ဇာခရိ 12:4Judson Bibleထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုကာလ၌ ရှိသမျှသော မြင်းတို့ကို မိန်းမောတွေဝေစေခြင်းငှာလည်းကောင်း၊ မြင်းစီးသူရဲအပေါင်းတို့ကို အရူးဖြစ်စေခြင်းငှာလည်းကောင်း ငါသည် ဒဏ်ခတ်မည်။ ယုဒအမျိုးကို ငါကြည့်ရှု၍၊ တစ်ပါးအမျိုးသားတို့၌ ရှိသမျှသော မြင်းတို့ကို မျက်စိကန်းစေခြင်းငှာ ဒဏ်ခတ်မည်။ အခန်းကိုကြည့်ပါ။ |
ကိုယ်တော်ကျွန် ဣသရေလအမျိုးသားတို့အဖို့၊ ရှေ့တော်၌ နေ့ညမပြတ် အကျွန်ုပ်ဆုတောင်း၍၊ ဣသရေလအမျိုးသားဖြစ်သော အကျွန်ုပ်တို့သည် ကိုယ်တော်ကို ပြစ်မှားမိသော အပြစ်များကို ဖော်ပြ၍ တောင်းပန်သော ကိုယ်တော်ကျွန်၏ ပတ္ထနာစကားကို ကြားခြင်းငှာ၊ ယခုနားထောင်၍ စေ့စေ့ကြည့်ရှုတော်မူပါ။
အကျွန်ုပ်၏ဘုရားသခင်၊ နားတော်ကိုလှည့်၍ နားထောင်တော်မူပါ။ မျက်စိတော်ကိုဖွင့်၍ အကျွန်ုပ်တို့ ပျက်စီးရာများကိုလည်းကောင်း၊ နာမတော်ဖြင့် သမုတ်သောမြို့ကိုလည်းကောင်း ကြည့်ရှုတော်မူပါ။ အကျွန်ုပ်တို့သည် ကိုယ်ကုသိုလ်ကို အမှီမပြု၊ မဟာကရုဏာတော်ကိုသာ အမှီပြု၍ ပတ္ထနာစကားကို ရှေ့တော်၌ ဆက်ကပ်ပါ၏။