Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဇာ​ခ​ရိ 1:2

Judson Bible

ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့ ဘိုး​ဘေး​များ​ကို အ​လွန်​အ​မျက်​ထွက်​တော်​မူ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

24 ပူးပေါင်းရင်းမြစ်များ  

ဤ​အ​ရပ်​သား​တို့​သည် ဖျက်​ဆီး​ရာ​နှင့် ကျိန်​ဆဲ​ရာ​ဖြစ်​ရ​ကြ​လိမ့်​မည်​ဟု ဤ​အ​ရပ်​ကို​လည်း​ကောင်း၊ ဤ​အ​ရပ်​သား​တို့​ကို​လည်း​ကောင်း၊ ငါ​ခြိမ်း​ခြောက်​သော​စ​ကား​ကို သင်​သည် ကြား​သော​အ​ခါ၊ နူး​ညံ့​သော​စိတ်​ရှိ၍ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ကိုယ်​ကို​နှိမ့်​ချ​ခြင်း၊ ကိုယ်​အ​ဝတ်​ကို​ဆုတ်​ခြင်း၊ ငါ့​ရှေ့​မှာ ငို​ကြွေး​ခြင်း​ကို​ပြု​သော​ကြောင့် သင့်​စ​ကား​ကို ငါ​နား​ထောင်၏။

သို့​ရာ​တွင် မ​နာ​ရှေ​သည် ထာ​ဝ​ရ​ဘု​ရား၏​အ​မျက်​တော်​ကို နှိုး​ဆော်​ခြင်း​ငှာ၊ ပြစ်​မှား​သော အ​ပြစ်​ရှိ​သ​မျှ​တို့​ကြောင့်၊ ယု​ဒ​အ​မျိုး၌ ပြင်း​စွာ​အ​မျက်​ထွက်၍ စိတ်​တော်​မ​ပြေ။

အ​ကျွန်ုပ်​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​တည်း​ဟူ​သော ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​ခံ​ထိုက်​သ​မျှ​သော အ​ပြစ်​ဒဏ်​ကို ပေး​တော်​မ​မူ​သော်​လည်း၊ အ​ကျွန်ုပ်​တို့​သည် ကိုယ်​တိုင်​ပြု​မိ​သော ဒု​စ​ရိုက်​အ​မှု၊ ကြီး​စွာ​သော လွန်​ကျူး​ခြင်း​အ​ပြစ်​ကြောင့်၊ ဤ​မျှ​လောက် ခံ​ရ​ပြီး​မှ​လည်း​ကောင်း၊ ကိုယ်​တော်​သည် ဤ​မျှ​လောက် ချမ်း​သာ​ပေး​တော်​မူ​ပြီး​မှ​လည်း​ကောင်း၊

အို​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည် အ​မျက်​ထွက်​သ​ဖြင့်၊ အ​ကျွန်ုပ်​တို့​ကို စွန့်​ပစ်၍ အ​ရပ်​ရပ်​သို့ ကွဲ​ပြား​စေ​တော်​မူ​ပြီ။ တစ်​ဖန် အ​ကျွန်ုပ်​တို့​ကို အ​သက်​ရှင်​စေ​တော်​မူ​ပါ။

သူ​တို့​သည် ဝင်၍ သိမ်း​ယူ​ကြ​သော်​လည်း၊ အ​မိန့်​တော်​ကို နား​မ​ထောင်၊ တ​ရား​တော်​လမ်း​သို့ မ​လိုက်၊ မှာ​ထား​တော်​မူ​သော အ​ကျင့်​တစ်​စုံ​တစ်​ခု​ကို​မျှ မ​ကျင့်​ဘဲ​နေ​သော​ကြောင့်၊ ယ​ခု​ခံ​ရ​သ​မျှ​သော ဘေး​ဥ​ပဒ်​တို့​ကို သူ​တို့​အ​ပေါ်​သို့ ရောက်​စေ​တော်​မူ​ပြီ။

ထို​ကြောင့်၊ ငါ၏​အ​မျက်​အ​ရှိန်​ကို ငါ​သွန်း​လောင်း၍၊ ယု​ဒ​မြို့​များ ယေ​ရု​ရှ​လင်​လမ်း​များ​တို့၌ အ​မျက်​မီး​ရှို့​သ​ဖြင့်၊ သူ​တို့​သည် ယ​နေ့၌ ဖြစ်​သ​ကဲ့​သို့ သုတ်​သင်​ပယ်​ရှင်း​ရာ​အ​ရပ် ဖြစ်​ကြ​၏။

ဘိုး​ဘေး​တို့​သည် ပြစ်​မှား၍ သေ​ပြီး​မှ၊ အ​ကျွန်ုပ်​တို့​သည် သူ​တို့ အ​ပြစ်​များ​ကို ခံ​ရ​ပါ၏။

ထို​ကြောင့်၊ ငါ​အ​မျက်​ကို ငါ​သွန်း​လောင်း​လျက်၊ ငါ့​ဒေါ​သ​မီး​ဖြင့် သူ​တို့​ကို​ရှို့၍၊ သူ​တို့​အ​ပြစ်​ကို သူ​တို့​ခေါင်း​ပေါ်​သို့ ရောက်​စေ​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ထို​ကြောင့်၊ ငါ​သည် နှ​မြော​စုံ​မက်​ခြင်း​မ​ရှိ​ဘဲ ငါ၏​အ​မျက်​ကို​လွှတ်​လိုက်​မည်။ သူ​တို့​သည် ကျယ်​သော​အ​သံ​နှင့် အော်​ဟစ်၍ တောင်း​လျှောက်​သော်​လည်း၊ ငါ​သည် နား​မ​ထောင်​ဟု မိန့်​တော်​မူ၏။

ငြိမ်​ဝပ်​စွာ​နေ​သော တစ်​ပါး​အ​မျိုး​သား​တို့​ကို အ​လွန်​အ​မျက်​ထွက်၏။ အ​ကြောင်း​မူ​ကား၊ ငါ​သည် ယေ​ရု​ရှ​လင်​မြို့​ကို အ​နည်း​ငယ် အ​မျက်​ထွက်​သော​အ​ခါ သူ​တို့​သည် ဝိုင်း၍ ညှဉ်း​ဆဲ​ကြ​ပြီ။

တ​ရား​စ​ကား​ကို​လည်း​ကောင်း၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏ ဝိ​ညာဉ်​တော်​သည် ရှေး​ပ​ရော​ဖက်​တို့​ဖြင့် ထား​တော်​မူ​သော စ​ကား​ကို​လည်း​ကောင်း သူ​တို့​သည် မ​ကြား​စေ​ခြင်း​ငှာ၊ မိ​မိ​တို့​နှ​လုံး​ကို စိန်​ကျောက်​ကဲ့​သို့ မာ​စေ​ကြ၏။ ထို​ကြောင့်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် အ​လွန် အ​မျက်​ထွက်​တော်​မူ၏။

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သင်​တို့၏ ဘိုး​ဘေး​တို့​သည် ငါ့​အ​မျက်​ကို နှိုး​ဆော်​ကြ​သော​အ​ခါ အ​ပြစ်​ပြု​မည်​ဟု ငါ​သည် နောင်​တ​မ​ရ​ဘဲ ကြံ​သ​ကဲ့​သို့၊

သင်​တို့​ဘိုး​ဘေး​များ​သည် အ​ဘယ်​ပ​ရော​ဖက်​ကို​မျှ မ​ညှဉ်း​ဆဲ​ဘဲ နေ​သ​နည်း။ ဖြောင့်​မတ်​သော​သူ ကြွ​လာ​တော်​မူ​မည်​အ​ကြောင်း​အ​ရာ​ကို ဟော​ပြော​ပြ​ညွှန်​သော သူ​တို့​ကို ကွပ်​မျက်​ကြ၏။ ထို​ဖြောင့်​မတ်​သော​သူ​ကို​ပင် ယ​ခု​လည်း သင်​တို့​သည် အပ်​နှံ၍ အ​သေ​သတ်​ကြ​ပြီ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ