Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဇာ​ခ​ရိ 3:10

Judson Bible

ထို​နေ့၌ သင်​တို့​သည် မိ​မိ​တို့ အိမ်​နီး​ချင်း တစ်​ယောက်​ကို​တစ်​ယောက် စ​ပျစ်​ပင်​အောက်၊ သင်္ဘော​သ​ဖန်း​ပင် အောက်​သို့ ခေါ်​ဖိတ်​ကြ​လိမ့်​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

လက်​ထက်​တော်​ကာ​လ​ပတ်​လုံး၊ ယု​ဒ​အ​မျိုး​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဒန်​မြို့​မှ​စ၍ ဗေ​ရ​ရှေ​ဘ​မြို့​တိုင်​အောင် အ​သီး​အ​သီး​မိ​မိ​စ​ပျစ်​ပင်၊ မိ​မိ​သင်္ဘော​သ​ဖန်း​ပင်​အောက်​မှာ ငြိမ်​ဝပ်​စွာ​နေ​ရ​ကြ၏။

ထာ​ဝ​ရ​ဘု​ရား​က၊ ငါ့​အ​ဘ​ဒါ​ဝိဒ်​အား သင့်​ကိုယ်​စား သင်၏​ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ ငါ​တင်​သော သင်၏​သား​သည် ငါ့​နာ​မ​အ​ဖို့ အိမ်​ကို တည်​ဆောက်​ရ​မည်​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ ငါ၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​အ​ဖို့ အိမ်​တော်​ကို တည်​ဆောက်​မည်​ဟု ငါ​အ​ကြံ​ရှိ၏။

ငါ၏​လူ​တို့​သည်​လည်း၊ ငြိမ်​သက်​သော​နေ​ရာ၊ လုံ​ခြုံ​သော​မြို့​ရွာ၊ ဘေး​လွတ်​သော ချမ်း​သာ​ရာ​အ​ရပ်​တို့၌ နေ​ရ​ကြ​လိမ့်​မည်။

ဟေ​ဇ​ကိ​စ​ကား​ကို နား​မ​ထောင်​ကြ​နှင့်။ အာ​ရှု​ရိ​ရှင်​ဘု​ရင် မိန့်​တော်​မူ​သည်​ကား၊ ငါ​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​ကြ။ ငါ့​ထံ​သို့ ထွက်​လာ​ကြ။

ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဤ​ပြည်၌​အိမ်၊ လယ်​ယာ၊ စ​ပျစ်​ဥ​ယျာဉ်​တို့​ကို ပိုင်​ရ​ကြ​လေ​ဦး​မည်​ဟု မိန့်​တော်​မူ​ကြောင်း​ကို ပြန်​ပြော​သ​ဖြင့်၊ ထို​သူ​တို့​ရှေ့​မှာ ဗာ​ရုတ်​ကို​မှာ​ထား​လေ၏။

ထို​ကာ​လ၌ ငါ​သည် သူ​တို့​အ​တွက်၊ တော​သား​ရဲ၊ မိုး​ကောင်း​ကင်​ငှက်၊ မြေ​ပေါ်​မှာ တွား​တတ်​သော​တိ​ရ​စ္ဆာန်​များ​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့၍၊ လေး၊ ဓား၊ စစ်​တိုက်​လက်​နက်​တို့​ကို မြေ​ပေါ်​က ပယ်​ရှား​သ​ဖြင့် သူ​တို့​သည် စိုး​ရိမ်​ခြင်း​မ​ရှိ​ဘဲ အိပ်​ရ​ကြ​လိမ့်​မည်။

လူ​အ​ပေါင်း​တို့​သည် ကိုယ်​ပိုင်​သော​စ​ပျစ်​ပင်၊ ကိုယ်​ပိုင်​သော သင်္ဘော​သ​ဖန်း​ပင်​အောက်​မှာ ထိုင်​ကြ​လိမ့်​မည်။ ကြောက်​စေ​သော​သူ တစ်​ယောက်​မျှ​မ​ရှိ​ရ။ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​တော်​ထွက် အ​မိန့်​တော်​ရှိ၏။

ထို​ကာ​လ၌ လူ​မျိုး​အ​များ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ဘက်​သို့​ဝင်​စား၍ ငါ၏​လူ ဖြစ်​ကြ​လိမ့်​မည်။ သင့်​အ​လယ်၌ ငါ​နေ​မည်။ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို သင့်​ဆီ​သို့ စေ​လွှတ်​တော်​မူ​သည်​ကို သင်​သိ​ရ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ