ကောင်းကင်တမန်သည်လည်း ငါ့ကိုခေါ်၍၊ ကြည့်လော့။ မြောက်ပြည်သို့ သွားသော မြင်းတို့သည် ငါ့အမျက်ကို မြောက်ပြည်၌ တည်စေကြပြီဟု ဆို၏။
မင်းသည် သင့်ကိုစိတ်ဆိုးလျှင်၊ ကိုယ်နေသင့်ရာအရပ်မှ မရွှေ့နှင့်။ သည်းခံခြင်းသည် ကြီးသောအပြစ်ကို ဖြေတတ်၏။
ထိုကြောင့်၊ ဣသရေလအမျိုး၌ တန်ခိုးကြီးသောဘုရား၊ ကောင်းကင်ဗိုလ်ခြေသခင် အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ အဲ၊ ငါ့တစ်ဖက်၌ နေသောသူတို့ကို ပယ်ရှားပြီးမှ ငါချင်ရဲပြေမည်။ ကိုယ်အဖို့ကိုစောင့်၍ ငါ့ရန်သူတို့ကို အပြစ်နှင့် အလျောက်စီရင်မည်။
ရှိသမျှသောသင်တို့၊ စည်းဝေး၍ နားထောင်ကြလော့။ ဤအမှုအရာတို့ကို သင်တို့တွင် အဘယ်သူသည် ရှေးမဆွက ဟောနှင့်သနည်း။ ထာဝရဘုရားချစ်တော်မူသောသူသည် ဗာဗုလုန်မြို့၌ အလိုတော်ကို ပြည့်စုံစေမည်။ သူ၏လက်သည်လည်း၊ ခါလဒဲလူတို့အပေါ်သို့ ရောက်လိမ့်မည်။
ထိုသို့ ငါ့ဒေါသစိတ်ကို ငါဖြေမည်။ သင့်ကိုမယုံ။ အလွန်ပူပန်သောစိတ်ငြိမ်း၍၊ ငါသည်အမျက်မထွက်ဘဲ ငြိမ်သက်စွာနေမည်။
သင်ပြုဖူးသမျှသော အမှုတို့ကို ငါမမှတ်။ စိတ်ပြေသောအခါ သင်သည်အောက်မေ့၍ ရှက်ကြောက်ခြင်းနှင့် မျက်နှာပျက်ခြင်းကြောင့်၊ နှုတ်ကိုမဖွင့်ဘဲနေရလိမ့်မည်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။
သင်၏အညစ်အကြေး၌ အဓမ္မအမှုပါ၏။ ငါဆေးကြော၍ သင်သည် ဆေးကြောခြင်းကို မခံသောကြောင့်၊ ငါ၏အမျက်အရှိန်သည် သင့်အပေါ်သို့မရောက်မချင်းတိုင်အောင်၊ သင်၏အညစ်အကြေးကို မဆေးကြောရ။
ထိုသို့ ငါ့အမျက်အလို ပြည့်စုံလိမ့်မည်။ ငါ့ဒေါသအရှိန်ကို သူတို့အပေါ်မှာ တည်စေပြီးမှ၊ ငါ့စိတ်ပြေလိမ့်မည်။ သူတို့၌ ငါ့ဒေါသစိတ်အလိုကို ပြည့်စုံစေသောအခါ၊ ငါထာဝရဘုရားသည် စိတ်အားကြီး၍ မိန့်တော်မူကြောင်းကို သူတို့သိရကြလိမ့်မည်။
ငြိမ်ဝပ်စွာနေသော တစ်ပါးအမျိုးသားတို့ကို အလွန်အမျက်ထွက်၏။ အကြောင်းမူကား၊ ငါသည် ယေရုရှလင်မြို့ကို အနည်းငယ် အမျက်ထွက်သောအခါ သူတို့သည် ဝိုင်း၍ ညှဉ်းဆဲကြပြီ။
ရှံဆုန်ကလည်း၊ ထိုသို့ပြုသောကြောင့် ငါသည် စိတ်ပြေအောင် ပြုမည်။ စိတ်ပြေပြီးမှ ငြိမ်သက်စွာနေမည်ဟု ဆိုလျက်၊
ဘုရားသခင်သည် မိဒျန်ဗိုလ်ချုပ် ဩရဘနှင့်ဇေဘတို့ကို သင်တို့လက်၌ အပ်တော်မူပြီ။ သင်တို့ပြုသကဲ့သို့ ငါသည် အဘယ်သို့ ပြုနိုင်သနည်းဟု ပြန်ပြောသောစကားကို သူတို့သည်ကြားသောအခါ စိတ်ပြေကြ၏။