Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဇာ​ခ​ရိ 7:6

Judson Bible

စား​သောက်​သော​အ​ခါ၌​လည်း ကိုယ်​အ​လို​အ​လျောက် စား​သောက်​ကြ​သည် မ​ဟုတ်​လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ထို​နေ့​ချင်း​တွင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ စား​သောက်၍ ပျော်​မွေ့​ခြင်း​ကို​ပြု​လျက် ဒါ​ဝိဒ်၏​သား​တော် ရှော​လ​မုန်​ကို ရှင်​ဘု​ရင်​အ​ရာ၌ ဒု​တိ​ယ​အ​ကြိမ်​ချီး​မြှောက်၍ ထာ​ဝ​ရ​ဘု​ရား​အောက်​မှာ မင်း​ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဇာ​ဒုတ်​ကို ယဇ်​ပု​ရော​ဟိတ် ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း ဘိ​သိက်​ပေး​ကြ၏။

မီး​ရှို့​ရာ သိုး​သ​ငယ်​ကို ငါ့​ထံ​သို့​မ​ဆောင်​ခဲ့။ ယဇ်​ပူ​ဇော်​ခြင်း​အား​ဖြင့် ငါ့​ကို မ​ချီး​မြှောက်။ ငါ​သည် သင့်​ကို အ​လှူ​ဒါ​န​နှင့် အ​မှု​မ​ထမ်း​စေ။ လော​ဗန်​ကို တောင်း၍ သင့်​ကို မ​ပင်​ပန်း​စေ။

အ​ကျွန်ုပ်​တို့​သည် အ​စာ​ရှောင်​ခြင်း​အ​ကျင့်​ကို ကျင့်​သော​အ​ခါ၊ ကိုယ်​တော်​သည် အ​ဘယ်​ကြောင့် မြင်​တော်​မ​မူ​သ​နည်း။ အ​ကျွန်ုပ်​တို့​သည် ခြိုး​ခြံ​စွာ​ကျင့်​သော​အ​ခါ၊ ကိုယ်​တော်​သည် အ​ဘယ်​ကြောင့် သိ​မှတ်​တော်​မ​မူ​သ​နည်း​ဟု ဆို​သော်၊ သင်​တို့​သည် အ​စာ​ရှောင်​သော​နေ့၌ ကိုယ်​တိုင်​ပျော်​မွေ့၍၊ ကျွန်​တို့​ကို​ပင်​ပန်း​စွာ​လုပ်​စေ​ကြ၏။

ငါ​နှင့်​ဆိုင်​သော ပူ​ဇော်​သ​ကာ​တို့​ကို ယဇ်​ပူ​ဇော်​သော​သူ​တို့​သည် ပူ​ဇော်၍ ကိုယ်​တိုင်​စား​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို လက်​ခံ​တော်​မ​မူ။ သူ​တို့​အ​ပြစ်​များ​ကို ချက်​ချင်း​အောက်​မေ့၍ စစ်​ကြော​တော်​မူ​သော​အား​ဖြင့်၊ သူ​တို့​သည် အဲ​ဂု​တ္တု​ပြည်​သို့ ပြန်​သွား​ရ​ကြ​လိမ့်​မည်။

စ​ပျစ်​ရည်​သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​ကို ထာ​ဝ​ရ​ဘု​ရား​အား မ​ပြု​ရ​ကြ။ ပူ​ဇော်​သော​ယဇ်​တို့​ကို နှစ်​သက်​တော်​မ​မူ​ရ။ ထို​ယဇ်​အ​သား​သည် မ​သာ​လိုက်၍ ငို​ကြွေး​မြည်​တမ်း​သော သူ​တို့၏​အ​စာ​ကဲ့​သို့​ဖြစ်၍၊ စား​သော​သူ​အ​ပေါင်း​တို့​သည် ညစ်​ညူး​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။ သူ​တို့​အ​စာ​ကို ကိုယ်​တိုင်​စား​ကြ​စေ။ ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​ထဲ​သို့ မ​သွင်း​စေ​နှင့်။

ယဇ်​ပု​ရော​ဟိတ်​တို့​နှင့် ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​အား သင်​ဆင့်​ဆို​ရ​မည်​မှာ၊ အ​နှစ်​ခု​နစ်​ဆယ်​ပတ်​လုံး သင်​တို့​သည် ပ​ဥ္စ​မ​လ​နှင့် သ​တ္တ​မ​လ​တွင် အ​စာ​ရှောင်၍ ငို​ကြွေး​မြည်​တမ်း​သော​အ​ခါ၊ အ​ကယ်​စင်​စစ် ငါ့​အ​လို​ရှိ​သည်​အ​တိုင်း ငါ့​အား အ​စာ​ရှောင်​ကြ​သ​လော။

ယေ​ရု​ရှ​လင်​မြို့​မ​ပျက်၊ စည်​ပင်၍ ပတ်​လည်၌​ရှိ​သော မြို့​ရွာ၊ တောင်​မျက်​နှာ​အ​ရပ်​နှင့် မြေ​ညီ​သော​အ​ရပ်၌ လူ​များ​သေး​သော​အ​ခါ၊ ရှေး​ပ​ရော​ဖက်​တို့​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ကြွေး​ကြော်​တော်​မူ​သော အ​မိန့်​တော်​ပြည့်​စုံ​ပြီ မ​ဟုတ်​လော​ဟု မိန့်​တော်​မူ၏။

သင်​တို့​သည် စား​သော်​လည်း​ကောင်း၊ သောက်​သော်​လည်း​ကောင်း၊ မည်​သည့်​အ​မှု​ကို ပြု​သော်​လည်း​ကောင်း၊ ဘု​ရား​သ​ခင်၏ ဘုန်း​တော်​ကို ထောက်၍ ခပ်​သိမ်း​သော​အ​မှု​ကိ​စ္စ​ကို ပြု​ကြ​လော့။-

ထို​အ​ရပ်၌ သင်​တို့၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ စား​ရ​ကြ​မည်။ ပြု​လေ​ရာ​ရာ၌ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ကောင်း​ချီး​ပေး​တော်​မူ​သ​ဖြင့်၊ ကိုယ်​တိုင်​မှ​စ၍ အိမ်​သူ​အိမ်​သား​တို့​သည် ရွှင်​လန်း​ခြင်း​ကို ပြု​ရ​ကြ​မည်။

စား​ချင်​သော စိတ်​အ​လို​ရှိ​သည်​အ​တိုင်း၊ နွား၊ သိုး၊ စ​ပျစ်​ရည်၊ သေ​ရည်​အ​စ​ရှိ​သော စား​ချင်​သ​မျှ​ကို ဝယ်၍၊ သင်​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​မှာ၊ အိမ်​သူ​အိမ်​သား​များ​နှင့်​တ​ကွ စား​သောက်​လျက်၊ ရွှင်​လန်း​ခြင်း​ကို ပြု​ရ​ကြ​မည်။

စ​ကား​ပြော​သော်​လည်း​ကောင်း၊ အ​မှု​ဆောင်​ရွက်​သော်​လည်း​ကောင်း၊ သ​ခင်​ယေ​ရှု၏ နာ​မ​တော်​ကို​ထောက်၍ ခပ်​သိမ်း​သော​အ​မှု​တို့​ကို ပြု​မူ​လျက်၊ ကျေး​ဇူး​တော်​ကြီး​လှ​ပါ၏​ဟု ထို​သ​ခင်​ကို အ​မှီ​ပြု၍ ခ​မည်း​တော်​ဘု​ရား​သ​ခင့်​ရှေ့၌ ဝန်​ခံ​ကြ​လော့။

ထာ​ဝ​ရ​ဘု​ရား​က၊ သူ၏​မျက်​နှာ၊ သူ၏​အ​ရပ်​ကို မ​ကြည့်​မ​ရှု​နှင့်။ သူ့​ကို ငါ​ပယ်​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည် လူ​မြင်​သ​ကဲ့​သို့ မြင်​တော်​မူ​သည်​မ​ဟုတ်။ လူ​သည် အ​ဆင်း​သ​ဏ္ဌာန်​ကို​ကြည့်​ရှု​တတ်၏။ ထာ​ဝ​ရ​ဘု​ရား​မူ​ကား နှ​လုံး​ကို​ကြည့်​ရှု​တတ်​သည်​ဟု ရှ​မွေ​လ​အား​မိန့်​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ