Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဇာ​ခ​ရိ 7:2

Judson Bible

ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဆု​တောင်း​ခြင်း​ငှာ​လည်း​ကောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ရှင်​ဘု​ရင်​က​လည်း၊ ငါ့​လက်၌ ရောက်​သော​ရော​ဂါ​ကို ပျောက်​စေ​မည်​အ​ကြောင်း၊ ငါ့​အ​တွက်​ပ​တ္ထ​နာ​ပြု၍ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ တောင်း​ပန်​ပါ​လော့​ဟု ဘု​ရား​သ​ခင်၏​လူ​ကို​ပြော​ဆို၏။ ဘု​ရား​သ​ခင်၏​လူ​သည် ထာ​ဝ​ရ​ဘု​ရား​ကို တောင်း​ပန်​သ​ဖြင့်၊ ရှင်​ဘု​ရင်​လက်​သည် ရော​ဂါ​ပျောက်၍ ပ​က​တိ​အ​တိုင်း​ဖြစ်​လေ၏။

ဗေ​သ​လ​မြို့၊ အာ​ဣ​မြို့​သား နှစ်​ရာ​နှစ်​ဆယ်​သုံး​ယောက်၊

ရှင်​ဘု​ရင်​အ​သက်၊ ဆွေ​တော်​မျိုး​တော်​တို့၏ အ​သက်​အ​ဖို့ ဆု​တောင်း​စေ​ခြင်း​ငှာ၊ သူ​တို့​လို​ချင်​သ​မျှ ယေ​ရု​ရှ​လင်​မြို့ ယဇ်​ပု​ရော​ဟိတ်​တို့ စီ​ရင်​သည်​အ​တိုင်း၊ ကောင်း​ကင်​ဘုံ၏​အ​ရှင် ဘု​ရား​သ​ခင်​အား မီး​ရှို့​ရာ​ယဇ်​ပူ​ဇော်​စ​ရာ​ဖို့ နွား၊ သိုး​ထီး၊ သိုး​သ​ငယ်၊ စ​ပါး၊ ဆား၊ စ​ပျစ်​ရည်၊ ဆီ​တို့​ကို နေ့​တိုင်း​အ​စဉ်​အ​ပြတ် ပေး​စေ။

မော​ရှေ​က​လည်း၊ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် မ​ဟာ​တန်​ခိုး​အား​ကြီး​သော​လက်​နှင့် အဲ​ဂု​တ္တု​ပြည်​မှ​နုတ်​ဆောင်​ခဲ့​သော ကိုယ်​တော်၏​လူ​တို့​ကို၊ အ​ဘယ်​ကြောင့် အ​မျက်​ပြင်း​စွာ ထွက်​တော်​မူ​သ​နည်း။

ကေ​ဒါ​ပြည်၏ သိုး​စု​အ​ပေါင်း​တို့​သည် သင့်​ထံ​မှာ စု​ဝေး​ကြ​လိမ့်​မည်။ န​ဗာ​ယုတ်​ပြည်၏ ဆိတ်​တို့​သည် သင်၏​အ​မှု​ကို ဆောင်​ရွက်၍၊ နှစ်​သက်​ဖွယ်​သော​လ​က္ခ​ဏာ​နှင့် ငါ၏​ယဇ်​ပ​လ္လင်​ပေါ်​သို့ တက်​ကြ​လိမ့်​မည်။ ငါ့​ဘုန်း ထင်​ရှား​ရာ​ဗိ​မာန်​ကို ငါ​သည် သာ၍​ဘုန်း​ပွင့်​စေ​မည်။

ထို​အ​ခါ ယု​ဒ​ပြည်​သား​အ​ပေါင်း​တို့​နှင့်​တ​ကွ၊ ယု​ဒ​ရှင်​ဘု​ရင်​ဟေ​ဇ​ကိ​သည် ထို​ပ​ရော​ဖက်​ကို သတ်​သ​လော။ ထို​မင်း​သည် ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သည် မ​ဟုတ်​လော။ ရှေ့​တော်၌ တောင်း​ပန်​သည် မ​ဟုတ်​လော။ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့၌ ဘေး​ဥ​ပဒ်​ကို ရောက်​စေ​မည်​ဟု ခြိမ်း​တော်​မူ​သော်​လည်း၊ တစ်​ဖန် နောင်​တ​ရ​တော်​မူ​သည် မ​ဟုတ်​လော။ ငါ​တို့​မူ​ကား၊ ကိုယ်​အ​ကျိုး​ကို ဖျက်​ဆီး​ခြင်း​ငှာ ပြု​ကြ​သည်​တ​ကား​ဟု စည်း​ဝေး​သော​သူ​အ​ပေါင်း​တို့​အား ပြော​ဆို​ကြ၏။

အ​ရင်​သိမ်း​သွား​ခြင်း​ကို​ခံ​ရ၍ ယ​ခု ဗာ​ဗု​လုန်​မြို့​မှ ပြန်​လာ​သော ဟေ​လ​ဒဲ​အ​မျိုး၊ တော​ဘိ​ယ​အ​မျိုး၊ ယေ​ဒါ​ယ​အ​မျိုး အ​ချို့​တို့​ကို ခေါ်၍၊ တစ်​နေ့​ချင်း​တွင် ဇေ​ဖ​နိ၏​သား ယော​ရှိ​အိမ်​သို့ သွား​ပြီး​သော်၊

မြို့​တစ်​မြို့၌ နေ​သော​သူ​သည် အ​ခြား​မြို့​တစ်​မြို့၌ နေ​သော​သူ​တို့​ဆီ​သို့ သွား၍၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဆု​တောင်း​ခြင်း​ငှာ​လည်း​ကောင်း၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​ကို ရှာ​ခြင်း​ငှာ​လည်း​ကောင်း ဧ​ကန်​အ​မှန် သွား​ကြ​ကုန်​အံ့။ ငါ​လည်း​သွား​မည်​ဟု ခေါ်​ကြ​လိမ့်​မည်။

ဖိ​လိ​တ္တိ​လူ​တို့​သည် ငါ​ရှိ​ရာ ဂိ​လ​ဂါ​လ​မြို့​သို့ စစ်​ချီ​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​ကို ငါ​မ​တောင်း​ပန်​သေး​ဟု အ​ကျွန်ုပ်​အောက်​မေ့​သ​ဖြင့်၊ ကိုယ်​ကို​အ​နိုင်​ပြု၍ မီး​ရှို့​ရာ​ယဇ်​ကို ပူ​ဇော်​မိ​ပြီ​ဟု ပြန်​ပြော၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ