အဘယ်အရပ်သို့ သွားမည်နည်းဟု ထိုသူအားမေးသော်၊ ယေရုရှလင်မြို့ အလျားအနံကိုသိလို၍ မြို့ကို တိုင်းခြင်းငှာသွားသည်ဟု ပြန်ပြော၏။
ဂါရက်တောင်ကိုလွန်၍ မျဉ်းကြိုးနှင့် တန်းချလိမ့်မည်။ ဂေါသတောင်ကိုလည်း ဝိုင်းမိလိမ့်မည်။
ထိုအရပ်သို့ ငါ့ကို ဆောင်သွားတော်မူသောအခါ၊ ကြေးဝါကဲ့သို့အဆင်းအရောင်ရှိသော လူတစ်ဦးသည် တိုင်းစရာကျူလုံးနှင့် ချည်ကြိုးကို ကိုင်လျက် မြို့တံခါးဝမှာ ရပ်နေ၏။
မြို့တော်နှင့်ဆိုင်သောမြေသည် သန့်ရှင်းသောအရပ် တစ်ဖက်တစ်ချက်၌ အလျား တစ်သောင်းငါးထောင်၊ အနံ ငါးထောင်ရှိ၍၊ ဣသရေလအမျိုးသားအပေါင်းတို့အဖို့ ဖြစ်ရမည်။
ထိုကြောင့် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ကျေးဇူးပြုချင်သောစိတ်နှင့် ယေရုရှလင်မြို့သို့ ငါပြန်လာပြီ။ ဤမြို့တွင် ငါ့အိမ်ကို တည်ဆောက်ရမည်။ မြို့ရာကိုလည်း တိုင်းထွာရမည်ဟု၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။
ထိုဧဖာကို အဘယ်သို့ ချီသွားကြသနည်းဟု ငါနှင့် ပြောဆိုသော ကောင်းကင်တမန်အား ငါမေးသော်၊
ငါ့ကို စေလွှတ်တော်မူသောသူထံသို့ ယခု ငါသွားရမည်ဖြစ်၍၊ အဘယ်အရပ်သို့ သွားမည်နည်းဟု သင်တို့မမေးကြ။-
တစ်ဖန် လှံတံနှင့်တူသော ကျူပင်တစ်လုံးကို ငါ့အားပေး၍ ငါ့ကို ပြောဆိုသည်ကား၊ ထလော့။ ဘုရားသခင်၏ ဗိမာန်တော်နှင့်ယဇ်ပလ္လင်ကို တိုင်းလော့။ ဗိမာန်တော်၌ ကိုးကွယ်သော သူတို့ကိုလည်း ရေတွက်လော့။-