တစ်ဖန် ငါနှင့်ပြောဆိုသော ကောင်းကင်တမန်သည် ထွက်၍၊ ယခုထွက်လာသောအရာကို မျှော်ကြည့်လော့ဟု ငါ့အားဆိုလျှင်၊
အချင်းလူသား၊ မြောက်လမ်းသို့ မျှော်ကြည့်လော့ဟု မိန့်တော်မူသည်အတိုင်း၊ မြောက်လမ်းသို့ ငါမျှော်ကြည့်၍၊ မြောက်မျက်နှာ၊ ယဇ်ပလ္လင်တံခါးဝ၌အမျက်တော်ကို နှိုးဆော်သောရုပ်တုရှိ၏။
ငါနှင့် ပြောဆိုသော ကောင်းကင်တမန်ကလည်း၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏အမိန့်တော်ကို ဆင့်ဆို၍ ကြွေးကြော်ရမည်မှာ၊ ငါသည် ယေရုရှလင်မြို့နှင့် ဇိအုန်တောင်အဖို့ အလွန်ကြင်နာသောစိတ်အားကြီး၏။
ငါနှင့် ပြောဆိုသော ကောင်းကင်တမန်အားလည်း၊ ထိုဦးချိုတို့ကား အဘယ်သို့နည်းဟု မေးမြန်းသော်၊ ထိုဦးချိုတို့သည် ယုဒပြည်၊ ဣသရေလပြည်၊ ယေရုရှလင်မြို့တို့ကို အရပ်ရပ်သို့ ကွဲပြားစေသော ဦးချိုဖြစ်သည်ဟု ပြန်ပြော၏။
ငါကလည်း၊ အို သခင်၊ ထိုသူတို့ကား အဘယ်သူနည်းဟု မေးသော်၊ ငါနှင့်ပြောဆိုသော ကောင်းကင်တမန်က၊ ထိုသူတို့ကား အဘယ်သူဖြစ်သည်ကို ငါပြမည်ဟု ဆိုပြီးမှ၊
ငါနှင့်ပြောဆိုသော ကောင်းကင်တမန်သည်ထွက်သွားသော်၊ အခြားသောကောင်းကင်တမန်သည် ကြိုဆိုလျက်၊
ငါနှင့်ပြောဆိုသော ကောင်းကင်တမန်က၊ ဤအရာတို့ကား၊ အဘယ်အရာဖြစ်သည်ကို နားမလည်သလောဟု မေးလျှင်၊ အကျွန်ုပ် နားမလည်ပါသခင်ဟု လျှောက်၏။