Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဇာ​ခ​ရိ 7:14

Judson Bible

သူ​တို့​မ​သိ​သော လူ​မျိုး​အ​ပေါင်း​တို့​တွင် လေ​ပွေ​တိုက်၍ ငါ​လွှင့်​ပြီ။ ထို​ကြောင့်၊ သူ​တို့ ပြည်​သည် လူ​ဆိတ်​ညံ​လျက်​ရှိ၍ အ​ဘယ်​သူ​မျှ မ​သွား​မ​လာ။ သာ​ယာ​သော​ပြည်​သည် သုတ်​သင်​ပယ်​ရှင်း​ရာ ဖြစ်​လေ​ပြီ​တ​ကား​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

35 ပူးပေါင်းရင်းမြစ်များ  

ထို​သို့ ဣ​သ​ရေ​လ​မြေ​သည် ဥ​ပုသ်​နေ့​တို့​ကို မွေ့​လျော်​စေ​ခြင်း​ငှာ၊ ယေ​ရ​မိ​ဆင့်​ဆို​သော ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​သည် ပြည့်​စုံ​ရ၏။ ထို​ပြည်​သည် လူ​ဆိတ်​ညံ​လျက်​နေ​သော ကာ​လ၊ အ​နှစ်​ခု​နစ်​ဆယ်​စေ့​အောင် ဥ​ပုသ်​နေ့​တို့​ကို စောင့်​သော​အ​ခွင့် ရှိ​သ​တည်း။ ရာ​ဇ​ဝင်​ချုပ်​ဒု​တိ​ယ​စောင်​ပြီး၏။

ဆူး​ပင်​နှင့် မွေး​သော​မီး​ပူ​မှန်း​ကို အိုး​တို့​သည်​မ​သိ​မီ၊ အ​သက်​ရှင်​သော​ဆူး​ပင်​နှင့် မီး​လောင်​လျက်​ရှိ​သော ဆူး​ပင်​တို့​ကို လေ​ပွေ​တိုက်​သွား​ပါ​စေ​သော။

အား​ကြီး​သော​ရေ​တို့​သည် ဟုန်း​သ​ကဲ့​သို့၊ လူ​မျိုး​တို့​သည် ဟုန်း​ကြ​သော်​လည်း၊ ဆုံး​မ​တော်​မူ​သော​ကြောင့်၊ အ​ဝေး​သို့ ပြေး​သွား​ကြ​လိမ့်​မည်။ တောင်​ပေါ်​မှာ လေ​တိုက်၍ လွင့်​သော ဖွဲ​ကဲ့​သို့​လည်း​ကောင်း၊ လေ​ပွေ၌​ပါ​သွား​သော အ​မှိုက်​ကဲ့​သို့​လည်း​ကောင်း၊ သူ​တို့​သည် နှင်​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။

ရေ​လွှမ်း​မိုး​သော​တော​နှင့် ဆိုင်​သော​ဗျာ​ဒိတ်​တော်​ကား၊ တောင်​လေ​မုန်​တိုင်း​တိုက်​သ​ကဲ့​သို့ ကြောက်​မက်​ဖွယ်​သော​ပြည်၊ တော​ကြီး​မှ​လာ၏။

သင့်​ကို အ​ဘယ်​သူ​မျှ လျှောက်၍​မ​သွား​ရ​မည်​အ​ကြောင်း၊ သူ​တစ်​ပါး​တို့​သည် သင့်​ကို စွန့်​ပစ်​ရွံ​ရှာ​ကြ​သည်​အ​တွက်၊ ငါ​သည် သင့်​ကို ထာ​ဝ​ရ​အ​ထွတ်​အ​မြတ် ဖြစ်​စေ​မည်။ လူ​မျိုး​အ​စဉ်​အ​ဆက် ဝမ်း​မြောက်​စ​ရာ အ​ကြောင်း​လည်း ဖြစ်​စေ​မည်။

ကြည့်​ရှု​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် ပြင်း​စွာ​သော အ​ရှိန်​အား​ဖြင့် အ​မျက်​တော်​ကို​လည်း​ကောင်း၊ မီး​လျှံ​အား​ဖြင့် ဆုံး​မ​တော်​မူ​ခြင်း​ကို​လည်း​ကောင်း ထင်​ရှား​စွာ​ပြ​ခြင်း​ငှာ၊ လေ​ပွေ​ကဲ့​သို့​သော ရ​ထား​တော်​တို့​ကို​စီး၍၊ မီး​ကဲ့​သို့ ကြွ​လာ​တော်​မူ​လိမ့်​မည်။

များ​စွာ​သော သိုး​ထိန်း​တို့​သည် ငါ့​စ​ပျစ်​ဥ​ယျာဉ်​ကို ဖျက်​ဆီး​ကြ​ပြီ။ ငါ​ရ​ထိုက်​သော​အ​ဖို့​ကို ကျော်​နင်း​ကြ​ပြီ။ ငါ​ရ​ထိုက်​သော နှစ်​သက်​ရာ​အ​ဖို့​ကို လူ​ဆိတ်​ညံ​ရာ​တော​ဖြစ်​စေ​ကြ​ပြီ။

ထာ​ဝ​ရ​ဘု​ရား၏ လေ​ပွေ​တော်​သည် ပူ​သော​အ​ရှိန်​နှင့် ထွက်၏။ ပြင်း​စွာ​သော လေ​ပွေ​ဖြစ်၍၊ မ​တ​ရား​သော သူ​တို့​ခေါင်း​ပေါ်​မှာ ပြင်း​စွာ​တိုက်​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား၏ လေ​ပွေ​တော်​သည် ပူ​သော​အ​ရှိန်​နှင့် ထွက်၏။ ပြင်း​စွာ​သော​လေ​ပွေ​ဖြစ်၍၊ မ​တ​ရား​သော သူ​တို့​ခေါင်း​ပေါ်​မှာ ပြင်း​စွာ​တိုက်​လိမ့်​မည်။

မင်း​များ​တို့​က၊ သင်​သွား​လော့။ ယေ​ရ​မိ​နှင့်​အ​တူ ပုန်း​ရှောင်၍​နေ​လော့။ အ​ဘယ်​မှာ​နေ​သည်​ကို တစ်​စုံ​တစ်​ယောက်​မျှ မ​သိ​စေ​နှင့်​ဟု ဗာ​ရုတ်​အား​မှာ​ခဲ့၍၊

ထို​ကြောင့်၊ ငါ၏​အ​မျက်​အ​ရှိန်​ကို ငါ​သွန်း​လောင်း၍၊ ယု​ဒ​မြို့​များ ယေ​ရု​ရှ​လင်​လမ်း​များ​တို့၌ အ​မျက်​မီး​ရှို့​သ​ဖြင့်၊ သူ​တို့​သည် ယ​နေ့၌ ဖြစ်​သ​ကဲ့​သို့ သုတ်​သင်​ပယ်​ရှင်း​ရာ​အ​ရပ် ဖြစ်​ကြ​၏။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အို ဣ​သ​ရေ​လ​အ​မျိုး၊ သင့်​ကို တိုက်​စေ​ဖို့ လူ​တစ်​မျိုး​ကို ဝေး​သော​အ​ရပ်​က ငါ​ဆောင်​ခဲ့​မည်။ အား​ကြီး​သော​အ​မျိုး၊ ရှေး​ကာ​လ၌ ဖြစ်​ဖူး​သော​အ​မျိုး၊ သူ​တို့​စ​ကား​ကို သင်​မ​သိ နား​မ​လည်​သော​အ​မျိုး ဖြစ်​လိမ့်​မည်။

နှစ်​ဆယ်​သုံး​နှစ်​တွင်၊ ကိုယ်​ရံ​တော်​မှူး နေ​ဗု​ဇာ​ရ​ဒန်​သည် ယု​ဒ​အ​မျိုး​သား ခု​နစ်​ရာ​လေး​ဆယ်​ငါး​ယောက်​တို့​ကို သိမ်း​သွား၏။ လူ​အ​ပေါင်း​ကား၊ လေး​ထောင်​ခြောက်​ရာ​ရှိ​သ​တည်း။

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​ပြည်၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​ကို ရည်​မှတ်၍ မိန့်​တော်​မူ​သော​စ​ကား​ကို ဆင့်​ဆို​ရ​မည်​မှာ၊ သူ​တို့​သည် သ​တိ​ပြု​လျက် အ​စာ​ကို စား​ရ​ကြ​မည်။ မိန်း​မော​တွေ​ဝေ​လျက် ရေ​ကို သောက်​ရ​ကြ​မည်။ ထို​သို့​သော​အား​ဖြင့်၊ ပြည်​သူ​ပြည်​သား အ​ပေါင်း​တို့​ပြု​သော အ​ဓ​မ္မ​အ​မှု​ကြောင့်၊ ဣ​သ​ရေ​လ​ပြည်​သည် မိ​မိ​ပြည့်​စုံ​ခြင်း​နှင့် ကင်း​လွတ်​ရ​လိမ့်​မည်။

သင့်​ကို​လည်း အ​တိုင်း​တိုင်း​အ​ပြည်​ပြည်​တို့​တွင်၊ အ​ရပ်​ရပ်​သို့ ကွဲ​ပြား​စေ​မည်။ သင်၏​အ​ညစ်​အ​ကြေး​ကို​လည်း ပယ်​ရှင်း​မည်။

သင်၏​အ​လယ်၌ အ​ဘ​တို့​သည် သား​တို့​ကို စား​ကြ​လိမ့်​မည်။ သား​တို့​သည်​လည်း အ​ဘ​တို့​ကို စား​ကြ​လိမ့်​မည်။ သင်၌​အ​ပြစ်​ဒဏ်​ကို စီ​ရင်၍၊ ကျန်​ကြွင်း​သ​မျှ​ကို အ​ရပ်​ရပ်​တို့​က​လာ​သော လေ​ရှေ့​မှာ ငါ​လွှင့်​မည်။

ထို​ချို​လေး​ချောင်း​တွင် တစ်​ချောင်း​ထဲ​က အ​ခြား​သော ချို​တက်​တစ်​ချောင်း​ပေါက်​ပြန်၍ တောင်​မျက်​နှာ​သို့​လည်း​ကောင်း၊ အ​ရှေ့​မျက်​နှာ​သို့​လည်း​ကောင်း၊ သာ​ယာ​သော​ပြည်​သို့​လည်း​ကောင်း မျက်​နှာ​ပြု၍၊ အ​လွန်​ကြီး​မား​ခြင်း​သို့ ရောက်​လေ၏။

ငါ့​ဘု​ရား​သ​ခင်၏ စ​ကား​တော်​ကို နား​မ​ထောင်​သော​ကြောင့် စွန့်​ပစ်​တော်​မူ၍၊ သူ​တို့​သည် တစ်​ပါး​အ​မျိုး​သား​တို့​တွင် အ​ရပ်​ရပ်​သို့ လှည့်​လည်​ရ​ကြ​မည်။

သူ​တို့​ရှေ့​မှာ မီး​လောင်၏။ နောက်၌​လည်း မီး​လျှံ​တောက်၏။ ရှေ့​တွင်​ရှိ​သော ပြည်​သည် ဧ​ဒင်​ဥ​ယျာဉ်​ကဲ့​သို့ ဖြစ်၏။ နောက်၌​ကား၊ သုတ်​သင်​ပယ်​ရှင်း​သော လွင်​ပြင်​ဖြစ်၏။ အ​ကယ်​စင်​စစ် သူ​တို့​လက်​မှ အ​ဘယ်​အ​ရာ​မျှ မ​လွတ်​ရ။

သင်​တို့၏​သား​သ​မီး​များ​ကို ချီ​သွား၍၊ သင်​တို့၏​တိ​ရ​စ္ဆာန်​များ​ကို ဖျက်​ဆီး​လျက်၊ သင်​တို့​ကို​နည်း​စေ​ခြင်း​ငှာ၊ သား​ရဲ​များ​ကို​ငါ​စေ​လွှတ်​သ​ဖြင့်၊ သင်​တို့​သွား​ရာ​လမ်း​မ​တို့​သည် လူ​ဆိတ်​ညံ​ရာ​ဖြစ်​ကြ​လိမ့်​မည်။

သာ​သ​နာ​ပ​လူ​တို့​တွင် သင်​တို့​ကို အ​ရပ်​ရပ်​ငါ​ကွဲ​ပြား​စေ၍၊ ဓား​မိုး​လျက်​လိုက်​မည်။ သင်​တို့​ပြည်​သည်​လည်း လူ​ဆိတ်​ညံ​လျက်၊ မြို့​သည်​လည်း ပျက်​စီး​လျက်​ရှိ​လိမ့်​မည်။

ရ​ဗ္ဗာ​မြို့​ရိုး​ကို​မီး​ရှို့၍ ဘုံ​ဗိ​မာန်​တို့​ကို လောင်​စေ​မည်။ စစ်​တိုက်​သော​နေ့၌ အော်​ဟစ်​ခြင်း၊ မိုး​သက်​မုန်​တိုင်း ရောက်​သော​နေ့၌ လွင့်​သွား​ခြင်း​ရှိ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​သည် စိတ်​ရှည်​တော်​မူ၏။ တန်​ခိုး​လည်း ကြီး​တော်​မူ၏။ သို့​ရာ​တွင်၊ အ​ပြစ်​တည်​သော သူ​တို့​ကို အ​ပြစ်​မှ လွှတ်​တော်​မ​မူ။ ထာ​ဝ​ရ​ဘု​ရား​သည် လေ​ပွေ၌​လည်း​ကောင်း၊ မိုး​သက်​မုန်​တိုင်း၌​လည်း​ကောင်း​ကြွ​တော်​မူ၍၊ မိုး​တိမ်​တို့​သည် စက်​တော်​အောက်၌ မြေ​မှုန့်​ကဲ့​သို့ ဖြစ်​ကြ၏။

ဗိုလ်​မင်း​တို့၏ ဦး​ခေါင်း​ကို မြား​တော်​တို့​နှင့် ထုတ်​ချင်း​ခပ် ထိုး​တော်​မူ၏။ ထို​သူ​တို့​သည် အ​ကျွန်ုပ်​တို့​ကို လွင့်​စေ​ခြင်း​ငှာ လေ​ပြင်း​မုန်​တိုင်း​ကဲ့​သို့ တိုက်​ကြ​ပါ၏။ ဆင်း​ရဲ​သား​တို့​ကို အ​မှတ်​တ​မဲ့ ကိုက်​စား​မည့်​အ​ကြံ​ရှိ​သ​ကဲ့​သို့ ဝမ်း​မြောက်​ကြ​ပါ၏။

လူ​အ​မျိုး​မျိုး​တို့​ကို ငါ​ပယ်​ဖြတ်၍ သူ​တို့​ရဲ​တိုက်​များ​ကို ဖျက်​ဆီး​လေ​ပြီ။ လမ်း​တို့၌ အ​ဘယ်​သူ​မျှ မ​သွား​မ​လာ​စေ​ခြင်း​ငှာ လူ​ဆိတ်​ညံ​စေ​ပြီ။ မြို့​တို့​ကို​လည်း လူ​တစ်​စုံ​တစ်​ယောက်​မျှ မ​နေ​စေ​ခြင်း​ငှာ ဖျက်​ဆီး​လေ​ပြီ။

အ​ချင်း​တို့၊ အ​ချင်း​တို့၊ မြောက်​မျက်​နှာ​အ​ရပ်​မှ ပြေး​လာ​ကြ​လော့​ဟု၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။ မိုး​ကောင်း​ကင်​အောက် လေး​မျက်​နှာ​တို့၌ သင်​တို့​ကို ငါ​နှံ့​ပြား​စေ​ပြီ​ဟု၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

တစ်​ဖန် ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့ ရောက်​လာ၍၊

ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​အ​ပေါ်​မှာ​ထင်​ရှား​တော်​မူ၍၊ မြား​တော်​သည် လျှပ်​စစ်​ပြက်​သ​ကဲ့​သို့ ပြေး​လိမ့်​မည်။ အ​ရှင်​ထာ​ဝ​ရ ဘု​ရား​သ​ခင်​သည် တံ​ပိုး​မှုတ်၍၊ တောင်​လေ​ပွေ​တို့​နှင့် ကြွ​သွား​တော်​မူ​လိမ့်​မည်။

သင်​မ​သိ​မ​ကျွမ်း​သော​လူ​မျိုး​သည် သင့်​နေ​ရာ​ပြည်၏ အ​သီး​အ​နှံ​ကို​လည်း​ကောင်း၊ သင်​လုပ်​ဆောင်၍​ရ​သော ဥ​စ္စာ​ကို​လည်း​ကောင်း စား​လိမ့်​မည်။ သင်​သည် ညှဉ်း​ဆဲ​နှိပ်​စက်​ခြင်း​ကို​သာ အ​စဉ်​မ​ပြတ်​ခံ​ရ​လိမ့်​မည်။

ရွှေ​လင်း​တ​ပျံ​တတ်​သ​ကဲ့​သို့ လျင်​မြန်​သော​လူ​မျိုး၊ ကြမ်း​တမ်း​သော​မျက်​နှာ​နှင့် ပြည့်​စုံ​လျက်၊ အ​သက်​ကြီး​သူ​ကို မ​ရို​သေ၊ အ​သက်​ငယ်​သူ​ကို မ​သ​နား​တတ်​သော​လူ​မျိုး​ကို၊ ဝေး​သော​အ​ရပ်၊ မြေ​ကြီး​စွန်း​မှ ထာ​ဝ​ရ​ဘု​ရား​သည်​ခေါ်၍ သင့်​ကို တိုက်​စေ​တော်​မူ​မည်။

ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ မြေ​ကြီး​စွန်း​တစ်​ဖက်​မှ​သည် တစ်​ဖက်​တိုင်​အောင်၊ လူ​မျိုး​အ​ပေါင်း​တို့​တွင် သင့်​ကို အ​ရပ်​ရပ်​ကွဲ​ပြား​စေ​တော်​မူ​သ​ဖြင့်၊ သင်​နှင့် သင့်​ဘိုး​ဘေး​တို့​မ​သိ​ဖူး​သော အ​ခြား​တစ်​ပါး​သော​ဘု​ရား၊ သစ်​သား​ဘု​ရား၊ ကျောက်​ဘု​ရား​တို့​ကို ဝတ်​ပြု​ရ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ သင်​တို့​ကို​တစ်​ပါး​အ​မျိုး​သား​တို့​တွင် အ​ရပ်​ရပ်​ကွဲ​ပြား​စေ၍၊ နှင်​ထုတ်​တော်​မူ​သော သာ​သ​နာ​ပ​လူ​တို့​တွင် သင်​တို့​သည် နည်း​နည်း​ကျန်​ကြွင်း​ရ​ကြ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ