Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဇာ​ခ​ရိ 11:5

Judson Bible

ပိုင်​သော​သူ​တို့​သည် သတ်၍ ကိုယ်​အ​ပြစ်​ရှိ​သည်​ကို မ​သိ​ကြ။ ရောင်း​စား​သော သူ​တို့​က​လည်း၊ ငါ​ရ​တတ်​သည်​ဖြစ်၍ ထာ​ဝ​ရ​ဘု​ရား​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း​ဟု ဆို​ကြ၏။ သိုး​ထိန်း​တို့​သည်​လည်း သ​နား​ခြင်း က​ရု​ဏာ​မ​ရှိ​ကြ။

အခန်းကိုကြည့်ပါ။ ကော်ပီ

27 ပူးပေါင်းရင်းမြစ်များ  

ပ​ရော​ဖက်​အ​မျိုး​သား၏ မ​ယား​တစ်​ယောက်​သည် ဧ​လိ​ရှဲ​ထံ​သို့​လာ၍၊ ကိုယ်​တော်​ကျွန်၊ ကျွန်​မ၏​ခင်​ပွန်း​သေ​ပါ​ပြီ၊ ကိုယ်​တော်​ကျွန်​သည် ထာ​ဝ​ရ​ဘု​ရား​ကို ရို​သေ​သော​သူ​ဖြစ်​သည်​ကို ကိုယ်​တော်​သိ​တော်​မူ၏။ ယ​ခု​မှာ ကြွေး​ရှင်​သည် ကျွန်​မ၏​သား​နှစ်​ယောက်​ကို ကျွန်​ခံ​စေ​ခြင်း​ငှာ​လာ​ပါ​ပြီ​ဟု ကြွေး​ကြော်​လေ၏။

တစ်​ပါး​အ​မျိုး​သား​တို့​လက်၌ ကျွန်​ခံ​သော ငါ​တို့​ညီ​အစ်​ကို ယု​ဒ​လူ​တို့​ကို၊ ငါ​တို့​သည် တတ်​နိုင်​သ​မျှ​အ​တိုင်း ရွေး​နုတ်​ပြီး​မှ၊ သင်​တို့​သည် ညီ​အစ်​ကို​တို့​ကို တစ်​ဖန် ရောင်း​ဦး​မည်​လော။ သူ​တို့​သည် အ​မျိုး​သား​ချင်း​တို့​တွင် အ​ရောင်း​ခံ​ရ​မည်​လော​ဟု ဆို​လျှင်၊ သူ​တို့​သည် ပြန်​ပြော​စ​ရာ​မ​ရှိ၊ တိတ်​ဆိတ်​စွာ နေ​ကြ၏။

ထို​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သည် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ သန့်​ရှင်း၏။ စီး​ပွား​တော်​အ​ဖို့ အ​ဦး​သီး​သော အ​သီး​ဖြစ်၏။ သူ​တို့​ကို လု​ယူ​သော​သူ အ​ပေါင်း​တို့​သည် အ​ပြစ်​ရှိ​ကြ၏။ ထို​သူ​တို့​အ​ပေါ်​မှာ ဘေး​ဥ​ပဒ်​ရောက်​ရ​သည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

သူ​တို့​ကို တွေ့​ကြုံ​သ​မျှ​သော သူ​တို့​သည် ကိုက်​စား​ကြ​ပြီ။ ရန်​သူ​တို့​က၊ သူ​တို့​သည် တ​ရား​သော​ငြိမ်​ဝပ်​ရာ၊ ဘိုး​ဘေး​တို့​ခို​လှုံ​ရာ ထာ​ဝ​ရ​ဘု​ရား​ကို​ပြစ်​မှား​သော​ကြောင့်၊ ငါ​တို့​သည် ကိုက်​စား​သော်​လည်း မ​လွန်​ကျူး​ဟု ပြော​ဆို​ကြ​ပြီ။

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​သည်​သိုး​ထိန်း​တို့ တစ်​ဖက်၌​နေ၏။ ငါ့​သိုး​များ​ကို သူ​တို့၌​ငါ​တောင်း၍ သိုး​ထိန်း​အ​ရာ​ကို နုတ်​မည်။ သိုး​ထိန်း​တို့​သည် နောက်​တစ်​ဖန် ကိုယ်​ကို မ​ကျွေး​မွေး​ရ​ကြ။ ငါ့​သိုး​များ​ကို သူ​တို့​ပါး​စပ်​မှ​ငါ​နုတ်၍ နောက်​တစ်​ဖန် မ​ကိုက်​မ​စား​ရ​ကြ။

သင်​တို့​သည် အား​နည်း​သော​သိုး​တို့​ကို အ​ရပ်​ရပ်​သို့ ကွဲ​ပြား​စေ​ခြင်း​ငှာ နံ​ပါး​နှင့်​လည်း​ကောင်း၊ ပ​ခုံး​နှင့်​လည်း​ကောင်း​တိုး၍ ချို​နှင့်​ခွေ့​သော​ကြောင့်၊

ငါ့​သိုး​တို့​သည် တောင်​များ၊ မြင့်​သော​ကုန်း​များ အ​ပေါ်​မှာ​လဲ၍ မြေ​တစ်​ပြင်​လုံး​တွင် အ​ရပ်​ရပ်​သို့ ကွဲ​ပြား​ပျံ့​လွင့်​လျက်​နေ၍၊ အ​ဘယ်​သူ​မျှ မ​လိုက်​မ​ရှာ​ကြ။

သို့​ရာ​တွင်၊ ဧ​ဖ​ရိမ်​က၊ ငါ​သည် ရ​တတ်၏။ ဘ​ဏ္ဍာ​ကို သို​ထား​ပြီ။ ကြိုး​စား​သ​မျှ​တို့၌ အ​ပြစ်​ပါ​သော လွန်​ကျူး​ခြင်း​ကို ရှာ၍​မ​တွေ့​ရာ​ဟု ဆို​လိမ့်​မည်။

ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို အဲ​ဂု​တ္တု​ပြည်​မှ ကယ်​နုတ်​သော သင်၏​ဘု​ရား​သ​ခင် ဖြစ်၏။ ဓ​မ္မ​ပွဲ​ခံ​စဉ်​တွင် နေ​တတ်​သ​ကဲ့​သို့ တစ်​ဖန် တဲ​တို့၌ နေ​စေ​မည်။

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သည် ဖြောင့်​မတ်​သော​သူ​ကို ငွေ​နှင့်​လည်း​ကောင်း၊ ဆင်း​ရဲ​သော​သူ​ကို ခြေ​နင်း​တစ်​ရံ​နှင့်​လည်း​ကောင်း ရောင်း​သော​အ​ပြစ်၊

လျှို့​ဝှက်​သော​ကျမ်း​ပြု​ဆ​ရာ၊ ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ကောင်း​ကင်​နိုင်​ငံ​တော်၏ တံ​ခါး​ကို လူ​တို့​ရှေ့​မှာ​ပိတ်​ထား၍ မိ​မိ​တို့​လည်း​မ​ဝင်၊ ဝင်​လို​သော​သူ​တို့​ကို​လည်း ဆီး​တား​ကြ၏။

ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ သိုး​ခြံ​ထဲ​သို့ တံ​ခါး​ဝ​ဖြင့်​မ​ဝင်၊ အ​ခြား​လမ်း​ဖြင့်​ကျော်​ဝင်​သော​သူ​သည် သူ​ခိုး​ဓား​ပြ​ဖြစ်၏။-

လော​ကီ​သား​တို့​သည် သင်​တို့​ကို တ​ရား​ဇ​ရပ်​မှ နှင်​ထုတ်​လိမ့်​မည်။ သင်​တို့​ကို သတ်​သော​သူ​မည်​သည်​ကား၊ ဘု​ရား​ဝတ်​ကို ငါ​ပြု​ပြီ​ဟု မိ​မိ​ထင်​မှတ်​သော​အ​ချိန်​ကာ​လ ရောက်​လိမ့်​မည်။-

သူ​တို့​သည် လော​ဘ​လွန်​ကျူး​လျက် ချော့​မော့​သော​စ​ကား​နှင့် သင်​တို့​ကို ကုန်​သွယ်​ကြ​လိမ့်​မည်။ သူ​တို့​အ​ပြစ်​စီ​ရင်​ခြင်း​သည် ရှေး​ကာ​လ​မှ​စ၍ မ​ဖင့်​မ​နွှဲ၊ သူ​တို့​ဖျက်​ဆီး​ခြင်း​သည်​လည်း အိပ်၍​မ​ပျော်။

သစ်​ကြံ​ပိုး၊ အ​မေ​မုန်၊ နံ့​သာ​ပေါင်း၊ ဆီ​မွှေး၊ လော​ဗန်၊ စ​ပျစ်​ရည်၊ ဆီ၊ မုန့်​ညက်၊ ဂျုံ​ဆန်၊ နွား၊ သိုး၊ မြင်း၊ ရ​ထား၊ အ​စေ​ခံ​ကျွန်၊ လူ​ဝိ​ညာဉ်​တို့​ကို အ​ဘယ်​သူ​မျှ နောက်​တစ်​ဖန် မ​ဝယ်​ရ။-

သင်​က​လည်း၊ ငါ​သည် ဥ​စ္စာ​ရ​တတ်၏။ ဘ​ဏ္ဍာ​များ​ကို ဆည်း​ပူး​ပြီ။ တစ်​စုံ​တစ်​ခု​ကို​မျှ​မ​လို​ဟု​ပြော​ဆို၍ ကိုယ်​တိုင်​ပင်​ပန်း​ခြင်း၊ သ​နား​ဖွယ်​ဖြစ်​ခြင်း၊ ဆင်း​ရဲ​ခြင်း၊ မျက်​စိ​ကန်း​ခြင်း၊ အ​ဝတ်​အ​ချည်း​စည်း​ရှိ​ခြင်း ဖြစ်​သည်​ကို မ​သိ​ပါ​တ​ကား။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ