဇာ​ခ​ရိ 8:5

Judson Bible

မြို့​လမ်း​တို့​သည်​လည်း က​စား​သော​သူ​ငယ် ယောက်ျား​မိန်း​မ​တို့​နှင့် အ​ပြည့်​ရှိ​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ထို​ကြောင့် အ​မျိုး​သား​တို့​သည်​လာ၍၊ ဇိ​အုန်​တောင်​ထိပ်၌ သီ​ချင်း​ဆို​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​ခြင်း ကျေး​ဇူး​တည်း​ဟူ​သော ဆန်​စ​ပါး၊ စ​ပျစ်​ရည်၊ ဆီ၊ သိုး​သ​ငယ်၊ နွား​သ​ငယ်​တို့​ကို​ရ​အံ့​သော​ငှာ စည်း​ဝေး​ကြ​လိမ့်​မည်။ သူ​တို့​စိတ်​ဝိ​ညာဉ်​သည် ရေ​လောင်း​သော ဥ​ယျာဉ်​ကဲ့​သို့​ဖြစ်၍၊ နောက်​တစ်​ဖန် ညှိုး​ငယ်​ခြင်း မ​ရှိ​ရ။

ထို​အ​ခါ သ​မီး​က​ညာ​သည် က​ခုန်​လျက်၊ လူ​ပျို၊ လူ​အို​တို့​နှင့်​တ​ကွ ပျော်​မွေ့​လိမ့်​မည်။ သူ​တို့ ညည်း​တွား​ခြင်း​အ​ရာ၌ ဝမ်း​မြောက်​ခြင်း​ကို ငါ​ဖြစ်​စေ​မည်။ သူ​တို့​သည် ဝမ်း​နည်း​ခြင်း​ကို ခံ​ရ​သော​နောက်၊ စိတ်​သက်​သာ၍ ရွှင်​လန်း​မည်​အ​ကြောင်း​ကို ငါ​ပြု​မည်။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် ဣ​သ​ရေ​လ​ပြည်၊ ယု​ဒ​ပြည်၌ လူ​မျိုး​စေ့​နှင့် တိ​ရ​စ္ဆာန်​မျိုး​စေ့​ကို ကြဲ​ရ​သော အ​ချိန်​ကာ​လ​ရောက်​လိမ့်​မည်။

နောက်​တစ်​ဖန် ဝမ်း​မြောက်​သော​အ​သံ၊ ရွှင်​လန်း​သော​အ​သံ၊ မင်္ဂ​လာ​ဆောင် သ​တို့​သား​အ​သံ၊ မင်္ဂ​လာ​ဆောင် သ​တို့​သ​မီး​အ​သံ၊ ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​မြတ်​တော်​မူ၍ က​ရု​ဏာ​တော်​သည် အ​စဉ်​အ​မြဲ​တည်​သော​ကြောင့်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မွမ်း​ကြ​လော့​ဟု​ဆို​သော သူ​တို့၏​အ​သံ၊ ချီး​မွမ်း​ရာ​ပူ​ဇော်​သ​ကာ​ကို ဗိ​မာန်​တော်​သို့​ဆောင်​ခဲ့​သော သူ​တို့၏ အ​သံ​ကို ကြား​ရ​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သိမ်း​သွား​ခြင်း​ကို​ခံ​ရ​သော ပြည်​သား​တို့​ကို ငါ​ဆောင်​ခဲ့၍၊ အ​ရင်​ကဲ့​သို့ နေ​စေ​မည်​ဟု မိန့်​တော်​မူ၏။

ညဉ့်​ဦး​ယံ​အ​ချိန်၌ ထ၍ အော်​ဟစ်​လော့။ ထာ​ဝ​ရ​ဘု​ရား၏​မျက်​နှာ​တော်​ရှေ့​မှာ သင်၏​နှ​လုံး​ကို ရေ​ကဲ့​သို့ သွန်း​လောင်း​လော့။ ငတ်​မွတ်၍ ခပ်​သိမ်း​သော​လမ်း​ဝ​မှာ အား​ပျက်​လျက်​နေ​သော သင်၏​သူ​ငယ်​တို့​ကို အ​သက်​ချမ်း​သာ​စေ​ခြင်း​ငှာ၊ အ​ထံ​တော်​သို့ သင်၏​လက်​ကို ချီ​ဆန့်​လော့။

သင်​သည်​ပြေး၍ ထို​လု​လင်​ကို ဆင့်​ဆို​ရ​မည်​မှာ၊ ယေ​ရု​ရှ​လင်​မြို့​သား လူ​သ​တ္တ​ဝါ​တိ​ရ​စ္ဆာန်​တို့​သည် အ​လွန်​များ​သော​ကြောင့် ရွာ​တို့၌ နေ​ရ​ကြ​လိမ့်​မည်။

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​ကို ဖျက်​ဆီး​သော​လူ​မျိုး​တို့​ရှိ​ရာ​သို့ ဘုန်း​ထင်​ရှား​ပြီး​မှ ငါ့​ကို စေ​လွှတ်​တော်​မူ၏။ သင်​တို့​ကို​ထိ​သော​သူ​သည် မျက်​ဆန်​တော်​ကို ထိ​သော​သူ​ဖြစ်၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ