Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဇာ​ခ​ရိ 11:9

Judson Bible

နောက်​တစ်​ဖန် သင်​တို့​ကို ငါ​မ​ကျွေး။ သေ​သော အ​ကောင်​သည် သေ​ပါ​လေ​စေ။ အ​သတ်​ခံ​ရ​သော အ​ကောင်​သည် ခံ​ရ​ပါ​လေ​စေ။ ကျန်​ကြွင်း​သော​အ​ကောင်​တို့​သည် တစ်​ကောင်​ကို​တစ်​ကောင် စား​ပါ​လေ​စေ​ဟု ငါ​ဆို​လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

22 ပူးပေါင်းရင်းမြစ်များ  

သတ်​ခြင်း​ငှာ ရှာ​ကြံ​သော​ရန်​သူ​များ​တို့​သည် ဝိုင်း၍ တပ်​တည်​သ​ဖြင့်၊ ဤ​သူ​တို့​သည် ကျဉ်း​ကျပ်​လျက်​နေ၍၊ ကိုယ်​သား​သ​မီး အ​သား​ကို ငါ​စား​စေ​မည်။ အ​ချင်း​ချင်း​တစ်​ယောက်​အ​သား​ကို တစ်​ယောက်​စား​ကြ​လိမ့်​မည်​ဟု မြွက်​ဆို​ပြီး​မှ၊

ဤ​လူ​မျိုး​တွင် ဆင်း​ရဲ​သား​ဖြစ်​စေ၊ ပ​ရော​ဖက်​ဖြစ်​စေ၊ ယဇ်​ပု​ရော​ဟိတ်​ဖြစ်​စေ၊ တစ်​စုံ​တစ်​ယောက်​က၊ ထာ​ဝ​ရ​ဘု​ရား၏ ဗျာ​ဒိတ်​တော် အ​ဘယ်​သို့​နည်း​ဟု သင့်​ကို​မေး​လျှင်၊ ပြန်​ပြော​ရ​မည်​မှာ၊ သင်​တို့​နှင့်​ဆိုင်​သော ဗျာ​ဒိတ်​တော်​ဟူ​မူ​ကား၊ သင်​တို့​ကို ငါ​စွန့်​ပစ်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ငါ​သည် သင်​တို့​ကို​လည်း​ကောင်း၊ သင်​တို့​နှင့် ဘိုး​ဘေး​တို့​အား ငါ​ပေး​သော မြို့​ကို​လည်း​ကောင်း၊ ငါ့​ထံ​မှ အ​ကုန်​အ​စင်​ကျုံး၍ ပစ်​လိုက်​မည်။

ထို​မင်း​သည် ရောက်​လာ​သော​အ​ခါ၊ အဲ​ဂု​တ္တု​ပြည်​ကို​လုပ်​ကြံ၍၊ သေ​တန်​သော​သူ​တို့​ကို သေ​ခြင်း​သို့​လည်း​ကောင်း၊ သိမ်း​သွား​ချုပ်​ထား​တန်​သော သူ​တို့​ကို သိမ်း​သွား​ချုပ်​ထား​ခြင်း​သို့​လည်း​ကောင်း၊ ကွပ်မျက်တန်သောသူတို့ကို ကွပ်မျက်ခြင်းသို့လည်းကောင်း အပ်​လိမ့်​မည်။

သင်၏​အ​လယ်၌ အ​ဘ​တို့​သည် သား​တို့​ကို စား​ကြ​လိမ့်​မည်။ သား​တို့​သည်​လည်း အ​ဘ​တို့​ကို စား​ကြ​လိမ့်​မည်။ သင်၌​အ​ပြစ်​ဒဏ်​ကို စီ​ရင်၍၊ ကျန်​ကြွင်း​သ​မျှ​ကို အ​ရပ်​ရပ်​တို့​က​လာ​သော လေ​ရှေ့​မှာ ငါ​လွှင့်​မည်။

ငါ့​လူ​တို့​သည် ပ​ညာ​နည်း​သော​ကြောင့်​ဆုံး​ရှုံး​ကြ၏။ သင်​သည် ပ​ညာ​ကို​ပယ်​သော​ကြောင့်၊ ငါ့​ယဇ်​ပု​ရော​ဟိတ်​အ​ဖြစ်​သို့ မ​ရောက်​စေ​ခြင်း​ငှာ သင့်​ကို​ငါ​ပယ်​မည်။ သင်၏​ဘု​ရား​သ​ခင့်​တ​ရား​ကို သင်​မေ့​လျော့​သော​ကြောင့်၊ သင်၏​သား​သ​မီး​တို့​ကို ငါ​မေ့​လျော့​မည်။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ တစ်​ပြည်​လုံး သုံး​စု​တွင် နှစ်​စု​ကို ပယ်​ဖြတ်၍ အ​သေ​ခံ​ရ​သ​ဖြင့်၊ တစ်​စု​သာ​ကျန်​ကြွင်း​ရ​လိမ့်​မည်။

ထို​သူ​တို့​ကို ရှိ​ပါ​လေ​စေ။ သူ​တို့​သည် လူ​ကန်း​တို့​အား လမ်း​ပြ​သော လူ​ကန်း​ဖြစ်၏။ လူ​ကန်း​ချင်း တစ်​ဦး​ကို​တစ်​ဦး လမ်း​ပြ​လျှင်၊ နှစ်​ဦး​တို့​သည် တွင်း​ထဲ​သို့​ကျ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။-

လမ်း​နား​မှာ သင်္ဘော​သ​ဖန်း​ပင်​တစ်​ပင်​ကို မြင်​လျှင်၊ ထို​အ​ပင်​သို့​ကြွ​သွား၍ အ​ရွက်​ကို​သာ တွေ့​တော်​မူ​သည်​ရှိ​သော်၊ ယ​ခု​မှ​စ၍ အ​စဉ်​မ​ပြတ် သင်၌​အ​သီး​မ​သီး​စေ​နှင့်​ဟု မိန့်​တော်​မူ​လျှင်၊ ထို​အ​ပင်​သည် ချက်​ချင်း သွေ့​ခြောက်​လေ၏။-

ထို​ကြောင့် ငါ​ဆို​သည်​ကား၊ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​ကို သင်​တို့​မှ​နုတ်၍ နိုင်​ငံ​တော်၏​အ​သီး​ကို သီး​အံ့​သော​လူ​မျိုး​အား ပေး​ရ​လ​တ္တံ့။-

ယေ​ရှု​က​လည်း၊ အ​လင်း​သည် သင်​တို့​တွင်​ခ​ဏ​သာ​ရှိ၏။ အ​လင်း​ရှိ​စဉ်​အ​ခါ သွား​လာ​ကြ​လော့။ သို့​မ​ဟုတ်​လျှင် မှောင်​မိုက်​သည် သင်​တို့​ကို​မီ​လိမ့်​မည်။ မှောင်​မိုက်၌​သွား​သော​သူ​သည် အ​ဘယ်​ဆီ​သို့​မိ​မိ​သွား​သည်​ကို မိ​မိ​မ​သိ။-

တစ်​ဖန်​ယေ​ရှု​က၊ ငါ​သည်​သွား​ရ​မည်။ သင်​တို့​သည် ငါ့​ကို​ရှာ​ကြ​လိမ့်​မည်။ ကိုယ်​အ​ပြစ်၌​လည်း သေ​ကြ​လိမ့်​မည်။ ငါ​သွား​ရာ​အ​ရပ်​သို့ သင်​တို့​မ​ရောက်​နိုင်​ကြ​ဟု မိန့်​တော်​မူ၏။-

ထို​ကြောင့်​သင်​တို့​သည် ကိုယ်​အ​ပြစ်၌ သေ​ကြ​လိမ့်​မည်​ဟု ငါ​ဆို၏။ ငါ​သည် ဤ​မည်​သော​သူ​ဖြစ်​သည်​ကို သင်​တို့​သည်​မ​ယုံ​လျှင်၊ ကိုယ်​အ​ပြစ်၌ သေ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။-

မ​တ​ရား​သော​သူ​သည် မ​တ​ရား​သ​ဖြင့် ပြု​စေ​ဦး။ ညစ်​ညူး​သော​သူ​သည် ညစ်​ညူး​စေ​ဦး။ ဖြောင့်​မတ် သော​သူ​သည် ဖြောင့်​မတ်​စေ​ဦး။ သန့်​ရှင်း​သော​သူ​သည် သန့်​ရှင်း​စေ​ဦး။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ