ရှိနာပြည်၌ ဧဖာအဖို့ အိမ်ဆောက်ခြင်းငှာ ချီသွားကြ၏။ ထိုပြည်၌ သူ၏ခုံပေါ်မှာ တင်ထား၍ နေရာချကြလိမ့်မည်ဟု ဆို၏။
သူ၏နိုင်ငံအဦးကား၊ ရှိနာပြည်၌ ဗာဗုလုန်မြို့၊ ဧရက်မြို့၊ အက္ကဒ်မြို့၊ ကာလနေမြို့တည်း။
အရှေ့မျက်နှာမှခရီးသွားသဖြင့်၊ ရှိနာပြည်၌ မြေညီရာအရပ်ကိုတွေ့၍ နေရာချကြ၏။
ထိုရောအခါ၊ ရှိနာမင်းကြီးအံရဖေလ၊ ဧလာသာမင်းကြီးအာရုတ်၊ ဧလံမင်းကြီးခေဒေါရလောမာ၊ ဂေါအိမ်မင်းကြီးတိဒလတို့သည်၊
ထိုကာလ၌ ထာဝရဘုရားသည် လက်တော်ကိုဆန့်၍၊ ကျန်ကြွင်းသော ကိုယ်တော်၏လူတို့ကို အာရှုရိပြည်၊ အဲဂုတ္တုပြည်၊ ပါသရုပြည်၊ ကုရှပြည်၊ ဧလံပြည်၊ ရှိနာပြည်၊ ဟာမတ်ပြည်၊ ပင်လယ်တစ်ဖက်၌ ရှိသောပြည်များတို့မှကယ်ယူခြင်းငှာ တစ်ဖန် ပြုတော်မူလိမ့်မည်။
သူကလည်း၊ ဤအမှု ကြာလိမ့်မည်။ အိမ်တို့ကိုဆောက်၍ နေရာချကြလော့။ ဥယျာဉ်တို့ကို စိုက်ပျိုး၍ အသီးကို စားကြလော့ဟု၊ ဗာဗုလုန်မြို့၌နေသော ငါတို့ကိုမှာလိုက်ပါပြီတကားဟု၊
ထာဝရဘုရားသည် ယုဒရှင်ဘုရင် ယောယကိမ်မှစ၍ ဗိမာန်တော်တန်ဆာအချို့တို့ကို နေဗုခဒ်နေဇာလက်သို့ အပ်နှံတော်မူ၍၊ ထိုတန်ဆာများကို နေဗုခဒ်နေဇာမင်းသည် ရှိနာပြည်၌ရှိသော မိမိဘုရား၏ကျောင်းသို့ ယူသွားပြီးလျှင်၊ ရွှေတိုက်၌ သွင်းထားတော်မူ၏။
အကြောင်းမူကား၊ ဣသရေလအမျိုးသားတို့သည် နေ့ရက်များစွာ ရှင်ဘုရင်မရှိ၊ မင်းသားမရှိ၊ ယဇ်ပူဇော်ခြင်းမရှိ၊ ဆင်းတုမရှိ၊ သင်တိုင်းမရှိ၊ တေရပ်ရုပ်တုမရှိဘဲ နေရကြလိမ့်မည်။
ထိုဧဖာကို အဘယ်သို့ ချီသွားကြသနည်းဟု ငါနှင့် ပြောဆိုသော ကောင်းကင်တမန်အား ငါမေးသော်၊
သူတို့သည် ဓားဘေးဖြင့် ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။ အခြားသောပြည်အရပ်ရပ်သို့ ဖမ်းသွားကြလိမ့်မည်။ တစ်ပါးအမျိုးသားတို့သည် မိမိတို့ အချိန်ကာလ မပြည့်စုံမီတိုင်အောင် ယေရုရှလင်မြို့ကို ခြေနှင့် နင်းကြလိမ့်မည်။
ထာဝရဘုရားသည် သင်ခံရသောဘေး၊ သင့်အမျိုးအနွယ် ခံရသောဘေးတို့ကို အံ့ဩဖွယ်သောဘေး၊ အလွန်ကြီး၍ မြဲမြံသောဘေး၊ အလွန်ပြင်း၍ မြဲမြံသောရောဂါဝေဒနာ ဖြစ်စေတော်မူမည်။