Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဇာ​ခ​ရိ 2:4

Judson Bible

သင်​သည်​ပြေး၍ ထို​လု​လင်​ကို ဆင့်​ဆို​ရ​မည်​မှာ၊ ယေ​ရု​ရှ​လင်​မြို့​သား လူ​သ​တ္တ​ဝါ​တိ​ရ​စ္ဆာန်​တို့​သည် အ​လွန်​များ​သော​ကြောင့် ရွာ​တို့၌ နေ​ရ​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

24 ပူးပေါင်းရင်းမြစ်များ  

မြို့​ရိုး​မ​ရှိ​သော​ရွာ​တို့၌​နေ​သော ယု​ဒ​လူ​တို့​သည်​လည်း၊ အာ​ဒါ​လ တစ်​ဆယ်​လေး​ရက်​နေ့​ကို ပျော်​မွေ့​စွာ ပွဲ​ခံ​ရာ​နေ့၊ မင်္ဂ​လာ​နေ့၊ တစ်​ယောက်​ကို​တစ်​ယောက် လက်​ဆောင်​ပေး​လိုက်​ရာ​နေ့ ဖြစ်​စေ​ကြ၏။

ငါ​တို့​ပွဲ​ခံ​ရာ​မြို့၊ ဇိ​အုန်​မြို့​ကို ကြည့်​ရှု​လော့။ တိုင်​တစ်​ခု​မျှ​မ​ရွှေ့၊ ကြိုး​တစ်​ခု​မျှ​မ​ပြတ်၊ အ​လျှင်း​မ​ပျက်​ရ​သော တဲ​တည်း​ဟူ​သော၊ ငြိမ်​ဝပ်​သော​နေ​ရာ ယေ​ရု​ရှ​လင်​မြို့​ကို ကိုယ်​မျက်​စိ​နှင့် မြင်​ရ​လိမ့်​မည်။

ငါ​သည် ငါ့​ကျွန်၏​စ​ကား​ကို​တည်​စေ၍၊ ငါ့​တ​မန်​တို့​ဟော​ပြော​သည်​အ​တိုင်း ပြု​တတ်၏။ ယေ​ရု​ရှ​လင်​မြို့​ကို သင်​သည် လူ​နေ​ရာ​ဖြစ်​လိမ့်​မည် ဟူ၍​လည်း​ကောင်း၊ ယု​ဒ​မြို့​တို့​ကို သင်​တို့​သည် တည်​ဆောက်​လျက် ရှိ​ကြ​လိမ့်​မည်။ ပြို​ပျက်​ရာ​များ​ကို ငါ​ပြု​ပြင်​မည်​ဟူ၍​လည်း​ကောင်း​ဆို၏။

သင်၏​သား​များ​ဆုံး​ပြီး​မှ၊ တစ်​ဖန်​ရ​ပြန်​သော​သား​တို့​က၊ နေ​ရာ​မ​လောက်​ပါ။ နေ​စ​ရာ​အ​ရပ်​ကို​ပေး​ပါ​ဟု သင့်​အား တောင်း​ကြ​လေ​ဦး​မည်။

မီး​ကို​မှုတ်၍၊ မိ​မိ​အ​လုပ်​တည်း​ဟူ​သော လက်​နက်​ကို​လုပ်​တတ်​သော ပန်း​ပဲ​ကို​လည်း​ကောင်း၊ ဖျက်​ဆီး​စေ​ခြင်း​ငှာ ဖျက်​ဆီး​သော​သူ​ကို​လည်း​ကောင်း ငါ​ဖန်​ဆင်း၏။

ငါ​က​လည်း၊ အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် မ​ဟော​မ​ပြော​တတ်​ပါ။ သူ​ငယ်​ဖြစ်​ပါ၏​ဟု လျှောက်​လျှင်၊

ထို​အ​ရပ်၌ ယု​ဒ​ပြည်​သူ၊ ယု​ဒ​မြို့​ရွာ​သား အ​ပေါင်း​တို့​သည်၊ လယ်​လုပ်​သော​သူ​နှင့် သိုး​ထိန်း​သော​သူ​များ ပါ​လျက်၊ အ​တူ​နေ​ရ​ကြ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် ဣ​သ​ရေ​လ​ပြည်၊ ယု​ဒ​ပြည်၌ လူ​မျိုး​စေ့​နှင့် တိ​ရ​စ္ဆာန်​မျိုး​စေ့​ကို ကြဲ​ရ​သော အ​ချိန်​ကာ​လ​ရောက်​လိမ့်​မည်။

မိုး​ကောင်း​ကင်​တန်​ဆာ​တို့​ကို မ​ရေ​တွက်​နိုင်၊ သ​မု​ဒ္ဒ​ရာ​သဲ​လုံး​တို့​ကို တောင်း​တင်း​နှင့် မ​ခြင်​နိုင်​အောင် များ​ပြား​သ​ကဲ့​သို့၊ ငါ့​ကျွန်​ဒါ​ဝိဒ်၏​အ​မျိုး​ကို​လည်း​ကောင်း၊ ငါ၏​အ​မှု​ထမ်း​လေ​ဝိ​သား​တို့​ကို​လည်း​ကောင်း ငါ​များ​ပြား​စေ​မည်​ဟု မိန့်​တော်​မူ၏။

ရွာ​ဇ​န​ပုဒ်​များ​သော​ပြည်၊ မြို့​ရိုး​မ​ရှိ၊ တံ​ခါး​ကျင်​နှင့် တံ​ခါး​မ​ရှိ၊ စိုး​ရိမ်​စ​ရာ​အ​ကြောင်း​အ​လျှင်း​မ​ရှိ၊ ငြိမ်​ဝပ်​သော​ပြည်​သား​တို့​ရှိ​ရာ​သို့ ငါ​ချီ​သွား၍၊

ဘု​ရား​သ​ခင်​သည် ထို​လု​လင်​လေး​ယောက်​တို့​အား အ​ထူး​ထူး​သော သိ​ပ္ပံ​အ​တတ်​ပ​ညာ​တို့​ကို သိ​စေ​ခြင်း​ငှာ၊ ထိုး​ထွင်း၍ နား​လည်​နိုင်​သော ဉာဏ်​သ​တ္တိ​ကို ပေး​သ​နား​တော်​မူ၏။ ဒံ​ယေ​လ​သည်​လည်း ဗျာ​ဒိတ်​ရူ​ပါ​ရုံ​နှင့် အိပ်​မက်​ကို​နား​လည်​နိုင်​သော ဉာဏ်​ပ​ညာ​နှင့် ပြည့်​စုံ၏။

မ​ကောင်း​သော လ​က္ခ​ဏာ​ကင်း​လျက်၊ လှ​သော​အ​ဆင်း​သ​ဏ္ဌာန်​နှင့် ပြည့်​စုံ၍၊ ကောင်း​သော​ဉာဏ်​နှင့် တ​ကွ အ​ထူး​ထူး​အ​ပြား​ပြား​သော အ​တတ်​ပ​ညာ​များ​ကို လေ့​ကျက်၍၊ နန်း​တော်၌ အ​မှု​ထမ်း​ခြင်း​ငှာ တတ်​စွမ်း​နိုင်​သော​လူ​ပျို​တို့​ကို ဣ​သ​ရေ​လ မင်း​မျိုး​မင်း​သား​ထဲ​က ရွေး​ကောက်၍၊ ခါ​လ​ဒဲ​ဘာ​သာ​အ​တတ်​ကို​သင်​စေ​ဟု အ​မိန့်​တော်​ရှိ၏။

သင်၏​မြို့​ရိုး​တည်​သော​ကာ​လ​သည် ရောက်​လိမ့်​မည်။ အ​မိန့်​တော်​အ​ရှိန် ကုန်​လိမ့်​မည်။

ထို​ကြောင့် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ကျေး​ဇူး​ပြု​ချင်​သော​စိတ်​နှင့် ယေ​ရု​ရှ​လင်​မြို့​သို့ ငါ​ပြန်​လာ​ပြီ။ ဤ​မြို့​တွင် ငါ့​အိမ်​ကို တည်​ဆောက်​ရ​မည်။ မြို့​ရာ​ကို​လည်း တိုင်း​ထွာ​ရ​မည်​ဟု၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

တစ်​ဖန် ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဆင့်​ဆို၍ ကြွေး​ကြော်​ရ​မည်​မှာ၊ ငါ၏​မြို့​ရွာ​တို့​သည် အ​ရပ်​ရပ်၌ နှံ့​ပြား၍ စည်​ပင်​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် ဇိ​အုန်​တောင်​သား​တို့​ကို နှစ်​သိမ့်​စေ​ဦး​မည်။ ယေ​ရု​ရှ​လင်​မြို့​သား​တို့​ကို ရွေး​ကောက်၍ ပြု​စု​ဦး​မည်​ဟု မိန့်​တော်​မူ၏။

ထို​ကာ​လ၌ ငါ​သည် ယု​ဒ​မင်း​တို့​ကို ထင်း​ပုံ​တွင် မီး​ဖို​ကဲ့​သို့​လည်း​ကောင်း၊ ကောက်​လှိုင်း​တွင် မီး​စ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​စေ​သ​ဖြင့်၊ လက်​ယာ​ဘက်၊ လက်​ဝဲ​ဘက်၊ ပတ်​လည်၌​ရှိ​သော လူ​မျိုး​အ​ပေါင်း​တို့​ကို မီး​လောင်​လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့​သည်​လည်း မြို့​ရာ​ဟောင်း၌ တည်​မြဲ​တည်​လိမ့်​မည်။

ယေ​ရု​ရှ​လင်​မြို့​ကို တိုက်​လာ​သော လူ​မျိုး​အ​ပေါင်း​တို့၌ ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော ဘေး​ဒဏ်​ဟူ​မူ​ကား၊ ခြေ​ဖြင့်​ရပ်​လျက်​ပင် သူ​တို့​အ​သား​လျော့​ပျက်​လိမ့်​မည်။ မျက်​အိမ်၌ မျက်​လုံး လျော့​ပျက်​လိမ့်​မည်။ လျှာ​သည်​လည်း ခံ​တွင်း၌ လျော့​ပျက်​လိမ့်​မည်။

သင်၏ အ​သက်​အ​ရွယ်​နု​ပျို​သည်​ကို အ​ဘယ်​သူ​မျှ မ​ထီ​မဲ့​မြင် မ​ပြု​စေ​နှင့်။ စ​ကား​ပြော​ခြင်း၊ ကျင့်​ကြံ​ပြု​မူ​ခြင်း၊ သူ​တစ်​ပါး​ကို​ချစ်​ခြင်း၊ ဝိ​ညာဉ်​သ​ဘော​ရှိ​ခြင်း၊ သ​စ္စာ​စောင့်​ခြင်း၊ စင်​ကြယ်​ခြင်း​အ​ရာ​မှာ၊ ယုံ​ကြည်​သော​သူ​တို့​အား ပုံ​သက်​သေ​ကို ပြ​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ