ငါနှင့်ပြောဆိုသော ကောင်းကင်တမန်သည်ထွက်သွားသော်၊ အခြားသောကောင်းကင်တမန်သည် ကြိုဆိုလျက်၊
ငါနှင့် ပြောဆိုသော ကောင်းကင်တမန်အားလည်း၊ ထိုဦးချိုတို့ကား အဘယ်သို့နည်းဟု မေးမြန်းသော်၊ ထိုဦးချိုတို့သည် ယုဒပြည်၊ ဣသရေလပြည်၊ ယေရုရှလင်မြို့တို့ကို အရပ်ရပ်သို့ ကွဲပြားစေသော ဦးချိုဖြစ်သည်ဟု ပြန်ပြော၏။
သင်သည်ပြေး၍ ထိုလုလင်ကို ဆင့်ဆိုရမည်မှာ၊ ယေရုရှလင်မြို့သား လူသတ္တဝါတိရစ္ဆာန်တို့သည် အလွန်များသောကြောင့် ရွာတို့၌ နေရကြလိမ့်မည်။
ငါနှင့်ပြောဆိုသော ကောင်းကင်တမန်သည် ပြန်လာ၍၊ အိပ်ပျော်သောသူကို နှိုးသကဲ့သို့ ငါ့ကိုနှိုးလျက်၊
ငါနှင့်ပြောဆိုသော ကောင်းကင်တမန်က၊ ဤအရာတို့ကား၊ အဘယ်အရာဖြစ်သည်ကို နားမလည်သလောဟု မေးလျှင်၊ အကျွန်ုပ် နားမလည်ပါသခင်ဟု လျှောက်၏။
တစ်ဖန် ငါနှင့်ပြောဆိုသော ကောင်းကင်တမန်သည် ထွက်၍၊ ယခုထွက်လာသောအရာကို မျှော်ကြည့်လော့ဟု ငါ့အားဆိုလျှင်၊