ဇာခရိ 13:8Judson Bibleထာဝရဘုရား မိန့်တော်မူသည်ကား၊ တစ်ပြည်လုံး သုံးစုတွင် နှစ်စုကို ပယ်ဖြတ်၍ အသေခံရသဖြင့်၊ တစ်စုသာကျန်ကြွင်းရလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ထိုသူတို့သည်၊ ငါ့ကိုပြစ်မှားသောသူတို့၏ အသေကောင်များကို ထွက်၍ ကြည့်ရှုကြလိမ့်မည်။ သူတို့၏ ပိုးသည် မသေနိုင်ရာ။ သူတို့၏မီးသည်လည်း မငြိမ်းနိုင်ရာ။ လူသတ္တဝါအပေါင်းတို့၌ ရွံရှာဖွယ် ဖြစ်ရကြလိမ့်မည်ဟု မိန့်တော်မူ၏။ ပရောဖက်ဟေရှာယ စီရင်ရေးထားသော အနာဂတ္တိကျမ်းပြီး၏။
တစ်သီတင်းတွင် လူအများတို့နှင့် ပဋိညာဉ်ဖွဲ့ခြင်းရှိ၍ ထိုသီတင်းတစ်ဝက်တွင် ယဇ်ပူဇော်ခြင်းနှင့် ဆက်ကပ်ခြင်းကို ပပျောက်စေလိမ့်မည်။ ရွံရှာဖွယ်သောအရာ၏ အထွတ်ပေါ်သို့ ဖျက်ဆီးသောသူသည်ရောက်၍ စီရင်ဆုံးဖြတ်သော သုတ်သင်ပယ်ရှင်းခြင်းသည် ပျက်စီးအပ်သော သူတို့ကို မလွှမ်းမိုးမီတိုင်အောင် ထိုသို့ဖြစ်လိမ့်မည်ဟု ကြားပြော၏။
သင်တို့ကို စစ်ကြောစီရင်ခြင်းငှာ ငါချဉ်းမည်။ ပြုစားတတ်သောသူ၊ သူ့မယားကို ပြစ်မှားသောသူ၊ မမှန်သော ကျိန်ဆိုခြင်းကို ပြုသောသူ၊ သူငှားကို အခမပေး ညှဉ်းဆဲသောသူ၊ မိဘမရှိသောသူငယ်နှင့် မုဆိုးမကို ညှဉ်းဆဲသောသူ၊ ဧည့်သည်ကို မတရားသဖြင့် စီရင်သောသူ၊ ငါ့ကိုမကြောက်ရွံ့သောသူတို့တစ်ဖက်၌ ငါသည် လျင်မြန်သောသက်သေဖြစ်မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့်တော်မူ၏။