Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဇာ​ခ​ရိ 1:5

Judson Bible

ဘိုး​ဘေး​တို့​သည် အ​ဘယ်​မှာ ရှိ​ကြ​သ​နည်း။ ပ​ရော​ဖက်​တို့​သည် အ​စဉ်​အ​မြဲ အ​သက်​ရှင်​တတ်​ကြ​သ​လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ ဧ​လိ​ရှဲ​သည် သေ​နာ​စွဲ၍ နာ​နေ​စဉ်​တွင်၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​ယ​ဟော​ရှ​သည် လာ၍ သူ့​ရှေ့​မှာ​ငို​ကြွေး​လျက် ငါ့​အ​ဘ၊ ငါ့​အ​ဘ၊ ဣ​သ​ရေ​လ​ရ​ထား၊ ဣ​သ​ရေ​လ​မြင်း​ပါ​တ​ကား​ဟု ဆို၏။

ဧ​လိ​ရှဲ​သေ၍ သင်္ဂြိုဟ်​ခြင်း​ကို​ခံ​ပြီး​မှ၊ နောင်​နှစ်​တွင် မော​ဘ​တပ်​သား​တို့​သည် ဣ​သ​ရေ​လ​ပြည်​ကို တိုက်​လာ​ကြ၏။

အ​ကျွန်ုပ်​တို့၏​အ​သက်​အ​ရွယ်​သည် အ​နှစ်​ခု​နစ်​ဆယ် အ​တိုင်း​အ​ရှည်​ရှိ​ပါ၏။ အား​ကြီး၍ အ​နှစ်​ရှစ်​ဆယ်​ပြည့်​သော်​လည်း၊ ဝါ​ကြွား​ခြင်း​သည် ပင်​ပန်း​ခြင်း​နှင့် ဝမ်း​နည်း​ခြင်း​ဖြစ်​ပါ၏။ ထို​အ​သက်​သည်​လည်း မြန်​မြန်​လွန်၍၊ အ​ကျွန်ုပ်​တို့​သည် စု​တေ့​ကြ​ပါ၏။

လူ​တစ်​ဆက် လွန်​သွား၏။ တစ်​ဆက်​ပေါ်​လာ၏။ မြေ​ကြီး​မူ​ကား အ​စဉ်​အ​မြဲ​တည်၏။

ထို​ကာ​လ၌ မြင့်​သော​အ​ရာ​တို့​ကို ကြောက်​ကြ​လိမ့်​မည်။ လမ်း၌​ဘေး​တွေ့​မည်​ဟု ထင်​ကြ​လိမ့်​မည်။ ဗာ​တံ​ပင်​ပွင့်​လိမ့်​မည်။ ကျိုင်း​ကောင်​သည် မိ​မိ၌ မိ​မိ​လေး​လိမ့်​မည်။ အ​လို​ဆ​န္ဒ​လျော့​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ လူ​သည် ထာ​ဝ​ရ​နေ​ရာ​သို့ သွား​ဆဲ​ရှိ၍၊ ငို​ခြင်း​သည်​တို့​သည် လမ်း​တို့၌ လှည့်​လည်​ကြ၏။

ထို​ကာ​လ၌ မြေ​မှုန့်​သည်​နေ​ရင်း​မြေ​သို့​လည်း​ကောင်း၊ ဝိ​ညာဉ်​သည် အ​ရင်​ပေး​တော်​မူ​သော ဘု​ရား​သ​ခင့်​ထံ​သို့​လည်း​ကောင်း ပြန်​သွား​ရ​လိမ့်​မည်။

သင်​သည် အ​ခြား​သော​စာ​လိပ်​ကို​ယူ၍၊ ယု​ဒ​ရှင်​ဘု​ရင်​ယော​ယ​ကိမ်​မီး​ရှို့​သော အ​ရင်​စာ​လိပ်၌ ပါ​သ​မျှ​သော စ​ကား​ရင်း​အ​တိုင်း ရေး​ထား​လော့။

ဘိုး​ဘေး​တို့​သည် ပြစ်​မှား၍ သေ​ပြီး​မှ၊ အ​ကျွန်ုပ်​တို့​သည် သူ​တို့ အ​ပြစ်​များ​ကို ခံ​ရ​ပါ၏။

ယု​ဒ​လူ​တို့​က​လည်း၊ သင်၌​နတ်​ဆိုး​စွဲ​သည်​ကို ယ​ခု​ငါ​တို့​သိ​ကြ၏။ အာ​ဗြ​ဟံ​မှ​စ၍ ပ​ရော​ဖက်​တို့​သည် သေ​လွန်​ကြ​ပြီ။ သင်​မူ​ကား၊ ငါ့​စ​ကား​ကို နား​ထောင်​သော​သူ​သည် သေ​ခြင်း​နှင့် အ​စဉ်​မ​ပြတ်​ကင်း​လွတ်​လိမ့်​မည်​ဟု ဆို​ပါ​သည်​တ​ကား။-

ဒါ​ဝိဒ်​သည် မိ​မိ​ကာ​လ၌ ဘု​ရား​သ​ခင်၏ အ​လို​တော်​ကို ဆောင်​ရွက်​ပြီး​လျှင်၊ ကျိန်း​စက်၍ မိ​မိ​ဘိုး​ဘေး​စု​ထဲ​သို့​ဝင်​သ​ဖြင့် ပုပ်​စပ်​ခြင်း​သို့ ရောက်​လေ၏။-

လူ​သည် တစ်​ခါ​တည်း​သေ၍ ထို​နောက်​မှ တ​ရား​စီ​ရင်​တော်​မူ​ခြင်း​ကို ခံ​ရ​သ​ကဲ့​သို့၊-

ထို​နောက် ရှ​မွေ​လ​သေ​သော​အ​ခါ၊ ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည် စည်း​ဝေး၍ ငို​ကြွေး​မြည်​တမ်း​ခြင်း​ကို ပြု​သ​ဖြင့်၊ ရာ​မ​မြို့​တွင် သူ၏​အိမ်၌ သင်္ဂြိုဟ်​ကြ၏။ ဒါ​ဝိဒ်​သည် ထ၍ ပါ​ရန်​တော​သို့ သွား​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ