Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဇာ​ခ​ရိ 14:17

Judson Bible

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​ဟူ​သော ရှင်​ဘု​ရင်​ကို ကိုး​ကွယ်​အံ့​သော​ငှာ၊ မြို့​တော်​သို့​တက်၍ မ​လာ​သော​မြေ​ကြီး​သား အ​ဆွေ​အ​မျိုး​ရှိ​သ​မျှ​အ​ပေါ်​သို့ မိုး​မ​ရွာ​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

27 ပူးပေါင်းရင်းမြစ်များ  

ဤ​ရွေ့​ကား မိ​မိ​တို့​အ​မျိုး​အ​နွယ် အ​သီး​အ​သီး​အ​လိုက်​မှတ်​သား​သော နော​ဧ​သား ဆွေ​စဉ်​မျိုး​ဆက်​စာ​ရင်း​ပေ​တည်း။ ထို​သူ​တို့​သည် ရေ​လွှမ်း​မိုး​သော​နောက်၊ မြေ​ကြီး​ပေါ်​မှာ သီး​ခြား​သော​တိုင်း​ပြည်​တို့​ကို တည်​ထောင်​ကြ​လေ၏။

သင့်​ကို ကောင်း​ချီး​ပေး​သော​သူ​ကို ငါ​ကောင်း​ချီး​ပေး​မည်။ သင့်​ကို ကျိန်​ဆဲ​သော​သူ​ကို ငါ​ကျိန်​ဆဲ​မည်။ သင်​အား​ဖြင့်​လည်း လူ​မျိုး​အ​ပေါင်း​တို့​သည် ကောင်း​ချီး​မင်္ဂ​လာ​ကို​ခံ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

သင်​၏​အ​မျိုး​အ​နွယ်​သည် မြေ​မှုန့်​ကဲ့​သို့ များ​ပြား​လိမ့်​မည်။ အ​ရှေ့၊ အ​နောက်၊ တောင်၊ မြောက်၊ လေး​မျက်​နှာ​အ​ရပ်​တို့​သို့​နှံ့​ပြား​ကြ​လိမ့်​မည်။ သင်​နှင့် သင်၏​အ​မျိုး​အ​နွယ်​အား​ဖြင့် လူ​မျိုး​အ​ပေါင်း​တို့​သည် ကောင်း​ချီး​မင်္ဂ​လာ​ကို ခံ​ရ​ကြ​လိမ့်​မည်။

ဂိ​လဒ်​ပြည် တိ​ရှ​ဘိ​မြို့​သား​ဧ​လိ​ယ​က၊ ငါ​ကိုး​ကွယ်​သော ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ ငါ့​အ​ခွင့်​မ​ရှိ​ဘဲ အင်​တန်​ကာ​လ​ပတ်​လုံး မိုး​မ​ရွာ၊ နှင်း​မ​ကျ​ရ​ဟု အာ​ဟပ်​မင်း​အား​မြွက်​ဆို၏။

ကိုယ်​တော်​ကို​ပြစ်​မှား​သော​အ​ပြစ်​ကြောင့် မိုး​မ​ရွာ၊ မိုး​ခေါင်​သ​ဖြင့် ကိုယ်​တော်​သည် ဆုံး​မ​တော်​မူ​သော​အ​ခါ၊ သူ​တို့​သည် ဤ​အ​ရပ်​ဌာ​န​တော်​ကို​မှီ​ခို​လျက် ဆု​တောင်း၍၊ နာ​မ​တော်​ကို​ဝန်​ခံ​လျက် မိ​မိ​ဒု​စ​ရိုက်​ကို​စွန့်​ပယ်​လျှင်၊

ကိုယ်​တော်​ကို ပြစ်​မှား​သော​အ​ပြစ်​ကြောင့် မိုး​မ​ရွာ၊ မိုး​ခေါင်​သ​ဖြင့်၊ ကိုယ်​တော်​သည် ဆုံး​မ​တော်​မူ​သော​အ​ခါ၊ သူ​တို့​သည် ဤ​အ​ရပ်​ဌာ​န​တော်​ကို မှီ​ခို​လျက် ဆု​တောင်း၍၊ နာ​မ​တော်​ကို​ဝန်​ခံ​လျက် မိ​မိ​ဒု​စ​ရိုက်​ကို စွန့်​ပယ်​လျှင်၊

မိုး​မ​ရွာ​စေ​ခြင်း​ငှာ ငါ​သည် မိုး​ခေါင်​စေ​သော်​လည်း​ကောင်း၊ ကျိုင်း​တို့​သည် မြေ​အ​သီး​အ​နှံ​ကို ကိုက်​စား​စေ​ခြင်း​ငှာ ငါ​မှာ​ထား​သော်​လည်း​ကောင်း၊ ငါ့​လူ​တို့၌ ကာ​လ​နာ​ကို​စေ​လွှတ်​သော်​လည်း​ကောင်း၊

ထို​အ​ခါ ခိုင်​မာ​ပြင်း​ထန်​လျက် ရှေ့​ဦး​စွာ​မှ​စ၍ ယ​ခု​တိုင်​အောင် ကြောက်​မက်​ဖွယ်​ဖြစ်​ထ​သော၊ ခွန်​အား​ကြီး၍ နှိပ်​နင်း​တတ်​ထ​သော၊ မြစ်​များ​ကွဲ​ပြား​သော မြေ၌​နေ​သော​လူ​မျိုး​သည်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​တည်​ရာ ဇိ​အုန်​တောင်​သို့၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​ဖို့ လက်​ဆောင်​ပ​ဏ္ဏာ​ကို ဆောင်​ခဲ့​ကြ​လိမ့်​သ​တည်း။

ငါ့​ရှေ့၌ လူ​တိုင်း​ဒူး​ထောက်​ရ​မည်၊ လူ​တိုင်း မိ​မိ​နှုတ်​နှင့် သ​စ္စာ​ခံ​ရ​မည်​ဟု ကိုယ်​ကို​ကိုယ် တိုင်​တည်၍ ငါ​ကျိန်​ဆို​သော တ​ရား​စ​ကား​သည် ငါ့​နှုတ်​မှ ထွက်​သည်​ဖြစ်၍၊ မ​ပြည့်​စုံ​ဘဲ မ​နေ​ရ။

ဥ​ယျာဉ်​ကို ငါ​ရှင်း​ရှင်း​ဖျက်​ဆီး​မည်။ အ​ဘယ်​သူ​မျှ မ​ပြင်​ဆင်​ရ။ အ​ဘယ်​သူ​မျှ မ​တူး​ဆွ​ရ။ ဆူး​ပင်​အ​မျိုး​မျိုး ပေါက်​ကြ​လိမ့်​မည်။ ထို​ဥ​ယျာဉ်​အ​ပေါ်​မှာ​လည်း မိုး​မ​ရွာ​စေ​ခြင်း​ငှာ ငါ​ပ​ညတ်​မည်။

အ​ကြင်​ပြည်​နှင့် အ​ကြင်​နိုင်​ငံ​သည် သင်၏​အ​မှု​ကို​မ​ဆောင်၊ ထို​ပြည်​နှင့် ထို​နိုင်​ငံ​သည် ပျက်​စီး​ရ​လိမ့်​မည်။ ထို​သို့​သော တိုင်း​နိုင်​ငံ​တို့​သည် သုတ်​သင်​ပယ်​ရှင်း​ခြင်း​ကို အ​မှန်​ခံ​ရ​ကြ​လိမ့်​မည်။

ကိုယ်​တော်​ကို​မ​သိ​သော တစ်​ပါး​အ​မျိုး​သား​တို့ အ​ပေါ်​သို့​လည်း​ကောင်း၊ နာ​မ​တော်​ကို ပ​တ္ထ​နာ​မ​ပြု​သော အ​မျိုး​အ​နွယ်​တို့ အ​ပေါ်​သို့​လည်း​ကောင်း အ​မျက်​တော်​ကို သွန်း​လောင်း​တော်​မူ​ပါ။ အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ယာ​ကုပ်​အ​မျိုး​ကို အ​ကုန်​အ​စင်​ကိုက်​စား၍၊ သူ၏​နေ​ရာ​ကို သုတ်​သင်​ပယ်​ရှား​ကြ​ပါ​ပြီ။

သာ​သ​နာ​ပ​လူ​တို့ ကိုး​ကွယ်​သော ရုပ်​တု​ဆင်း​တု​တို့​တွင်၊ မိုး​ရွာ​စေ​နိုင်​သော​သူ​ရှိ​ပါ​သ​လော။ မိုး​သည် အ​လို​လို ရွာ​နိုင်​ပါ​သ​လော။ အ​ကျွန်ုပ်​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သာ​လျှင်​တတ်​နိုင်​တော်​မူ​သည် မ​ဟုတ်​လော။ သို့​ဖြစ်၍၊ ကိုယ်​တော်​ကို မျှော်​လင့်​လျက်​နေ​ပါ​မည်။ ကိုယ်​တော်​သည် အ​လုံး​စုံ​တို့​ကို ဖန်​ဆင်း​သော​ဘု​ရား ဖြစ်​တော်​မူ၏။

မှူး​မတ်​တို့​သည် မိ​မိ​သူ​ငယ်​တို့​ကို ရေ​ခပ်​စေ​လွှတ်၍၊ သူ​ငယ်​တို့​သည် ရေ​ကျင်း​သို့​ရောက်​သော​အ​ခါ၊ ရေ​ကို​မ​တွေ့။ အိုး​သက်​သက်​ကို​သာ​ဆောင်​ခဲ့​လျက် ပြန်​လာ​ကြ၏။ ဦး​ခေါင်း​ကို ခြုံ​လျက် ရှက်​ကြောက်​မှိုင်​တွေ​ကြ၏။

မိုး​ပြတ်၍​မြေ​အက်​ကွဲ​သော​ကြောင့်၊ လယ်​လုပ်​သော သူ​တို့​သည် ဦး​ခေါင်း​ကို​ခြုံ​လျက် ရှက်​ကြောက်​ကြ၏။

မြေ​ကြီး​ပေါ်​မှာ​နေ​သော အ​မျိုး​သား​အ​ပေါင်း​တို့​တွင် သင်​တို့ တစ်​မျိုး​တည်း​ကို​သာ ငါ​လက်​ခံ​သော​ကြောင့်၊ သင်​တို့​အ​ပြစ် ရှိ​သ​မျှ​တို့​ကို ငါ​စစ်​ကြော​မည်။

ယေ​ရု​ရှ​လင်​မြို့​ကို တိုက်​လာ​သော လူ​မျိုး​အ​ပေါင်း​တို့​တွင် ကျန်​ကြွင်း​သ​မျှ​သော​သူ​တို့​သည်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​တည်း​ဟူ​သော ရှင်​ဘု​ရင်​ကို ကိုး​ကွယ်၍၊ သ​ကေ​နေ​ပွဲ​ခံ​အံ့​သော​ငှာ မြို့​တော်​သို့ နှစ်​တိုင်း​အ​စဉ် တက်​လာ​ကြ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​သည် တစ်​ပြည်​လုံး​တွင် ရှင်​ဘု​ရင် ဖြစ်​တော်​မူ​မည်။ ထို​နေ့​ရက်၌ ထာ​ဝ​ရ​ဘု​ရား​တစ်​ပါး​တည်း၊ နာ​မ​တော်​တစ်​ပါး​တည်း ဖြစ်​တော်​မူ​မည်။

သို့​မ​ဟုတ် ထာ​ဝ​ရ​ဘု​ရား​သည် အ​မျက်​တော်​ထွက်၍ မိုး​မ​ရွာ၊ မြေ၏​အ​သီး​အ​နှံ​ကို မ​ဖြစ်​စေ​ခြင်း​ငှာ၊ မိုး​ကောင်း​ကင်​ကို ပိတ်​တော်​မူ​မည်။ ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော ကောင်း​မွန်​သော​ပြည်၌ သင်​တို့​သည် အ​လျင်​အ​မြန် ပျောက်​ပျက်​ကြ​လိမ့်​မည်။

ဧ​လိ​ယ​သည် ငါ​တို့​ကဲ့​သို့ လော​က​ဓံ​တ​ရား၌ ကျင်​လည်​သော​သူ ဖြစ်​သော်​လည်း၊ မိုး​မ​ရွာ​မည်​အ​ကြောင်း အ​ထူး​သ​ဖြင့် ဆု​တောင်း​သော​အ​ခါ၊ သုံး​နှစ်​နှင့် ခြောက်​လ​ပတ်​လုံး မြေ​ပေါ်​သို့ မိုး​မ​ရွာ​ဘဲ​နေ၏။-

ထို​သူ​တို့​သည် ပ​ရော​ဖက်​ပြု​သော နေ့​ရက်​ကာ​လ၌ မိုး​မ​ရွာ​စေ​ခြင်း​ငှာ၊ မိုး​ကောင်း​ကင်​ကို ပိတ်​ရ​သော​အ​ခွင့်၊ မြစ်​ရေ၊ တွင်း​ရေ​ကို အ​သွေး​ဖြစ်​စေ ရ​သော​အ​ခွင့်၊ မိ​မိ​တို့​အ​လို​ရှိ​သ​မျှ​သော အ​ခါ၌ ဘေး​အ​မျိုး​မျိုး​ဖြင့် မြေ​ကြီး​ကို ဒဏ်​ခတ်​ရ​သော အ​ခွင့်​ကို ရ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ