Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဇာ​ခ​ရိ 1:11

Judson Bible

ထို​သူ​တို့​က​လည်း၊ အ​ကျွန်ုပ်​တို့​သည် မြေ​ကြီး အ​ရပ်​ရပ်​တို့​ကို လှည့်​လည်၍ သွား​ပါ​ပြီ။ မြေ​ကြီး​တစ်​လျှောက်​လုံး​သည် အ​မှု​မ​ရှိ။ ငြိမ်​ဝပ်​လျက်​ရှိ​ပါ၏​ဟု မု​ရ​တု​တော၌​ရပ်​သော ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ကင်​တ​မန်​အား ပြန်​လျှောက်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​သည် အ​ဘယ်​အ​ရပ်​က လာ​သ​နည်း​ဟု စာ​တန်​ကို​မေး​တော်​မူ​လျှင်၊ စာ​တန်​က၊ မြေ​ကြီး​ပေါ်​မှာ လှည့်​လည်၍ အ​ရပ်​ရပ်​သွား​လာ​ခြင်း​အ​မှု​ထဲ​က လာ​ပါ​သည်​ဟု ပြန်​လျှောက်​လေ၏။

ဘု​ရား​သ​ခင်၏​ရ​ထား​တော်​တို့​သည် အ​ထောင်​အ​သောင်း​မ​က များ​ကြ၏။ ဘု​ရား​ရှင်​ပါ​တော်​မူ၏။ သိ​နာ​တောင်​လည်း သန့်​ရှင်း​ရာ​ဌာ​န​တော်၌ ရှိ​သ​တည်း။

မြေ​တစ်​ပြင်​လုံး​သည် ငြိမ်​ဝပ်​ချမ်း​သာ​ခြင်း​ရှိ၏။ ရွှင်​လန်း​စွာ သီ​ချင်း​ဆို​သံ​နှင့် ကြွေး​ကြော်​ကြ၏။

ထို​သူ​က​လည်း၊ ငါ​သည် သင်​ရှိ​ရာ​သို့ လာ​ရ​သော အ​ကြောင်း​ကို နား​လည်​သ​လော။ ပေ​ရ​သိ​မင်း​ကို စစ်​တိုက်​အံ့​သော​ငှာ ယ​ခု ငါ​ပြန်​သွား​ရ​မည်။ ငါ​သွား​ပြီး​သည်​နောက်၊ တစ်​ဖန်​ဟေ​လ​သ​မင်း​သည် ပေါ်​လာ​လိမ့်​မည်။

မု​ရ​တု​တော၌ ရပ်​သော​လူ​က၊ ထို​သူ​တို့​သည် မြေ​ကြီး​အ​ရပ်​ရပ်​တို့​ကို လှည့်​လည်၍ သွား​စေ​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား စေ​လွှတ်​တော်​မူ​သော​သူ ဖြစ်​ကြ​သည်​ဟု ပြန်​ပြော၏။

ငြိမ်​ဝပ်​စွာ​နေ​သော တစ်​ပါး​အ​မျိုး​သား​တို့​ကို အ​လွန်​အ​မျက်​ထွက်၏။ အ​ကြောင်း​မူ​ကား၊ ငါ​သည် ယေ​ရု​ရှ​လင်​မြို့​ကို အ​နည်း​ငယ် အ​မျက်​ထွက်​သော​အ​ခါ သူ​တို့​သည် ဝိုင်း၍ ညှဉ်း​ဆဲ​ကြ​ပြီ။

ည​အ​ခါ​မြင်​ရ​သော ရူ​ပါ​ရုံ​ဟူ​မူ​ကား၊ မြင်း​နီ​ကို စီး​သော လူ​တစ်​ဦး​သည် ထင်​ရှား၍ ချိုင့်​တွင်​ရှိ​သော မု​ရ​တု​တော၌ ရပ်၏။ သူ့​နောက်​မှာ နီ​သော​မြင်း၊ ညို​သော​မြင်း၊ ဖြူ​သော​မြင်း​တို့​သည် ရှိ​ကြ၏။

ခွန်​အား​ကြီး​သော မြင်း​တို့​သည် ထွက်၍၊ မြေ​ကြီး​ပေါ်​မှာ တောင်​မြောက်​သို့ လှည့်​လည်​ခြင်း​ငှာ အား​ထုတ်​ကြ၏။ ကောင်း​ကင်​တ​မန်​က​လည်း၊ သွား၍ မြေ​ကြီး​ပေါ်​မှာ တောင်​မြောက်​သို့ လှည့်​လည်​ကြ​လော့​ဟု ဆို​သည်​အ​တိုင်း၊ သူ​တို့​သည် မြေ​ကြီး​ပေါ်​မှာ တောင်​မြောက်​သို့ လှည့်​လည်​ကြ၏။

လူ​သား​သည် မိ​မိ​ကောင်း​ကင်​တ​မန်​တို့​ကို စေ​လွှတ်​ပြီး​လျှင်၊ မှား​ယွင်း​စေ​သော​သူ​တို့​နှင့် မ​တ​ရား​သော အ​မှု​ကို​ပြု​သော​သူ ရှိ​သ​မျှ​တို့​ကို နိုင်​ငံ​တော်​ထဲ​က ရွေး​နုတ်၍၊-

ထို​နည်း​တူ က​မ္ဘာ​အ​ဆုံး၌ ကောင်း​ကင်​တ​မန်​တို့​သည် ဆင်း​လာ​ပြီး​လျှင်၊ ဖြောင့်​မတ်​သော​သူ​တို့​အ​ထဲ​မှ ဆိုး​သော​သူ​တို့​ကို နုတ်​ယူ​ခွဲ​ထား၍၊-

လူ​သား​သည် မိ​မိ​ဘုန်း​အာ​နု​ဘော်​ကို ဆောင်​လျက်၊ သန့်​ရှင်း​သော ကောင်း​ကင်​တ​မန်​များ အ​ခြံ​အ​ရံ​တို့​နှင့်​တ​ကွ ကြွ​လာ​တော်​မူ​သော​အ​ခါ ဘုန်း​ရှိ​သော ပ​လ္လင်​တော်​ပေါ်​မှာ ထိုင်၍၊-

ငြိမ်​ဝပ်​ခြင်း​ရှိ၏၊ ဘေး​အ​န္တ​ရာယ်​နှင့် ကင်း​လွတ်၏​ဟု ဆို​စဉ်​တွင်၊ ကိုယ်​ဝန်​ဆောင်​သော​မိန်း​မ၌ သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ရောက်​သ​ကဲ့​သို့၊ သူ​တို့​အ​ပေါ်၌ လျင်​မြန်​စွာ​သော ပျက်​စီး​ခြင်း​ရောက်၍ လွတ်​ခြင်း​အ​ခွင့် မ​ရှိ​ရ​ကြ။-

ကာ​လ​မ​ကြာ​မ​မြင့်​မီ ဖြစ်​ရ​မည်​အ​မှု​အ​ရာ​များ​ကို ယေ​ရှု​ခ​ရစ်​သည် မိ​မိ​အ​စေ​ခံ​ကျွန်​တို့​အား ပြ​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင် အပ်​ပေး​တော်​မူ​သော ထို​သ​ခင်၏ ဗျာ​ဒိတ်​တော်​ကို ဆို​ပေ​အံ့။ ထို​သ​ခင်​သည် မိ​မိ​ကောင်း​ကင်​တ​မန်​ကို စေ​လွှတ်၍၊ မိ​မိ​အ​စေ​ခံ​ကျွန်​ယော​ဟန်​အား ဗျာ​ဒိတ်​တော်​အ​ရိပ်​ကို ပြ​တော်​မူ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ