Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဇာ​ခ​ရိ 1:20

Judson Bible

ထာ​ဝ​ရ​ဘု​ရား​သည်​လည်း လက်​သ​မား​လေး​ဦး​တို့​ကို ပြ​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ထို​ကြောင့်၊ သူ​တို့​ကို​နှောင့်​ယှက်​သော ရန်​သူ​လက်​သို့ အပ်​လိုက်​တော်​မူ၏။ ဆင်း​ရဲ​ခံ​ရ၍ ကိုယ်​တော်​ကို​အော်​ဟစ်​ကြ​သော​အ​ခါ၊ ကောင်း​ကင်​ဘုံ​က နား​ထောင်၍၊ က​ရု​ဏာ​ကျေး​ဇူး​တော် ကြွယ်​ဝ​သည်​အ​တိုင်း၊ ရန်​သူ​လက်​မှ ကယ်​လွှတ်​သော ကျေး​ဇူး​ရှင်​တို့​ကို ပေါ်​ထွန်း​စေ​တော်​မူ၏။

ပန်း​ပဲ​သ​မား​သည် ပု​ဆိန်​ကို​လုပ်​ခြင်း​ငှာ မီး​ခဲ၌​ဖုတ်၍၊ လက်​ရုံး​အား​ထုတ်​လျက် သံ​တူ​နှင့်​ထု​တတ်၏။ အ​ကယ်၍ မွတ်​သိပ်​သော​အ​ခါ အား​လျော့​တတ်၏။ ရေ​မ​သောက်​ရ​သော​အ​ခါ မော​တတ်၏။

ဧ​သော၏​တောင်​ကို တ​ရား​စီ​ရင်​ခြင်း​ငှာ ကယ်​တင်​သော​သူ​တို့​သည် ဇိ​အုန်​တောင်​ပေါ်​သို့ တက်​ကြ​လိမ့်​မည်။ တိုင်း​နိုင်​ငံ​သည်​လည်း ထာ​ဝ​ရ​ဘု​ရား၏​နိုင်​ငံ​တော် ဖြစ်​လိမ့်​သ​တည်း။ ပ​ရော​ဖက်​ဩ​ဗ​ဒိ၏ ဗျာ​ဒိတ်​ရူ​ပါ​ရုံ ပြီး၏။

သင်၏​တံ​ခါး​ကန့်​လန့်​ကျင်​တို့​သည် သံ​နှင့်​ကြေး​ဝါ​ဖြင့် ပြီး​ကြ​လိမ့်​မည်။ သင်၏​နေ့​ရက်​ကာ​လ​ဖြစ်​သည်​အ​တိုင်း သင့်​အ​စွမ်း​သ​တ္တိ ဖြစ်​လိမ့်​မည်။

ဣ​သ​ရေ​လ​အ​မျိုး​သည် အဲ​ဂု​တ္တု​ပြည်​မှ​လာ၍ ဧ​ဒုံ​ပင်​လယ်​အ​နား၊ တော၌ လှည့်​လည်​သ​ဖြင့် ကာ​ဒေ​ရှ​ရွာ​သို့ ရောက်​သော​အ​ခါ၊

နောက်​တစ်​ဖန် တော​ကို​လျှောက်​လျက်၊ ဧ​ဒုံ​ပြည်​နှင့် မော​ဘ​ပြည်​ကို ဝိုင်း၍ မော​ဘ​ပြည်​အ​ရှေ့​ဘက်​သို့ ရောက်​ပြီး​မှ အာ​နုန်​မြစ်​တစ်​ဖက်၌ တပ်​ချ​ကြ၏။ ထို​အ​ခါ မော​ဘ​ပြည်​နယ်​အ​တွင်း​သို့ မ​ဝင်​ကြ။ အာ​နုန်​မြစ်​သည် မော​ဘ​ပြည်​အ​ပိုင်း​အ​ခြား ဖြစ်​သ​တည်း။

ထာ​ဝ​ရ​ဘု​ရား​သည် ယေ​ရု​ဗ္ဗာ​လ၊ ဗာ​ရက်၊ ယေ​ဖ​သ၊ ရှ​မွေ​လ​တို့​ကို စေ​လွှတ်၍၊ ပတ်​ဝန်း​ကျင် ရန်​သူ​တို့​လက်​မှ ကယ်​နုတ်​တော်​မူ​သ​ဖြင့် သင်​တို့​သည် ဘေး​လွတ်​ရ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ