Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဇာ​ခ​ရိ 12:12

Judson Bible

တစ်​ပြည်​လုံး အ​မျိုး​အ​နွယ်​အ​သီး​အ​သီး တစ်​မျိုး​တ​ခြား​စီ ငို​ကြွေး​မြည်​တမ်း ကြ​လိမ့်​မည်။ ဒါ​ဝိဒ်​မင်း၏ အ​ဆွေ​အ​မျိုး​တ​ခြား၊ သူ​တို့​မိန်း​မ​များ တ​ခြား၊ နာ​သန်၏ အ​ဆွေ​အ​မျိုး​တ​ခြား၊ သူ​တို့​မိန်း​မ​များ တ​ခြား၊

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

နောက်​တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် ပ​ရော​ဖက်​နာ​သန်​ကို ဒါ​ဝိဒ်​ထံ​သို့ စေ​လွှတ်​တော်​မူ​သ​ဖြင့်၊ နာ​သန်​သည်​ဝင်၍၊ အ​ရှင်​မင်း​ကြီး၊ ဤ​မည်​သော​မြို့​တွင် သူ​ဌေး​တစ်​ဦး၊ ဆင်း​ရဲ​သား​တစ်​ဦး​ရှိ​ပါ၏။

ယေ​ရု​ရှ​လင်​မြို့၌ ဒါ​ဝိဒ်​မြင်​သော သား​တို့​အ​မည်​ကား၊ ရှ​မွာ၊ ရှော​ဗပ်၊ နာ​သန်၊ ရှော​လ​မုန်၊

ထို​ည​တွင်၊ ဖာ​ရော​ဘု​ရင်​နှင့် သူ၏​ကျွန်​များ၊ အဲ​ဂု​တ္တု​လူ​များ​တို့​သည်​ထ​ကြ၍၊ အ​သေ​ကောင်​ကင်း​သော အိမ်​တစ်​အိမ်​မျှ​မ​ရှိ​သော​ကြောင့်၊ အဲ​ဂု​တ္တု​ပြည်၌ ကြီး​စွာ​သော ငို​ကြွေး​ခြင်း​ဖြစ်​လေ​၏။

ကိုယ်​ကို​ကိုယ်​နှိမ့်​ချ၍ ထိုင်​ကြ​လော့။ သင်​တို့၌ ဘုန်း​ကြီး​သော​သ​ရ​ဖူ​သည် သင်​တို့၏​ခေါင်း​ပေါ်​မှ ဆင်း​ရ​လိမ့်​မည်​ဟု၊ ရှင်​ဘု​ရင်​နှင့် မိ​ဖု​ရား​တို့​အား ပြော​လော့။

ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် မြင့်​သော​အ​ရပ်​တို့၌ ငို​ကြွေး၍ တောင်း​ပန်​သော​အ​သံ​ကို ငါ​ကြား​ရ​ပြီ။ အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် လမ်း​လွှဲ၍၊ မိ​မိ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို မေ့​လျော့​ကြ​ပြီ။

ဧ​ဖ​ရိမ်​က၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို ဆုံး​မ​တော်​မူ​ပြီ။ အ​ကျွန်ုပ်​သည် ရိုင်း​သော​နွား​လား​ကဲ့​သို့ ဆုံး​မ​ခြင်း​ကို ခံ​ရ​ပါ​ပြီ။ အ​ကျွန်ုပ်​ကို သွေး​ဆောင်​တော်​မူ​ပါ။ သို့​ပြု​လျှင်၊ အ​ကျွန်ုပ်​သည် ပြန်​လာ​ပါ​မည်။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင် ဖြစ်​တော်​မူ၏။

ထို​ကြောင့်၊ မြေ​ကြီး​သည် ညည်း​တွား​လိမ့်​မည်။ မိုး​ကောင်း​ကင်​လည်း နက်​လိမ့်​မည်။ ငါ​သည်​ပြော​ပြီး​မှ နောင်​တ​မ​ရှိ။ ကြံ​ပြီး​မှ အ​ကြံ​မ​ပျက်​ရ။

လူ​များ​တို့​ကို ခေါ်၍ စု​ဝေး​သော ပ​ရိ​သတ်​တို့​ကို သန့်​ရှင်း​စေ​ကြ​လော့။ အ​သက်​ကြီး​သော သူ​တို့​ကို​လည်း​ကောင်း၊ ငယ်​သော​သူ​နှင့် နို့​စို့​သော​သူ​တို့​ကို​လည်း​ကောင်း စု​ဝေး​စေ​ကြ​လော့။ မင်္ဂ​လာ​ဆောင်​လု​လင်​သည် မိ​မိ​အ​ခန်း​ထဲ​က​လည်း​ကောင်း၊ မင်္ဂ​လာ ဆောင်​သ​တို့​သ​မီး​သည် မိ​မိ​ကွယ်၍​နေ​သော ကု​လား​ကာ​တွင်း​က​လည်း​ကောင်း ထွက်​စေ။

မေ​ဂိ​ဒ္ဒေါ​ချိုင့်​တွင် ဟာ​ဒ​ဒြိ​မ္မုန်​မြို့​မှာ ငို​ကြွေး​မြည်​တမ်း​သ​ကဲ့​သို့၊ ထို​ကာ​လ၌ ယေ​ရု​ရှ​လင်​မြို့​မှာ ကြီး​စွာ​သော ငို​ကြွေး​မြည်​တမ်း​ခြင်း ရှိ​လိမ့်​မည်။

လေ​ဝိ၏ အ​ဆွေ​အ​မျိုး​တ​ခြား၊ သူ​တို့​မိန်း​မ​များ တ​ခြား၊ ရှိ​မိ၏ အ​ဆွေ​အ​မျိုး​တ​ခြား၊ သူ​တို့​မိန်း​မ​များ တ​ခြား၊

နှစ်​ပေါင်း​များ​စွာ​ပြု​သ​ကဲ့​သို့ ပ​ဥ္စ​မ​လ​တွင် ငို​ကြွေး၍ ခြိုး​ခြံ​စွာ​ကျင့်​ရ​ပါ​မည်​လော​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်၌​ရှိ​သော ယဇ်​ပု​ရော​ဟိတ်​နှင့် ပ​ရော​ဖက်​တို့​အား မေး​လျှောက်​ခြင်း​ငှာ​လည်း​ကောင်း၊ ရှ​ရေ​ဇာ၊ ရေ​ဂင်္မေ​လက်​နှင့် သူ​တို့​လူ​များ​ကို ဘု​ရား​သ​ခင်၏​အိမ်​တော်​သို့ စေ​လွှတ်​ကြ​သော​အ​ခါ၊

ထို​အ​ခါ လူ​သား၏​နိ​မိတ်​လ​က္ခ​ဏာ​သည် ကောင်း​ကင်၌ ထင်​ရှား​လိမ့်​မည်။ မြေ​ကြီး​ပေါ်​မှာ လူ​အ​ပေါင်း​တို့​သည် ငို​ကြွေး​မြည်​တမ်း​ကြ၍၊ လူ​သား​သည် ကြီး​စွာ​သော ဘုန်း​တန်​ခိုး​အာ​နု​ဘော်​ကို ဆောင်​လျက်၊ မိုး​တိမ်​ကို​စီး၍ ကြွ​လာ​တော်​မူ​သည်​ကို မြင်​ရ​ကြ​လိမ့်​မည်။-

မေ​လေ​အ​ဘ မဲ​နန်၊ မဲ​နန်​အ​ဘ မ​တ္တ​သ၊ မ​တ္တ​သ​အ​ဘ နာ​သန်၊ နာ​သန်​အ​ဘ ဒါ​ဝိဒ်၊-

အ​ချင်း​ချင်း​ခင်​ပွန်း​ဝတ်​ကို မ​ပယ်​မ​ရှောင်​ကြ​နှင့်။ ထို​သို့​ဆို​သော်၊ ဆု​တောင်း​ခြင်း​ဝတ်​ကို ပြု​ရ​သော​အ​ခွင့် ရှိ​စေ​ခြင်း​ငှာ၊ သ​ဘော​တူ၍ ခင်​ပွန်း​ဝတ်​ကို ခ​ဏ​မျှ​မ​ရှောင်​ရ​ဟု မ​ဆို​လို။ ထို​သို့​ရှောင်​လျှင်၊ ကိုယ်​ကို မ​ချုပ်​တည်း​နိုင်​သော​အား​ဖြင့် စာ​တန်​သည် အ​ပြစ်​သို့ သွေး​ဆောင်​ရ​သော​အ​ခွင့် မ​ရှိ​စေ​ခြင်း​ငှာ၊ နောက်​တစ်​ဖန် အ​တူ​နေ​ကြ​လော့။-

ကြည့်​ရှု​လော့။ မိုး​တိမ်​နှင့်​တ​ကွ ကြွ​လာ​တော်​မူ​သည်​ဖြစ်၍၊ ကိုယ်​တော်​ကို ထိုး​ဖောက်​သော သူ​တို့​နှင့် ရှိ​သ​မျှ​သော​သူ​တို့​သည် ကိုယ်​တော်​ကို ရှု​မြင်​ရ​ကြ​လိမ့်​မည်။ မြေ​ကြီး​သား​အ​မျိုး​မျိုး ရှိ​သ​မျှ​တို့​သည် ကိုယ်​တော်​ကြောင့် ငို​ကြွေး​မြည်​တမ်း​ရ​ကြ​လိမ့်​မည်။ မှန်​ပေ၏။ အာ​မင်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ