Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဇာ​ခ​ရိ 6:3

Judson Bible

တ​တိ​ယ​ရ​ထား၌ မြင်း​ဖြူ၊ စ​တု​တ္ထ​ရ​ထား၌ ခွန်​အား​ကြီး​သော မြင်း​ကျား​တို့​သည် က​လျက်​ရှိ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ထို​တိ​ရ​စ္ဆာန်​များ​တို့​သည်၊ ယှက်​တင်​ကြ​သော​အ​ခါ၊ ငါ​မျှော်​ကြည့်၍၊ တိ​ရ​စ္ဆာန်​မ​တို့​နှင့်​ပေါင်း​ဖော်​သော တိ​ရ​စ္ဆာန်​အ​ထီး​တို့​သည်၊ အ​ပြောက်​အ​ကျား​မှ​စ၍၊ အ​ထွေ​ထွေ​သော​အ​ဆင်း​ရှိ​ကြောင်း​ကို အိပ်​မက်၌​ငါ​မြင်​ရ၏။

ဝမ်း​နှင့် ပေါင်​နှစ်​ဖက်​သည် ကြေး​ဝါ​ဖြစ်၏။ ခြေ​သ​လုံး​နှစ်​ဖက်​သည် သံ​ဖြစ်၏။ ခြေ​ဖ​ဝါး​နှင့် ဖ​မိုး​သည် သံ​တစ်​ပိုင်း​သ​ရွတ်​တစ်​ပိုင်း ဖြစ်၏။

ည​အ​ခါ​မြင်​ရ​သော ရူ​ပါ​ရုံ​ဟူ​မူ​ကား၊ မြင်း​နီ​ကို စီး​သော လူ​တစ်​ဦး​သည် ထင်​ရှား၍ ချိုင့်​တွင်​ရှိ​သော မု​ရ​တု​တော၌ ရပ်၏။ သူ့​နောက်​မှာ နီ​သော​မြင်း၊ ညို​သော​မြင်း၊ ဖြူ​သော​မြင်း​တို့​သည် ရှိ​ကြ၏။

ထို​အ​ခါ ကောင်း​ကင်​ဘုံ ဖွင့်​လှစ်​လျက်​ရှိ​သည်​ကို ငါ​မြင်​လျှင်၊ မြင်း​ဖြူ​ရှိ၏။ မြင်း​စီး​သော သူ​သည် သ​စ္စာ​ဟူ​သော​အ​မည်၊ သ​မ္မာ​ဟူ​သော​အ​မည်​ရှိ သ​တည်း။ ထို​သူ​သည် တ​ရား​သ​ဖြင့် စီ​ရင်​တတ်၏။ တ​ရား​သ​ဖြင့် စစ်​တိုက်​တတ်၏။-

တစ်​ဖန်​တုံ၊ ဖြူ​သော​ပ​လ္လင်​ကြီး​ကို​လည်း​ကောင်း၊ ပ​လ္လင်​ပေါ်​မှာ ထိုင်​တော်​မူ​သော​သူ​ကို​လည်း​ကောင်း ငါ​မြင်၏။ ကောင်း​ကင်​နှင့် မြေ​ကြီး​သည် မျက်​နှာ​တော်​ရှေ့​မှ ပြေး​လွင့်၍ သူ​တို့ နေ​စ​ရာ​အ​ရပ်​မ​ရှိ။-

ထို​အ​ခါ ငါ​ကြည့်​လျှင်၊ မြင်း​ဖြူ​တစ်​စီး​ရှိ၏။ မြင်း​စီး​သော​သူ​သည် လေး​ကို​ကိုင်၏။ သူ၌​သ​ရ​ဖူ​ကို ပေး​တော်​မူ၏။ အောင်​မြင်​လျက်​လည်း​ကောင်း၊ အောင်​မြင်​ခြင်း​ငှာ​လည်း​ကောင်း ထွက်​သွား၏။

ထို​အ​ခါ​ငါ​ကြည့်​လျှင်၊ မြင်း​မွဲ​တစ်​စီး​ရှိ၏။ မြင်း​စီး​သော​သူ​သည် မ​ရ​ဏ​ဟူ​သော​အ​မည်​ရှိ၏။ မ​ရ​ဏနိုင်​ငံ​သည် ထို​သူ​နောက်​သို့ လိုက်​လေ၏။ သူ​သည် မြေ​ကြီး လေး​စိတ်​တစ်​စိတ်​ကို အ​စိုး​ရ၍ ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး၊ နာ၍​သေ​ဘေး၊ မြေ​သား​ရဲ​ဘေး​အား​ဖြင့် သတ်​ပိုင်​သော အ​ခွင့်​ကို​ရ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ