Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဇာ​ခ​ရိ 12:5

Judson Bible

ယု​ဒ​မင်း​တို့​က​လည်း၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့၏ ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​အား​ဖြင့် သူ​တို့​သည် ငါ့​ခွန်​အား​ဖြစ်​ကြ၏​ဟု စိတ်​ထဲ​မှာ ဆို​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

28 ပူးပေါင်းရင်းမြစ်များ  

ငါ၏​ကျောက်​တည်း​ဟူ​သော ထာ​ဝ​ရ​ဘု​ရား​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။ ငါ့​လက်​သည်​စစ်​တိုက်၍၊ လက်​ချောင်း​တို့​လည်း စစ်​မှု​ကို​လေ့​ကျက်​မည်​အ​ကြောင်း သွန်​သင်​တော်​မူ၏။

ထို​ဘု​ရား​သ​ခင်​သည် ငါ့​ကို​ခွန်​အား​ခါး​ပန်း​နှင့် စည်း၍ ငါ​သွား​ရာ​လမ်း​ကို ဖြောင့်​စေ​တော်​မူ၏။

အ​ကြောင်း​မူ​ကား၊ စစ်​တိုက်​ခြင်း​ငှာ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို ခွန်​အား​ခါး​ပန်း​နှင့်​စည်း၍၊ အ​ကျွန်ုပ်​တစ်​ဖက်၌ ထ​သော​သူ​တို့​ကို အ​ကျွန်ုပ်​အောက်​မှာ လှဲ​တော်​မူ၏။

ဘု​ရား​သ​ခင်​သည် ငါ​တို့​ခို​လှုံ​ရာ​ဖြစ်၍၊ ခွန်​အား​ကို​ပေး​တော်​မူ၏။ ဘေး​ရောက်​သည်​ကာ​လ အ​ထူး​သ​ဖြင့် ကူ​မ​တော်​မူ​ကြောင်း ထင်​ရှား​လျက်​ရှိ၏။

သော​ဒုံ​မြို့​ကို အ​စိုး​ရ​သော​မင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​ကို ကြား​ကြ​လော့။ ဂေါ​မော​ရ​မြို့​သား​တို့၊ ငါ​တို့​ဘု​ရား​သ​ခင်​၏ တ​ရား​တော်​ကို နား​ထောင်​ကြ​လော့။

သင်​၏​မင်း​တို့​သည် ပုန်​ကန်​ကြ​ပြီ။ သူ​ခိုး​လက်​ခံ​ဖြစ်​ကြ​ပြီ။ ထို​မင်း​အ​ပေါင်း​တို့​သည် လက်​ဆောင်​ကို အ​လို​ရှိ​ကြ​၏။ တံ​စိုး​ကို​စား​ကြ​၏။ မိ​ဘ​မ​ရှိ​သော​သူ​တို့​အ​ဖို့ တ​ရား​မ​စီ​ရင်​ကြ။ မု​ဆိုး​မ​အ​မှု​ကို နား​မ​ထောင်​ကြ။

သင်​၏​တ​ရား​သူ​ကြီး​တို့​နှင့် တိုင်​ပင်​မှူး​မတ်​တို့​ကို ရှေ့​ဦး​စွာ​ခန့်​ထား​သည်​နည်း​တူ၊ တ​စ်​ဖန်​ငါ​ခန့်​ထား​ဦး​မည်။ ထို​နောက်​မှ၊ သင်​၏​နာ​မ​ကို တ​ရား​သော​မြို့၊ သ​စ္စာ​စောင့်​သော​မြို့​ဟု သ​မုတ်​ကြ​လိမ့်​မည်။

ထို​ကာ​လ၌​လည်း၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည်၊ ကျန်​ကြွင်း​သော မိ​မိ​လူ​တို့၌ ဘုန်း​ရှိ​သော​သ​ရ​ဖူ၊ အ​သ​ရေ​တင့်​တယ်​သော ဦး​ရစ် ဖြစ်​တော်​မူ​လိမ့်​မည်။

တ​ရား​မှု​ကို စီ​ရင်​သော​သူ​တို့​အား တ​ရား​စီ​ရင်​သော ဉာဏ်​ကို​လည်း​ကောင်း၊ ရန်​သူ​မျိုး တံ​ခါး​တိုင်​အောင် စစ်​မှု​ကို​လှန်​သော​သူ​တို့​အား၊ ခွန်​အား​ဗ​လ​ကို​လည်း​ကောင်း ပေး​တော်​မူ​လိမ့်​မည်။

အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် အိပ်​ချင်​သော​သ​ဘော​ကို သင်​တို့၌ သွင်း​သ​ဖြင့်၊ သင်​တို့​မျက်​စိ​ကို​ပိတ်၍၊ သင်​တို့၏ ပ​ရော​ဖက်​များ၊ မင်း​များ၊ ဗျာ​ဒိတ်​ခံ​သူ​များ​တို့​ကို ဖုံး​လွှမ်း​တော်​မူ​ပြီ။

ကြည့်​ရှု​လော့။ တ​ရား​သ​ဖြင့်​အုပ်​စိုး​သော ရှင်​ဘု​ရင်​တစ်​ပါး ပေါ်​ထွန်း​တော်​မူ​လိမ့်​မည်။ မင်း​သား​မှူး​မတ်​တို့​သည် တ​ရား​သ​ဖြင့် စီ​ရင်​ကြ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​အား​ဖြင့်​သာ ဖြောင့်​မတ်​ခြင်း​နှင့် အ​စွမ်း​သ​တ္တိ​ကို ရ​ပါ​သည်​ဟု လူ​တိုင်း​လျှောက်​ရ​မည်။ ကိုယ်​တော်​ကို မ​နာ​လို​သော သူ​အ​ပေါင်း​တို့​သည် အ​ထံ​တော်​သို့​လာ၍၊ ရှက်​ကြောက်​ခြင်း​သို့ ရောက်​ရ​ကြ​လိမ့်​မည်။

ကြေး​ဝါ​အ​ရာ၌ ရွှေ​ကို​လည်း​ကောင်း၊ သံ​အ​ရာ၌ ငွေ​ကို​လည်း​ကောင်း၊ သစ်​သား​အ​ရာ၌ ကြေး​ဝါ​ကို​လည်း​ကောင်း၊ ကျောက်​အ​ရာ၌ သံ​ကို​လည်း​ကောင်း ငါ​ဆောင်​ခဲ့​မည်။ သင်၏​အ​ရာ​ရှိ​တို့​ကို ငြိမ်​သက်​သော​သ​ဘော၊ အ​ခွန်​ခံ​တို့​ကို ဖြောင့်​မတ်​သော​သ​ဘော​နှင့် ပြည့်​စုံ​စေ​မည်။

သူ​တို့၏​မင်း​သည် သူ​တို့​အ​မျိုး ဖြစ်​လိမ့်​မည်။ သူ​တို့​အ​ထဲ​က ပေါ်​ထွန်း​သော​သူ​သည် သူ​တို့​ကို အုပ်​စိုး​ရ​လိမ့်​မည်။ ငါ​သွေး​ဆောင်၍ သူ​တို့​သည် ငါ့​ထံ​သို့ ချဉ်း​ကပ်​ကြ​လိမ့်​မည်။ ငါ့​ထံ​သို့ ချဉ်း​ကပ်​လို​သော​ငှာ၊ အ​ဘယ်​သူ​သည် မိ​မိ​စိတ်​ကို​တန်း​စေ​သ​နည်း။

အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​အ​မျိုး​ကို အုပ်​စိုး​ရ​သော မင်း​အ​ရာ၌၊ ယာ​ကုပ်​အ​မျိုး​နှင့် ငါ့​ကျွန်​ဒါ​ဝိဒ်၏​အ​မျိုး သား​စဉ်​မြေး​ဆက်​ထဲ​က ငါ​ရွေး၍​မ​ခန့်​ထား​ဘဲ စွန့်​ပစ်​မည်။ သို့​မ​ဟုတ် သိမ်း​သွား​ခြင်း​ကို​ခံ​ရ​သော ထို​သူ​တို့​ကို တစ်​ဖန်​ငါ​ဆောင်​ခဲ့၍ ကယ်​မ​သ​နား​မည်​ဟု မိန့်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​သည်​လည်း ဇိ​အုန်​တောင်​ပေါ်​က ကြွေး​ကြော်၍၊ ယေ​ရု​ရှ​လင်​မြို့​ထဲ​က အ​သံ​ကို​လွှင့်​တော်​မူ​သ​ဖြင့်၊ မိုး​ကောင်း​ကင်​နှင့် မြေ​ကြီး​သည် တုန်​လှုပ်​လိမ့်​မည်။ သို့​ရာ​တွင်၊ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​တို့၏​ခို​လှုံ​ရာ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၏ အ​စွမ်း​သ​တ္တိ ဖြစ်​တော်​မူ​လိမ့်​မည်။

သူ​တို့​ကို ထာ​ဝ​ရ​ဘု​ရား​အား​ဖြင့် ငါ​ခိုင်​ခံ့​စေ​မည်။ နာ​မ​တော်​ကို အ​မှီ​ပြု​လျက် လှည့်​လည်၍ သွား​ကြ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ယု​ဒ​အ​မျိုး​ကို​လည်း ငါ​ခိုင်​ခံ့​စေ​မည်။ ယော​သပ်​အ​မျိုး​ကို​လည်း ငါ​ကယ်​တင်​မည်။ သူ​တို့​ကို သ​နား​စုံ​မက်​သော​ကြောင့် နေ​ရာ​ချ​မည်။ သူ​တို့​သည် နှင်​ထုတ်​ခြင်း​ကို မ​ခံ​ဖူး​သ​ကဲ့​သို့ ဖြစ်​ကြ​လိမ့်​မည်။ ငါ​သည် သူ​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၍ သူ​တို့​စ​ကား​ကို နား​ထောင်​မည်။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ထို​ကာ​လ၌ ရှိ​သ​မျှ​သော မြင်း​တို့​ကို မိန်း​မော​တွေ​ဝေ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ မြင်း​စီး​သူ​ရဲ​အ​ပေါင်း​တို့​ကို အ​ရူး​ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း ငါ​သည် ဒဏ်​ခတ်​မည်။ ယု​ဒ​အ​မျိုး​ကို ငါ​ကြည့်​ရှု၍၊ တစ်​ပါး​အ​မျိုး​သား​တို့၌ ရှိ​သ​မျှ​သော မြင်း​တို့​ကို မျက်​စိ​ကန်း​စေ​ခြင်း​ငှာ ဒဏ်​ခတ်​မည်။

ထို​ကာ​လ၌ ငါ​သည် ယု​ဒ​မင်း​တို့​ကို ထင်း​ပုံ​တွင် မီး​ဖို​ကဲ့​သို့​လည်း​ကောင်း၊ ကောက်​လှိုင်း​တွင် မီး​စ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​စေ​သ​ဖြင့်၊ လက်​ယာ​ဘက်၊ လက်​ဝဲ​ဘက်၊ ပတ်​လည်၌​ရှိ​သော လူ​မျိုး​အ​ပေါင်း​တို့​ကို မီး​လောင်​လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့​သည်​လည်း မြို့​ရာ​ဟောင်း၌ တည်​မြဲ​တည်​လိမ့်​မည်။

ယု​ဒ​အ​မျိုး​သား​တို့​လည်း ယေ​ရု​ရှ​လင်​မြို့၌ တိုက်​ကြ​လိမ့်​မည်။ ပတ်​လည်၌​နေ​သော တစ်​ပါး​အ​မျိုး​သား​အ​ပေါင်း​တို့၏ ဥ​စ္စာ​စည်း​စိမ်​တည်း​ဟူ​သော၊ များ​စွာ​သော ရွှေ​ငွေ​အ​ဝတ်​တန်​ဆာ​စု​ပုံ​လျက် ရှိ​ကြ​လိမ့်​မည်။

စေ​တ​နာ​စိတ်​ရှိ၍ ဆင်း​ရဲ​သား​တို့​တွင် မိ​မိ​ကိုယ်​ကို​လှူ​သော ဣ​သ​ရေ​လ​အ​မျိုး မင်း​တို့​အား​ငါ​စိတ်​နူး​ညွတ်၏။ ထာ​ဝ​ရ​ဘု​ရား၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​လော့။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ