Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဇာ​ခ​ရိ 3:3

Judson Bible

ယော​ရှု​သည် ညစ်​ညူး​သော​အ​ဝတ်​ကို ဝတ်​လျက်၊ ကောင်း​ကင်​တ​မန်​ရှေ့​မှာ ရပ်​နေ​သည်​ဖြစ်၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ထို​ဘု​ရား​သ​ခင်၏ ပ​ရော​ဖက်​တို့​သည် ဝိုင်း​သ​ဖြင့်၊ ရှာ​လ​သေ​လ​သား ဇေ​ရု​ဗ​ဗေ​လ​နှင့် ယော​ဇ​ဒက်​သား ယော​ရှု​သည် ထ၍ ယေ​ရု​ရှ​လင်​မြို့၏ ဗိ​မာန်​တော်​ကို တည်​စ​ပြု​ပြန်​ကြ၏။

အို ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ဖြောင့်​မတ်​တော်​မူ၏။ အ​ကျွန်ုပ်​တို့​သည် ယ​နေ့​အ​သက်​လွတ်၍ ကျန်​ကြွင်း​သေး​သော​သူ ဖြစ်​ပါ၏။ ကိုယ်​အ​ပြစ်​များ​ကို ရှေ့​တော်၌ တောင်း​ပန်​ပါ၏။ ထို​အ​ပြစ်​ကြောင့်၊ ရှေ့​တော်၌ နေ​ရာ​မ​ရ​နိုင်​ပါ​ဟု တောင်း​လျှောက်​လေ၏။

ဇိ​အုန်​သ​တို့​သ​မီး​တို့၏ အ​ညစ်​အ​ကြေး​ကို​ဆေး​ကြော၍၊ ယေ​ရု​ရှ​လင်​မြို့၏​အ​သွေး​ကို မြို့​ထဲ​က ပယ်​ရှား​တော်​မူ​ပြီး​လျှင်၊ ဇိ​အုန် တောင်​မှာ​ကျန်​ကြွင်း၍၊ ယေ​ရု​ရှ​လင်​မြို့၌ နေ​ရစ်​သော​သူ​တည်း​ဟူ​သော အ​သက်​စာ​ရင်း​ဝင်​သ​မျှ​သော ယေ​ရု​ရှ​လင်​မြို့​သား​တို့​သည် သန့်​ရှင်း​ခြင်း​ရှိ​ကြ​လိမ့်​မည်။

ဝမ်း​မြောက်​သော​စိတ်​နှင့် ဖြောင့်​မတ်​စွာ ကျင့်​သော​သူ၊ တ​ရား​တော်​လမ်း​တို့၌ ကိုယ်​တော်​ကို အောက်​မေ့​သော​သူ​တို့​နှင့် ကိုယ်​တော်​သည် မိတ်​သ​ဟာ​ယ​ဖွဲ့​တော်​မူ၏။ ထို​လမ်း​တို့​မှ အ​ကျွန်ုပ်​တို့​သည် အ​စဉ်​လွှဲ​တတ်​သော​ကြောင့် အ​မျက်​ထွက်​တော်​မူ၏။ ကယ်​တင်​ခြင်း​သို့ ရောက်​ရ​ကြ​ပါ​မည်​လော။

အ​ကျွန်ုပ်​တို့​ရှိ​သ​မျှ​သည် စင်​ကြယ်​ခြင်း​မ​ရှိ​ပါ။ ပြု​ဖူး​သ​မျှ​သော ကု​သိုလ်​ကောင်း​မှု​တို့​သည် ညစ်​သော​အ​ဝတ်​နှင့် တူ​ကြ​ပါ၏။ အ​ကျွန်ုပ်​တို့ ရှိ​သ​မျှ​သည် သစ်​ရွက်​ကဲ့​သို့ ညှိုး​နွမ်း​လျက်​ရှိ၍၊ ကိုယ်​အ​ပြစ်​တို့​သည် လေ​ကဲ့​သို့ အ​ကျွန်ုပ်​တို့​ကို တိုက်​သွား​ပါ​ပြီ။

အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင်၊ နား​တော်​ကို​လှည့်၍ နား​ထောင်​တော်​မူ​ပါ။ မျက်​စိ​တော်​ကို​ဖွင့်၍ အ​ကျွန်ုပ်​တို့ ပျက်​စီး​ရာ​များ​ကို​လည်း​ကောင်း၊ နာ​မ​တော်​ဖြင့် သ​မုတ်​သော​မြို့​ကို​လည်း​ကောင်း ကြည့်​ရှု​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​သည် ကိုယ်​ကု​သိုလ်​ကို အ​မှီ​မ​ပြု၊ မ​ဟာ​က​ရု​ဏာ​တော်​ကို​သာ အ​မှီ​ပြု၍ ပ​တ္ထ​နာ​စ​ကား​ကို ရှေ့​တော်၌ ဆက်​ကပ်​ပါ၏။

ရွှေ​လက်​စွပ်​နှင့် တင့်​တယ်​သော အ​ဝတ်​ကို ဝတ်​ဆင်​သော​သူ၊ ညစ်​သော​အ​ဝတ်​ကို​ဝတ်၍ ဆင်း​ရဲ​သော သူ​နှစ်​ဦး​သည် သင်​တို့၏ တ​ရား​ဇ​ရပ်​ထဲ​သို့ ဝင်​သော​အ​ခါ၊-

ကိုယ်​ကာ​ယ​နှင့် ညစ်​ညူး​စွန်း​ကွက်​သော အ​ဝတ်​ကို​ပင် စက်​ဆုပ်​ရွံ​ရှာ၍ ကြောက်​ရွံ့​ခြင်း​နှင့်​တ​ကွ၊ အ​ချို့​တို့​ကို မီး​ထဲ​မှ ဆယ်​နုတ်​ကယ်​တင်​ကြ​လော့။

ထို​မိန်း​မ​သည် စင်​ကြယ်​ပြောင်​လက်​သော ပိတ်​ချော​ကို ဝတ်​ဆင်​ရ​သော​အ​ခွင့်​ကို ရ၏။ ထို​ပိတ်​ချော​မူ​ကား၊ သန့်​ရှင်း​သူ​တို့၏ ဖြောင့်​မတ်​ခြင်း ဖြစ်​သ​တည်း။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ