ဇာခရိ 11:16Judson Bibleအကြောင်းမူကား၊ ဤပြည်၌ သိုးထိန်းတစ်ဦးကို ငါပေါ်ထွန်းစေမည်။ သူသည် အသတ်ခံရသော အကောင်ကို မကြည့်မရှု၊ လမ်းလွဲသောအကောင်ကို မရှာ၊ နာသောအကောင်ကို အနာပျောက်စေခြင်းငှာ မပြု၊ ရပ်နေသော အကောင်ကို မမစ၊ ဆူသောအကောင်တို့ကို စားလိမ့်မည်။ သူတို့ ခွာကိုလည်း ချိုးဖဲ့လိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ထိုကြောင့်၊ ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါ၏လူတို့ကို ကျွေးမွေးရသော သိုးထိန်းတို့အမှုမှာ သင်တို့သည် ငါ၏သိုးစုကိုမကြည့်ရှု၊ မပြုစု၊ အရပ်ရပ်သို့ ကွဲပြားစေ၍ နှင်ထုတ်သောကြောင့်၊ သင်တို့ပြုသော ဒုစရိုက်အပြစ်ကို သင်တို့အပေါ်မှာ ငါသက်ရောက်စေမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
ရှင်ဘုရင်တစ်ပါးသည် မိမိအလိုအလျောက်ပြု၍၊ ဘုရားအပေါင်းတို့ထက် ကိုယ်ကိုကိုယ် ချီးပင့်မြှောက်စားလျက်၊ ဘုရားတို့၏ဘုရားကို ဆန့်ကျင်ဘက်ပြု၍ အံ့ဖွယ်သောစကားကို ပြောလိမ့်မည်။ ဒေါသအမျက် စေ့စုံသည် ကာလတိုင်အောင် ကောင်းစားလိမ့်မည်။ စီရင်ဆုံးဖြတ်သမျှအတိုင်း ဖြစ်ရလိမ့်မည်။