ဇာခရိ 11:12Judson Bibleတစ်ဖန် ငါက၊ ငါရထိုက်သော အခကိုပေးအံ့သောငှာ၊ သင်တို့သည် အလိုရှိလျှင် ပေးကြလော့။ အလိုမရှိလျှင် မပေးကြနှင့်ဟု ဆိုသော်၊ သူတို့သည် ငါ့အား အခပေးအံ့သောငှာ ငွေသုံးဆယ်ကို ချိန်ကြ၏။ အခန်းကိုကြည့်ပါ။ |
မင်းကြီး၏ကျွန်တို့သည် ငါ့အဖို့ လေဗနုန်တောင်ပေါ်မှာ အာရဇ်ပင်တို့ကို ခုတ်လှဲစေခြင်းငှာ စီရင်ပါ။ ငါ့ကျွန်တို့သည် မင်းကြီးကျွန်တို့နှင့်ဝိုင်း၍ လုပ်ကိုင်ကြလိမ့်မည်။ မင်းကြီးစီရင်သည်အတိုင်း၊ မင်းကြီး၏ ကျွန်တို့အား အခကိုပေးပါမည်။ ဇိဒုန်အမျိုးသားတို့သည် သစ်ခုတ်တတ်သကဲ့သို့ ငါတို့တွင် အဘယ်သူမျှ မခုတ်တတ်သည်ကို မင်းကြီးသိသည်ဟု မှာလိုက်လေ၏။
သင်တို့ကို စစ်ကြောစီရင်ခြင်းငှာ ငါချဉ်းမည်။ ပြုစားတတ်သောသူ၊ သူ့မယားကို ပြစ်မှားသောသူ၊ မမှန်သော ကျိန်ဆိုခြင်းကို ပြုသောသူ၊ သူငှားကို အခမပေး ညှဉ်းဆဲသောသူ၊ မိဘမရှိသောသူငယ်နှင့် မုဆိုးမကို ညှဉ်းဆဲသောသူ၊ ဧည့်သည်ကို မတရားသဖြင့် စီရင်သောသူ၊ ငါ့ကိုမကြောက်ရွံ့သောသူတို့တစ်ဖက်၌ ငါသည် လျင်မြန်သောသက်သေဖြစ်မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့်တော်မူ၏။