Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဇာ​ခ​ရိ 1:3

Judson Bible

သို့​သော်​လည်း၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို သူ​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊ ငါ့​ထံ​သို့ ပြန်၍​လာ​ကြ​လော့​ဟု၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ ငါ​သည်​လည်း သင်​တို့​ရှိ​ရာ​သို့​ပြန်​လာ​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​ထာ​ဝ​ရ​ဘု​ရား မိ​န့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

33 ပူးပေါင်းရင်းမြစ်များ  

အာ​ဇ​ရိ​သည် အာ​သ​မင်း​ကို ကြို​ဆို​ခြင်း​ငှာ သွား​လျက်၊ အို​အာ​သ​မင်း၊ အို​ယု​ဒ​အ​မျိုး​နှင့် ဗင်္ယာ​မိန် အ​မျိုး​သား​အ​ပေါင်း​တို့၊ ငါ့​စ​ကား​ကို နား​ထောင်​ကြ​လော့။ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ဘက်၌​နေ​လျှင်၊ နေ​စဉ်​ကာ​လ၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​နှင့်​အ​တူ ရှိ​တော်​မူ​မည်။ ထာ​ဝ​ရ​ဘု​ရား​ကို​ရှာ​လျှင် အ​တွေ့​ခံ​တော်​မူ​မည်။ စွန့်​လျှင်​သင်​တို့​ကို စွန့်​တော်​မူ​မည်။

ဘေး​ရောက်​သ​ဖြင့်၊ သူ​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ပြန်​လာ၍၊ ရှာ​ကြ​သော​အ​ခါ အ​တွေ့​ခံ​တော်​မူ၏။

တစ်​ဖန် ချမ်း​သာ​ရ​သော​အ​ခါ၊ ရှေ့​တော်၌ ဒု​စ​ရိုက်​ကို ပြု​ပြန်​ကြ​သော​ကြောင့်၊ ရန်​သူ​အ​စိုး​ရ​မည်​အ​ကြောင်း တစ်​ဖန်​အပ်​တော်​မူ၏။ သူ​တို့​သည်​ပြန်​လာ၍ ကိုယ်​တော်​ကို အော်​ဟစ်​ကြ​သော​အ​ခါ၊ ကောင်း​ကင်​ဘုံ​က နား​ထောင်၍၊ က​ရု​ဏာ​တော်​ရှိ​သည်​အ​တိုင်း အ​ထပ်​ထပ် ကယ်​တင်​တော်​မူ၏။

အ​န​န္တ​တန်​ခိုး​ရှင်​ထံ​တော်​သို့ ပြန်​လာ​လျှင်၊ တည်​ဆောက်​ခြင်း​ရှိ​လိမ့်​မည်။ သင့်​အိမ်​မှ​ဒု​စ​ရိုက်​ကို ပယ်​ရှား​လျှင်၊

အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ သင်​တို့​သည် အ​လွန် လွှဲ​ရှောင်​ပယ်​ထား​သော ဘု​ရား​ထံ​တော်​သို့ ပြန်​လာ​ကြ​လော့။

သင်၏​ဒု​စ​ရိုက်​တို့​ကို တိမ်​တိုက်​ကဲ့​သို့​လည်း​ကောင်း၊ သင်၏​အ​ပြစ်​တို့​ကို တိမ်​လွှာ​ကဲ့​သို့​လည်း​ကောင်း ငါ​ချေ​ပြီ။ ငါ့​ထံ​သို့​ပြန်​လာ​လော့။ သင့်​ကို​ငါ ရွေး​နုတ်​ပြီ။

နုတ်​ပြီး​မှ တစ်​ဖန်​ငါ​သ​နား၍၊ အ​သီး​အ​သီး​တို့​ကို မိ​မိ​တို့ ပိုင်​ထိုက်​သော​မြေ၊ မိ​မိ​တို့​နေ​ရင်း​ပြည်​သို့ ငါ​ပြန်​ပို့​မည်။

ထို​ပ​ရော​ဖက်​တို့​က၊ သင်​တို့​အ​သီး​အ​သီး​လိုက်​သော​လမ်း​ဆိုး​နှင့် အ​ကျင့်​ဆိုး​များ​ကို ပယ်​ရှား၍၊ သင်​တို့​နှင့် ဘိုး​ဘေး​တို့​အား ထာ​ဝ​ရ​ဘု​ရား​သည် အ​မြဲ​ပေး​တော်​မူ​သော​ပြည်၌ နေ​ကြ​လော့။

ယောက်ျား​စွန့်​ပစ်​သော မိန်း​မ​သည် ထွက်​သွား၍၊ အ​ခြား​သော​သူ၏ မ​ယား​ဖြစ်​ပြီး​မှ၊ အ​ရင်​လင်​သည် ထို​မိန်း​မ​ကို ပြန်၍​ယူ​သင့်​သ​လော။ ထို​သို့​ပြု​သော​ပြည်​သည် ညစ်​ညူး​သည်​မ​ဟုတ်​လော​ဟု ဆို​လေ့​ရှိ​လျက်​နှင့်၊ သင်​သည် များ​စွာ​သော ရည်း​စား​တို့၌ မှီ​ဝဲ၍ မှား​ယွင်း​သော်​လည်း၊ ငါ့​ထံ​သို့ ပြန်​လာ​ပါ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​၏။

အို ဖောက်​ပြန်​သော​သူ​ငယ်၊ သင်​တို့​ပြန်​လာ​ကြ​လော့။ ဖောက်​ပြန်​ရာ​များ​ကို ငါ​ပြု​ပြင်​မည်။ သူ​တို့​က​လည်း၊ အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်​ထံ​သို့ လာ​ကြ​ပါ၏။ ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ၏။

ငါ၏​ကျွန် ပ​ရော​ဖက်​အ​ပေါင်း​တို့​ကို​လည်း၊ ငါ​သည် စော​စော​ထ၍ သင်​တို့​ရှိ​ရာ​သို့ အ​ထပ်​ထပ်​စေ​လွှတ်​လျက်၊ သင်​တို့​အ​သီး​အ​သီး လိုက်​သော အ​ဓ​မ္မ​လမ်း​ကို ရှောင်​ကြ​လော့။ သင်​တို့​အ​ကျင့်​ကို ပြု​ပြင်​ကြ​လော့။ အ​ခြား​တစ်​ပါး​သော ဘု​ရား​နောက်​သို့ မ​လိုက်၊ ဝတ်​မ​ပြု​ကြ​နှင့်။ ဤ​စ​ကား​ကို နား​ထောင်​လျှင်၊ သင်​တို့​နှင့် သင်​တို့၏ ဘိုး​ဘေး​တို့​အား ငါ​ပေး​သော​ပြည်၌ နေ​ရ​ကြ​လိမ့်​မည်​ဟု မှာ​လိုက်​သော်​လည်း၊ သင်​တို့​သည် နား​ကို​ပိတ်​လျက်၊ ငါ့​စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ​ကြ​ပြီ။

အို ဣ​သ​ရေ​လ​အ​မျိုး၊ သင်​သည် ပြန်​လာ​လို​လျှင် ငါ့​ထံ​သို့​ပြန်​လာ​ပါ။ သင်၏​ရွံ​ရှာ​ဖွယ်​တို့​ကို ပယ်​လို​လျှင် ငါ့​ထံ​မှ​မ​ရွှေ့​ရ။

သင်​တို့​က​လည်း၊ အ​ဘယ်​သို့​နည်း။ သား​သည် အ​ဘ၏​အ​ပြစ်​ကို မ​ခံ​ရ​သ​လော​ဟု မေး​ကြ​သော်၊ သား​သည် တ​ရား​သော​အ​မှု၊ ဟုတ်​မှန်​သော​အ​မှု​ကို​ပြု၍၊ ငါ​စီ​ရင်​ထုံး​ဖွဲ့​သ​မျှ​အ​တိုင်း ကျင့်​စောင့်​လျှင်၊ စင်​စစ် အ​သက်​ရှင်​ရ​လိမ့်​မည်။

သင်​တို့​သည် ပြု​သ​မျှ​သော လွန်​ကျူး​ခြင်း​အ​မှု​တို့​ကို​စွန့်​ပစ်၍ အ​သစ်​သော​နှ​လုံး၊ အ​သစ်​သော​စိတ်​သ​ဘော​ကို ပြင်​ဆင်​ကြ​လော့။ အို ဣ​သ​ရေ​လ​အ​မျိုး၊ သင်​တို့​သည် အ​ဘယ်​ကြောင့် အ​သေ​သတ်​ခြင်း​ကို ခံ​လို​သ​နည်း။

အ​သေ​ခံ​ရ​သော​သူ၏​အ​သေ​ခံ​ခြင်း​အ​မှု၌ ငါ​သည်​ပျော်​မွေ့​ခြင်း​မ​ရှိ။ ထို​ကြောင့်၊ ပြောင်း​လဲ၍ အ​သက်​ရှင်​ကြ​လော့​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​အ​သက်​ရှင်​သည်​အ​တိုင်း၊ ဆိုး​သော​သူ​သည် အ​သေ​ခံ​ခြင်း​အ​မှု​ကို ငါ​နှစ်​သက်​သည် မ​ဟုတ်။ ဆိုး​သော​သူ​သည် မိ​မိ​ဆိုး​သော​လမ်း​မှ​လွှဲ၍ အ​သက်​ရှင်​ခြင်း​အ​မှု​ကို​သာ ငါ​နှစ်​သက်၏။ အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ သင်​တို့​လိုက်​သော လမ်း​ဆိုး​မှ လွှဲ​ကြ​လော့။ လွှဲ​ကြ​လော့။ အ​ဘယ်​ကြောင့် အ​သေ​ခံ​လို​ကြ​သ​နည်း။

အို ဣ​သ​ရေ​လ၊ သင်​သည် ကိုယ်​ပြု​သော​ဒု​စ​ရိုက်​အ​ပြစ်​အား​ဖြင့် အ​ကျိုး​နည်း​ရှိ​သော​ကြောင့် သင်၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ပြန်​လော့။

ငါ​သည် အ​မျက်​ပြေ​သော​ကြောင့် သူ​တို့​ဖောက်​ပြန်​ခြင်း​ကို ပြု​ပြင်​မည်။ ကိုယ်​အ​လို​အ​လျောက် စုံ​မက်​မည်။

လာ​ကြ။ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ပြန်​ကြ​ကုန်​အံ့။ ကိုယ်​တော်​သည် ကိုက်​ဖြတ်​သော်​လည်း ပ​က​တိ ဖြစ်​စေ​တော်​မူ​မည်။ ဒဏ်​ခတ်​သော်​လည်း အ​နာ​ကို​စည်း​တော်​မူ​မည်။

သို့​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ယ​ခု​တွင် အ​စာ​ရှောင်​ခြင်း၊ ငို​ကြွေး​မြည်​တမ်း​ခြင်း​နှင့်​တ​ကွ စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ ငါ့​ထံ​သို့ ပြန်​လာ​ကြ​လော့။

ဘိုး​ဘေး​တို့ လက်​ထက်​မှ​စ၍ သင်​တို့​သည် ငါ​စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​ကို မ​စောင့်၊ တိမ်း​ရှောင်​ကြ​ပြီ။ ငါ​ထံ​သို့ ပြန်​လာ​ကြ​လော့။ ငါ​သည်​လည်း သင်​တို့​ဆီ​သို့ ပြန်​လာ​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။ အ​ကျွန်ုပ်​တို့​သည် အ​ဘယ်​သို့ ပြန်​လာ​ရ​ပါ​မည်​နည်း​ဟု သင်​တို့​မေး​ကြ​သည်​တ​ကား။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ