Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဇာ​ခ​ရိ 6:1

Judson Bible

တစ်​ဖန် ငါ​မျှော်​ကြည့်၍၊ ကြေး​ဝါ​ဖြင့် ပြီး​သော တောင်​နှစ်​လုံး​ကြား​မှ ရ​ထား​လေး​စီး​ထွက်​လာ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

22 ပူးပေါင်းရင်းမြစ်များ  

အို​ထာ​ဝ​ရ​ဘု​ရား၊ ဤ​သူ​သည် မြင်​နိုင်​မည်​အ​ကြောင်း သူ၏​မျက်​စိ​ကို​ဖွင့်​တော်​မူ​ပါ​ဟု ဆု​တောင်း​သည်​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ထို​လု​လင်၏​မျက်​စိ​ကို​ဖွင့်​တော်​မူ​သ​ဖြင့်၊ ဧ​လိ​ရှဲ​ပတ်​လည်၌ တစ်​တောင်​လုံး​သည်​မီး​မြင်း၊ မီး​ရ​ထား​နှင့်​ပြည့်​သည်​ကို မြင်​လေ၏။

ဘု​ရား​သ​ခင်​သည် ချမ်း​သာ​ပေး​တော်​မူ​လျှင် အ​ဘယ်​သူ​နှောင့်​ယှက်​နိုင်​သ​နည်း။ မျက်​နှာ​လွှဲ​တော်​မူ​လျှင် လူ​တစ်​မျိုး​လုံး​ဖြစ်​စေ၊ တစ်​ယောက်​တည်း​ဖြစ်​စေ၊ အ​ဘယ်​သူ​သည် မျက်​နှာ​တော်​ကို ဖူး​မြင်​နိုင်​သ​နည်း။

ထာ​ဝ​ရ​ဘု​ရား၏​ပြ​ဌာန်း​တော်​မူ​ခြင်း​သည် ကာ​လ​အ​န​န္တ​နှင့်​ဆိုင်၍၊ စိတ်​နှ​လုံး​တော်၏​အ​ကြံ​အ​စည်​တို့​သည် သား​စဉ်​မြေး​ဆက် အ​ဆုံး​တိုင်​အောင်​တည်​ကြ​လိမ့်​မည်။

ဖြောင့်​မတ်​တော်​မူ​ခြင်း​တ​ရား​သည် ကြီး​မား​စွာ​သော​တောင်​ရိုး​နှင့် တူ​ပါ၏။ တ​ရား​စီ​ရင်​တော်​မူ​ချက်​တို့​သည် အ​လွန်​နက်​နဲ​ရာ ဖြစ်​ကြ​ပါ၏။ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် လူ​မျိုး​နှင့် တိ​ရ​စ္ဆာန်​မျိုး​ကို စောင့်​မ​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​တစ်​ဖက်၌ ဉာဏ်​မ​တည်၊ ပ​ညာ​မ​တည်၊ အ​ကြံ​တစ်​စုံ​တစ်​ခု​မျှ မ​တည်​နိုင်။

နေ့​ရက်​ကာ​လ​မ​ဖြစ်​မီ ငါ​သည် ဘု​ရား​ဖြစ်၏။ ငါ့​လက်​မှ အ​ဘယ်​သူ​မျှ မ​ကယ်​မ​နုတ်​နိုင်။ ငါ​ပြု​သော​အ​မှု​ကို အ​ဘယ်​သူ ဆီး​တား​မည်​နည်း​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။

ကြည့်​ရှု​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် ပြင်း​စွာ​သော အ​ရှိန်​အား​ဖြင့် အ​မျက်​တော်​ကို​လည်း​ကောင်း၊ မီး​လျှံ​အား​ဖြင့် ဆုံး​မ​တော်​မူ​ခြင်း​ကို​လည်း​ကောင်း ထင်​ရှား​စွာ​ပြ​ခြင်း​ငှာ၊ လေ​ပွေ​ကဲ့​သို့​သော ရ​ထား​တော်​တို့​ကို​စီး၍၊ မီး​ကဲ့​သို့ ကြွ​လာ​တော်​မူ​လိမ့်​မည်။

လာ​သော​မင်း​သည် မိုး​တိမ်​ကဲ့​သို့ လာ​လိမ့်​မည်။ သူ၏​ရ​ထား​တို့​သည် လေ​ပွေ​ကဲ့​သို့​ဖြစ်​ကြ၏။ သူ၏​မြင်း​တို့​သည် ရွှေ​လင်း​တ​ထက် သာ၍ လျင်​မြန်​ကြ၏။ ငါ​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ ပျက်​စီး​ခြင်း​သို့ ရောက်​ကြ​ပြီ။

သို့​သော်​လည်း၊ မြေ၌​စွဲ​သော အ​မြစ်​နှင့်​တ​ကွ သစ်​ငုတ်​ကို​ခြွင်း​ထား၍၊ သံ​ကြိုး၊ ကြေး​ဝါ​ကြိုး​နှင့် ချည်​နှောင်​သ​ကဲ့​သို့ နု​သော​မြက်​ပင်​ထဲ၌ ရှိ​စေ​လော့။ ခု​နစ်​နှစ်​ပတ်​လုံး မိုး​စွတ်​ခြင်း​ကို​ခံ၍၊ မြေ​တိ​ရ​စ္ဆာန်​တို့​နှင့်​အ​တူ မြက်​ဝေ​စုကို စား​စေ​လော့။

မြေ​ကြီး​သား​အ​ပေါင်း​တို့​သည် ရှေ့​တော်၌ အ​ဘယ်​မျှ​မ​ဟုတ်​သ​ကဲ့​သို့ ဖြစ်​ကြ၏။ ကောင်း​ကင်​ဗိုလ်​ခြေ​တို့၌​လည်း​ကောင်း၊ မြေ​ကြီး​သား​တို့၌​လည်း​ကောင်း အ​လို​တော်​ရှိ​သည်​အ​တိုင်း စီ​ရင်​ပြု​ပြင်​တော်​မူ၏။ လက်​တော်​ကို အ​ဘယ်​သူ​မျှ မ​ဆီး​တား​နိုင်။ အ​ဘယ်​သို့​ပြု​သ​နည်း​ဟု ကိုယ်​တော်​ကို ဆို​နိုင်​သော​သူ​မ​ရှိ။

ထို​ချို​ကျိုး​ပဲ့၍၊ သူ့​အ​ရာ၌ ချို​လေး​ချောင်း​ပေါက်​သည်​မှာ အ​ရင်​နိုင်​ငံ​တွင် နိုင်​ငံ​လေး​ပါး ထည်​ထောင်​လိမ့်​မည်။ အ​ရင်​နိုင်​ငံ၏​တန်​ခိုး​နှင့် မ​ပြည့်​စုံ​ကြ။

တစ်​ဖန်​ငါ​မျှော်​ကြည့်၍၊ ပျံ​ဝဲ​လျက်​ရှိ​သော စာ​စောင်​ကို မြင်၏။

ကောင်း​ကင်​တ​မန်​က၊ ထို​ရ​ထား​တို့​သည်၊ မြေ​ကြီး​တစ်​ပြင်​လုံး​ကို အ​စိုး​ပိုင်​တော်​မူ​သော အ​ရှင်၏​ရှေ့​တော်၌ ရပ်​နေ​ရာ​မှ ထွက်​သွား​သော မိုး​ကောင်း​ကင်​လေ လေး​ပါး​ဖြစ်၏။

ကိုယ်​တော်၏ အ​လို​ရှိ​သည်​အ​တိုင်း၊ ရှေး​မ​ဆွ​က လက်​တော်​ဖြင့် ခွဲ​ခန့်​မှတ်​သား​တော်​မူ​နှင့်​သ​မျှ​တို့​ကို ပြု​ခြင်း​ငှာ ဘိ​သိက်​ပေး​တော်​မူ​သော သား​တော်​မြတ်​ယေ​ရှု​ကို ဤ​မြို့၌​ရန်​ဘက်​ပြု၍ စည်း​ဝေး​ကြ​ပြီ၊ အ​မှန်​ဖြစ်​ပါ၏။-

မိ​မိ​စေ​တ​နာ၏ အ​လို​တော်​သို့​လိုက်၍ အ​လုံး​စုံ​တို့​ကို စီ​ရင်​ပြု​ပြင်​တော်​မူ​တတ်​သော သူ၏ ကြံ​စည်​ခြင်း​ရှိ​သည်​အ​တိုင်း၊ ရှေး​မ​ဆွ​က ခွဲ​ခန့်​မှတ်​သား​တော်​မူ​သည်​နှင့်​အ​ညီ၊ ငါ​တို့​သည် ထို​ခ​ရစ်​တော်​အား​ဖြင့် အ​မွေ​ခံ​ဖြစ်​ကြ၏။-

ဆင်း​ရဲ​သော​သူ​ကို မြေ​မှုန့်​ထဲ​က​လည်း​ကောင်း၊ ငတ်​မွတ်​သော​သူ​ကို နောက်​ချေး​ပုံ​ထဲ​က​လည်း​ကောင်း ချီး​မြှောက်၍၊ မင်း​သား​တို့​နှင့် ထိုင်​ရ​သော​အ​ခွင့်၊ ဘုန်း​ကြီး​သော​ပ​လ္လင်​ကို အ​မွေ​ခံ​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ၏။ အ​ကြောင်း​မူ​ကား၊ မြေ​ကြီး​တိုင်​တို့​ကို ထာ​ဝ​ရ​ဘု​ရား​ပိုင်၍ ထို​တိုင်​တို့​အ​ပေါ်​မှာ လော​က​ဓာတ်​ကို တည်​တော်​မူ​ပြီ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ