ဇာခရိ 12:3Judson Bibleထိုကာလအခါ၌လည်း ထိုမြို့ကို လူမျိုးအပေါင်းတို့အား လေးသောကျောက်ဖြစ်စေမည်။ ထိုကျောက်ကို ချီသောသူအပေါင်းတို့သည် ကျိုးပဲ့ကြေမွ ကြလိမ့်မည်။ လောကီသားအမျိုးမျိုးတို့သည် ယေရုရှလင်မြို့တစ်ဖက်၌ စုဝေးလျက် ရှိကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုကာလ၌ ရှိသမျှသော မြင်းတို့ကို မိန်းမောတွေဝေစေခြင်းငှာလည်းကောင်း၊ မြင်းစီးသူရဲအပေါင်းတို့ကို အရူးဖြစ်စေခြင်းငှာလည်းကောင်း ငါသည် ဒဏ်ခတ်မည်။ ယုဒအမျိုးကို ငါကြည့်ရှု၍၊ တစ်ပါးအမျိုးသားတို့၌ ရှိသမျှသော မြင်းတို့ကို မျက်စိကန်းစေခြင်းငှာ ဒဏ်ခတ်မည်။