Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဇာ​ခ​ရိ 13:4

Judson Bible

ထို​ကာ​လ၌ ပ​ရော​ဖက်​သည်​ဟော​ပြော​သော​အ​ခါ မိ​မိ​မြင်​သော ရူ​ပါ​ရုံ​ကြောင့် ရှက်​လိမ့်​မည်။ သူ​တစ်​ပါး​ကို လှည့်​စား​မည့်​အ​ကြံ​နှင့် ကြမ်း​တမ်း​သော အ​ဝတ်​ကို​လည်း မ​ဝတ်​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​က၊ ထို​သူ​သည် ကိုယ်၌​အ​မွေး​များ၍ သား​ရေ​ခါး​ပန်း​ကို စည်း​သော​သူ​ဖြစ်​ပါ​သည်​ဟု လျှောက်​ကြ​သော်၊ ထို​သူ​သည် တိ​ရှ​ဘိ​မြို့​သား​ဧ​လိ​ယ​ဖြစ်​လိမ့်​မည်​ဟု ရှင်​ဘု​ရင်​ဆို​လျက်၊

ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည်​သွား၍ ခါး​စည်း​သော​လျှော်​တေ​အ​ဝတ်​နှင့် ခြေ​နင်း​ကို​ချွတ်​လော့​ဟု၊ အာ​မုတ်​သား​ဟေ​ရှာ​ယ​ကို မိန့်​တော်​မူ​သည်​အ​တိုင်း၊ သူ​သည်​ပြု၍ အ​ဝတ်​ကို​မ​ဝတ်၊ ခြေ​နင်း​ကို​မ​စီး​ဘဲ သွား​လာ​လျက်​နေ၏။

ဖမ်း​မိ​သော​သူ​ခိုး​သည် ရှက်​သ​ကဲ့​သို့၊ ဣ​သ​ရေ​လ​အ​မျိုး၏ ရှင်​ဘု​ရင်၊ မင်း​သား၊ ယဇ်​ပု​ရော​ဟိတ်၊ ပ​ရော​ဖက်​နှင့်​တ​ကွ အ​မျိုး​သား​များ​တို့​သည် ရှက်​ကြ​၏။

သူ​တို့​သည် ရွံ​ရှာ​ဖွယ်​သော အ​မှု​ကို​ပြု​ပြီး​မှ ရှက်​ကြ​သ​လော။ အ​လျှင်း​မ​ရှက်​ကြ။ မျက်​နှာ မ​ပျက်​ကြ။ ထို​ကြောင့်၊ တစ်​ယောက်​နောက်​တစ်​ယောက် လဲ​ကြ​လိမ့်​မည်။ ငါ​စစ်​ကြော​သော​အ​ခါ နှိမ့်​ချ​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ပ​ညာ​ရှိ​တို့​သည် အ​ရှက်​ကွဲ​ကြ၏။ ထိတ်​လန့်၍ ကျော့​ကွင်း​ထဲ​သို့ ဝင်​ကြ​ပြီ။ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​ကို ပယ်​ကြ​ပြီ။ သူ​တို့၌ ပ​ညာ​မည်​မျှ​ရှိ​သ​နည်း။

ယော​ဟန်​သည် ကု​လား​အုတ်​အ​မွေး​နှင့်​ရက်​သော အ​ဝတ်​ကို​ဝတ်​လျက်၊ ခါး၌​သား​ရေ​ခါး​ပန်း​ကို စည်း​လျက်၊ ကျိုင်း​ကောင်​နှင့် တော၌​ဖြစ်​သော ပျား​ရည်​ကို စား​လျက်​နေ၏။

ယော​ဟန်​သည် ကု​လား​အုတ်​အ​မွေး​နှင့် ရက်​သော​အ​ဝတ်​ကို ဝတ်​လျက်၊ ခါး၌ သား​ရေ​ခါး​ပန်း​ကို စည်း​လျက်၊ ကျိုင်း​ကောင်​နှင့် တော၌​ဖြစ်​သော​ပျား​ရည်​ကို စား​လျက်​နေ၏။-

ကျောက်​ခဲ​နှင့် ပစ်​ခြင်း၊ လွှ​နှင့် အ​ပိုင်း​ပိုင်း​တိုက်​ဖြတ်​ခြင်း၊ စုံ​စမ်း​နှောင့်​ယှက်​ခြင်း၊ ဓား​လက်​နက်​နှင့် ကွပ်​မျက်​ခြင်း​ကို ခံ​ရ​ကြ၏။ အ​လွန်​ဆင်း​ရဲ​လျက် ညှဉ်း​ဆဲ​နှိပ်​စက်​ခြင်း​ကို ခံ​လျက်၊ သိုး​ရေ၊ ဆိတ်​ရေ​ကို​ဝတ်၍ လှည့်​လည်​ရ​ကြ၏။-

ငါ၏​သက်​သေ​ခံ​နှစ်​ပါး​ကို ငါ​အ​ခွင့်​ပေး​မည်။ သူ​တို့​သည် လျှော်​တေ​အ​ဝတ်​ကို ဝတ်​လျက်၊ အ​ရက် တစ်​ထောင်​နှစ်​ရာ​ခြောက်​ဆယ်​ပတ်​လုံး ပ​ရော​ဖက်​ပြု​ကြ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ