Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဇာ​ခ​ရိ 7:7

Judson Bible

ယေ​ရု​ရှ​လင်​မြို့​မ​ပျက်၊ စည်​ပင်၍ ပတ်​လည်၌​ရှိ​သော မြို့​ရွာ၊ တောင်​မျက်​နှာ​အ​ရပ်​နှင့် မြေ​ညီ​သော​အ​ရပ်၌ လူ​များ​သေး​သော​အ​ခါ၊ ရှေး​ပ​ရော​ဖက်​တို့​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ကြွေး​ကြော်​တော်​မူ​သော အ​မိန့်​တော်​ပြည့်​စုံ​ပြီ မ​ဟုတ်​လော​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

23 ပူးပေါင်းရင်းမြစ်များ  

နူး​ညွတ်​သော​နား​နှင့် ငါ့​ထံ​သို့ လာ​ကြ​လော့။ နား​ထောင်​ကြ​လော့။ သို့​ပြု​လျှင် သင်​တို့၏​ဝိ​ညာဉ်​သည် အ​သက်​ရှင်​ရ​လိမ့်​မည်။ ငါ​သည်​လည်း၊ သင်​တို့​နှင့် ထာ​ဝ​ရ​ပ​ဋိ​ညာဉ်​ပြု၍၊ ဒါ​ဝိဒ်၌ မြဲ​မြံ​သော ကျေး​ဇူး​တော်​ကို သင်​တို့​အား​ပေး​မည်။

တောင်​ဘက်​မြို့​တို့​ကို ပိတ်​ထား၍ အ​ဘယ်​သူ​မျှ မ​ဖွင့်​ရ။ ယု​ဒ​ပြည်​သူ​ပြည်​သား အ​ပေါင်း​တို့​ကို သိမ်း​သွား​ကြ​ပြီ။ အ​ကုန်​အ​စင် သိမ်း​သွား​ကြ​ပြီ။

မီး​ရှို့​ရာ​ယဇ်​မှ​စ၍ အ​ခြား​သော​ယဇ်​များ၊ ပူ​ဇော်​သ​ကာ​များ၊ မီး​ရှို့​ရာ​နံ့​သာ​ပေါင်း၊ ချီး​မွမ်း​ရာ​ယဇ်​တို့​ကို ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​သို့ ဆောင်​ခဲ့​သော သူ​တို့​သည် ယု​ဒ​မြို့​များ၊ ယေ​ရု​ရှ​လင်​မြို့​ပတ်​ဝန်း​ကျင်​အ​ရပ်​များ၊ ဗင်္ယာ​မိန်​ပြည်၊ မြေ​ညီ​ခ​ရိုင်၊ တောင်​ရိုး​ခ​ရိုင်၊ တောင်​မျက်​နှာ ခ​ရိုင်​မှ​လာ​ကြ​လိမ့်​မည်။

သင်​သည် ကောင်း​စား​သော​အ​ခါ ငါ​သ​တိ​ပေး၏။ သင်​က၊ ငါ​နား​မ​ထောင်​ဟု ပြန်​ပြော၏။ ငယ်​သော​အ​ရွယ်​မှ​စ၍ ငါ့​စ​ကား​ကို နား​မ​ထောင်​ဘဲ နေ​မြဲ​ရှိ၏။

ဗင်္ယာ​မိန်​ပြည်၌​လည်း​ကောင်း၊ ယေ​ရု​ရှ​လင်​မြို့ ပတ်​ဝန်း​ကျင်​အ​ရပ်​တို့၌​လည်း​ကောင်း၊ ယု​ဒ​ပြည်​တွင်​ရှိ​သော မြို့​တို့၌​လည်း​ကောင်း၊ တောင်​ပေါ်​မြို့၊ ချိုင့်​ထဲ​မြို့၊ တောင်​ဘက်​မြို့​တို့၌​လည်း​ကောင်း၊ လူ​တို့​သည် လယ်​ယာ​တို့​ကို ငွေ​နှင့်​ဝယ်​ခြင်း၊ စာ​ချုပ်​ကို​စီ​ရင်​ခြင်း၊ တံ​ဆိပ်​ခတ်​ခြင်း၊ သက်​သေ​တို့​ကို​ခေါ်​ထား​ခြင်း အ​မှု​များ​ကို​ပြု​မြဲ​ပြု​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သိမ်း​သွား​ခြင်း​ကို ခံ​ရ​သော​သူ​တို့​ကို တစ်​ဖန်​ငါ​ဆောင်​ခဲ့​ဦး​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

တောင်​ပေါ်​မြို့၊ ချိုင့်​ထဲ​မြို့၊ တောင်​ဘက်​မြို့၊ ဗင်္ယာ​မိန်​ပြည်၊ ယေ​ရု​ရှ​လင်​မြို့ ပတ်​ဝန်း​ကျင်​အ​ရပ်၊ ယု​ဒ​မြို့​များ​တို့၌၊ သိုး​စု​ကို​ရေ​တွက်​သော သူ၏​လက်​အောက်​မှာ၊ သိုး​စု​တို့​သည် တစ်​ဖန်​လျှောက်​သွား​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

ငါ၏​ကျွန် ပ​ရော​ဖက်​အ​ပေါင်း​တို့​ကို ငါ​သည် စော​စော​ထ၍ သင်​တို့​ရှိ​ရာ​သို့ အ​ထပ်​ထပ်​စေ​လွှတ်​လျက်၊ ငါ​မုန်း​သော​အ​မှု၊ ဤ​စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော​အ​မှု​ကို မ​ပြု​ပါ​နှင့်​ဟု​ပြော​သော်​လည်း၊

ငါ​မှာ​ထား​သော​အ​ရာ​ဟူ​မူ​ကား၊ ငါ့​စ​ကား​ကို နား​ထောင်​ကြ​လော့။ သို့​ပြု​လျှင်၊ ငါ​သည်​သင်​တို့၏ ဘု​ရား​သ​ခင်​ဖြစ်​မည်။ သင်​တို့​သည်​လည်း၊ ငါ၏​လူ​မျိုး​ဖြစ်​ကြ​လိမ့်​မည်။ သင်​တို့​သည် ကိုယ်​အ​ကျိုး​ကို​စောင့်​လို​သော​ငှာ၊ ငါ​စီ​ရင်​သ​မျှ​သော​တ​ရား​လမ်း​သို့ လိုက်​ရ​ကြ​မည်​ဟု မှာ​ထား​၏။

သင်​တို့​ဘာ​သာ​ဓ​လေ့​နှင့် သင်​တို့​အ​ကျင့်​များ​တို့​ကို စုံ​လင်​စွာ ပြု​ပြင်​လျှင်​လည်း​ကောင်း၊ အ​မှု​သည်​ချင်း​တို့​ကို သေ​ချာ​စွာ တ​ရား​သ​ဖြင့် စီ​ရင်​လျှင်​လည်း​ကောင်း၊

တ​ရား​စ​ကား​ကို​လည်း​ကောင်း၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏ ဝိ​ညာဉ်​တော်​သည် ရှေး​ပ​ရော​ဖက်​တို့​ဖြင့် ထား​တော်​မူ​သော စ​ကား​ကို​လည်း​ကောင်း သူ​တို့​သည် မ​ကြား​စေ​ခြင်း​ငှာ၊ မိ​မိ​တို့​နှ​လုံး​ကို စိန်​ကျောက်​ကဲ့​သို့ မာ​စေ​ကြ၏။ ထို​ကြောင့်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် အ​လွန် အ​မျက်​ထွက်​တော်​မူ၏။

စား​သောက်​သော​အ​ခါ၌​လည်း ကိုယ်​အ​လို​အ​လျောက် စား​သောက်​ကြ​သည် မ​ဟုတ်​လော။

ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ဇာ​ခ​ရိ​သို့ ရောက်​လာ​သည်​ကား၊

တောင်​ပြည်​နှင့်​တ​ကွ ဇော​ရ​မြို့​တိုင်​အောင် စွန်​ပ​လွံ​မြို့​တည်း​ဟူ​သော ယေ​ရိ​ခေါ​မြို့​တည်​သော​ချိုင့်​နှင့် လွင်​ပြင်​တို့​ကို ပြ​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ