Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဇာ​ခ​ရိ 7:3

Judson Bible

နှစ်​ပေါင်း​များ​စွာ​ပြု​သ​ကဲ့​သို့ ပ​ဥ္စ​မ​လ​တွင် ငို​ကြွေး၍ ခြိုး​ခြံ​စွာ​ကျင့်​ရ​ပါ​မည်​လော​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်၌​ရှိ​သော ယဇ်​ပု​ရော​ဟိတ်​နှင့် ပ​ရော​ဖက်​တို့​အား မေး​လျှောက်​ခြင်း​ငှာ​လည်း​ကောင်း၊ ရှ​ရေ​ဇာ၊ ရေ​ဂင်္မေ​လက်​နှင့် သူ​တို့​လူ​များ​ကို ဘု​ရား​သ​ခင်၏​အိမ်​တော်​သို့ စေ​လွှတ်​ကြ​သော​အ​ခါ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

21 ပူးပေါင်းရင်းမြစ်များ  

လုပ်​ဆောင်​သော​သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ ဗိ​မာန်​တော်​တိုက်​မြစ်​ကို ချ​သော​အ​ခါ၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ဒါ​ဝိဒ်​စီ​ရင်​သည်​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား၏ ဂုဏ်​တော်​ကို ချီး​မွမ်း​စေ​ခြင်း​ငှာ၊ တံ​ပိုး​ကိုင်​သော ယဇ်​ပု​ရော​ဟိတ်​များ၊ ခွက်​ကွင်း​ကိုင်​သော လေ​ဝိ​အ​မျိုး၊ အာ​သပ်​သား​များ​တို့​ကို ခန့်​ထား​ကြ၏။

ငို​ရ​သော​အ​ချိန်​နှင့် ရယ်​ရ​သော​အ​ချိန်​လည်း​ရှိ၏။ ညည်း​တွား​ရ​သော​အ​ချိန်​နှင့် က​ခုန်​ရ​သော​အ​ချိန်​လည်း ရှိ၏။

ငါ့​လူ​တို့​သည် ပ​ညာ​နည်း​သော​ကြောင့်​ဆုံး​ရှုံး​ကြ၏။ သင်​သည် ပ​ညာ​ကို​ပယ်​သော​ကြောင့်၊ ငါ့​ယဇ်​ပု​ရော​ဟိတ်​အ​ဖြစ်​သို့ မ​ရောက်​စေ​ခြင်း​ငှာ သင့်​ကို​ငါ​ပယ်​မည်။ သင်၏​ဘု​ရား​သ​ခင့်​တ​ရား​ကို သင်​မေ့​လျော့​သော​ကြောင့်၊ သင်၏​သား​သ​မီး​တို့​ကို ငါ​မေ့​လျော့​မည်။

ထာ​ဝ​ရ​ဘု​ရား၏ အ​မှု​တော်​စောင့်၊ ယဇ်​ပု​ရော​ဟိတ်​တို့​သည် အိမ်​တော်​ဦး​နှင့် ယဇ်​ပ​လ္လင်​စပ်​ကြား​မှာ ငို​ကြွေး​လျက်၊ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏​လူ​များ​ကို သ​နား​တော်​မူ​ပါ။ တစ်​ပါး​အ​မျိုး​သား​တို့​သည် အ​စိုး​ရ၍ အ​မွေ​တော်​လူ​တို့​ကို ကဲ့​ရဲ့​စေ​ခြင်း​ငှာ အပ်​နှံ​တော်​မ​မူ​ပါ​နှင့်။ သူ​တို့ ဘု​ရား​သ​ခင်​ကား၊ အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု တစ်​ပါး​အ​မျိုး​သား​တို့​သည် အ​ဘယ်​ကြောင့် ဆို​ရ​ကြ​ပါ​သ​နည်း​ဟု လျှောက်​ကြ​စေ။

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည်​တ​ရား​အ​မှု​ကို ယဇ်​ပု​ရော​ဟိတ်၌ မေး​မြန်း​ရ​မည်​မှာ၊

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ငါ​ဇာ​ခ​ရိ​သို့ ရောက်​လာ၍၊

ယဇ်​ပု​ရော​ဟိတ်​တို့​နှင့် ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​အား သင်​ဆင့်​ဆို​ရ​မည်​မှာ၊ အ​နှစ်​ခု​နစ်​ဆယ်​ပတ်​လုံး သင်​တို့​သည် ပ​ဥ္စ​မ​လ​နှင့် သ​တ္တ​မ​လ​တွင် အ​စာ​ရှောင်၍ ငို​ကြွေး​မြည်​တမ်း​သော​အ​ခါ၊ အ​ကယ်​စင်​စစ် ငါ့​အ​လို​ရှိ​သည်​အ​တိုင်း ငါ့​အား အ​စာ​ရှောင်​ကြ​သ​လော။

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ စ​တု​တ္ထ​လ​တွင် အ​စာ​ရှောင်​ခြင်း၊ ပ​ဥ္စ​မ​လ​တွင် အ​စာ​ရှောင်​ခြင်း၊ သ​တ္တ​မ​လ​တွင် အ​စာ​ရှောင်​ခြင်း၊ ဒ​သ​မ​လ​တွင် အ​စာ​ရှောင်​ခြင်း​တို့​သည် ယု​ဒ​အ​မျိုး​ဝမ်း​မြောက်​ရွှင်​လန်း၍ ပွဲ​လုပ်​ရာ​ကာ​လ ဖြစ်​ကြ​လိမ့်​မည်။ ဖြောင့်​မတ်​ခြင်း​တ​ရား၊ ငြိမ်​ဝပ်​ခြင်း​တ​ရား​ကို နှစ်​သက်​ကြ​လော့။

ယဇ်​ပု​ရော​ဟိတ်၏​နှုတ်​ခမ်း​သည် ပ​ညာ​ကို​စောင့်​ရ​မည်။ သူ၏​နှုတ်၌ လူ​တို့​သည် တ​ရား​တော်​ကို​ရှာ​ရ​ကြ​မည်။ အ​ကြောင်း​မူ​ကား၊ သူ​သည် ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​စေ​လွှတ်​တော်​မူ​သော တ​မန်​ဖြစ်၏။

ယေ​ရှု​က​လည်း မင်္ဂ​လာ​ဆောင်​လု​လင်​သည် မိ​မိ​အ​ပေါင်း​အ​ဖော်​တို့​နှင့် အ​တူ​ရှိ​စဉ်​အ​ခါ သူ​တို့​သည် စိတ်​မ​သာ ညည်း​တွား​တတ်​ကြ​သ​လော။ မင်္ဂ​လာ​ဆောင်​လု​လင်​ကို သူ၏​အ​ပေါင်း​အ​ဖော်​တို့​နှင့် ခွာ၍ ယူ​သွား​သော အ​ချိန်​ကာ​လ ရောက်​လိမ့်​မည်။ ထို​အ​ခါ သူ​တို့​သည် အ​စာ​ရှောင်​ကြ​လိမ့်​မည်။-

အ​ချင်း​ချင်း​ခင်​ပွန်း​ဝတ်​ကို မ​ပယ်​မ​ရှောင်​ကြ​နှင့်။ ထို​သို့​ဆို​သော်၊ ဆု​တောင်း​ခြင်း​ဝတ်​ကို ပြု​ရ​သော​အ​ခွင့် ရှိ​စေ​ခြင်း​ငှာ၊ သ​ဘော​တူ၍ ခင်​ပွန်း​ဝတ်​ကို ခ​ဏ​မျှ​မ​ရှောင်​ရ​ဟု မ​ဆို​လို။ ထို​သို့​ရှောင်​လျှင်၊ ကိုယ်​ကို မ​ချုပ်​တည်း​နိုင်​သော​အား​ဖြင့် စာ​တန်​သည် အ​ပြစ်​သို့ သွေး​ဆောင်​ရ​သော​အ​ခွင့် မ​ရှိ​စေ​ခြင်း​ငှာ၊ နောက်​တစ်​ဖန် အ​တူ​နေ​ကြ​လော့။-

သူ​တို့​သည် စီ​ရင်​တော်​မူ​ချက်​တို့​ကို ယာ​ကုပ်​အ​မျိုး၌​လည်း​ကောင်း၊ တ​ရား​တော်​ကို ဣ​သ​ရေ​လ​အ​မျိုး၌​လည်း​ကောင်း သွန်​သင်​ကြ​လိမ့်​မည်။ မီး​ရှို့​ရာ​နံ့​သာ​ပေါင်း​ကို ရှေ့​တော်၌​လည်း​ကောင်း၊ တစ်​ကိုယ်​လုံး မီး​ရှို့​ရာ​ယဇ်​ကို ယဇ်​ပ​လ္လင်​တော်​ပေါ်၌​လည်း​ကောင်း တင်​ထား​ကြ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ