Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဆာ​လံ 9:9

Judson Bible

ထာ​ဝ​ရ​ဘု​ရား​သည် ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ရ​သော သူ​တို့၏​ခို​လှုံ​ရာ၊ ဘေး​အ​န္တ​ရာယ်​ရောက်​သည်​ကာ​လ ခို​လှုံ​ရာ​ဖြစ်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

26 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ တော၌ ရှိ​သ​မျှ​သော အ​ပင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ရွှင်​လန်း​စွာ သီ​ချင်း​ဆို​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ကိုယ်​တော်​သည် မြေ​ကြီး​သား​တို့​ကို တ​ရား​စီ​ရင်​ခြင်း​ငှာ ကြွ​လာ​တော်​မူ၏။

ဒု​က္ခ​နှင့်​ကင်း​လွတ်​စေ​ခြင်း​ငှာ မ​စ​တော်​မူ​ပါ။ လူ​တို့​သည် ကယ်​တင်​ခြင်း​ငှာ မ​တတ်​နိုင်​ကြ​ပါ။

လက်​ယာ​ဘက်​သို့ အ​ကျွန်ုပ်​ကြည့်​ရှု​သော​အ​ခါ၊ အ​ကျွန်ုပ်​သိ​ကျွမ်း​သော​သူ မ​ရှိ​ပါ။ ပြေး​လွတ်​ရာ​လမ်း​လည်း ပိတ်​ပါ၏။ အ​ကျွန်ုပ်​အ​သက်​ကို နှ​မြော​သော​သူ မ​ရှိ​ပါ။

ထာ​ဝ​ရ​ဘု​ရား​သည် ငါ၏​ကျောက်၊ ငါ၏​မြို့​ရိုး၊ ငါ့​ကို​ကယ်​လွှတ်​သော​သ​ခင်၊ ငါ၏​ဘု​ရား၊ ငါ​ကိုး​စား​သော အ​စွမ်း​သ​တ္တိ၊ ငါ၏​အ​ကွယ်​အ​ကာ၊ ငါ့​ကို​ကယ်​တင်​သော ဦး​ချို၊ ငါ၏​ရဲ​တိုက်​ဖြစ်​တော်​မူ၏။

ဘေး​အ​န္တ​ရာယ်​ရောက်​သော​ကာ​လ၌၊ ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တော်​စ​ကား​ကို​နား​ထောင်၍၊ ယာ​ကုပ်၏ ဘု​ရား​သ​ခင်​နာ​မ​တော်​သည် ချီး​မြှောက်​တော်​မူ​ပါ​စေ​သော။

ကိုယ်​တော်​သည် အ​ကျွန်ုပ်​ခို​လှုံ​ရာ​ဖြစ်​တော်​မူ၏။ အ​ကျွန်ုပ်​ကို ဘေး​လွတ်​စေ​ခြင်း​ငှာ ကွယ်​ကာ​စောင့်​မ​တော်​မူ၏။ ကယ်​လွှတ်​ကြောင်း​ကို ဆို​သော​သီ​ချင်း​နှင့် အ​ကျွန်ုပ်​ကို ခြံ​ရံ​စေ​တော်​မူ၏။

ဖြောင့်​မတ်​သော​သူ​တို့၏ ကယ်​တင်​ခြင်း​အ​မှု​ကို ထာ​ဝ​ရ​ဘု​ရား​စီ​ရင်​တော်​မူ၏။ ဘေး​ရောက်​သည်​ကာ​လ၌ သူ​တို့​ခို​လှုံ​ရာ​ဖြစ်​တော်​မူ၏။

ဘု​ရား​သ​ခင်​သည် ငါ​တို့​ခို​လှုံ​ရာ​ဖြစ်၍၊ ခွန်​အား​ကို​ပေး​တော်​မူ၏။ ဘေး​ရောက်​သည်​ကာ​လ အ​ထူး​သ​ဖြင့် ကူ​မ​တော်​မူ​ကြောင်း ထင်​ရှား​လျက်​ရှိ၏။

ကောင်း​ကင်​ဗိုလ်​ခြေ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​နှင့်​အ​တူ​ရှိ​တော်​မူ၏။ ယာ​ကုပ်​အ​မျိုး၏ ဘု​ရား​သ​ခင်​သည် ငါ​တို့ ခို​လှုံ​ရာ​ဖြစ်​တော်​မူ၏။

ထို​မြို့၏​ဘုံ​ဗိ​မာန်​တို့​တွင် ဘု​ရား​သ​ခင်၌ ခို​လှုံ​ရ​သည်​ကို သိ​ရ၏။

အ​မှု​ရောက်​သည်​ကာ​လ၌ ငါ့​ကို​ပ​တ္ထ​နာ​ပြု​လော့။ ငါ​သည် ကယ်​လွှတ်​မည်။ သင်​သည်​လည်း ငါ့​ကို​ချီး​မွမ်း​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

အို​လူ​များ​တို့၊ ဘု​ရား​သ​ခင်၌ အ​စဉ်​မ​ပြတ် ခို​လှုံ​ကြ​လော့။ ရှေ့​တော်၌ စိတ်​နှ​လုံး​ကို ဖွင့်​ပြ​ကြ​လော့။ ဘု​ရား​သ​ခင်​သည် ငါ​တို့​ခို​လှုံ​ရာ ဖြစ်​တော်​မူ၏။

အို ဘု​ရား​သ​ခင်၊ လူ​များ​တို့​သည် ကိုယ်​တော်​ကို ချီး​မွမ်း​ကြ​ပါ​စေ​သော။ လူ​များ​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို ချီး​မွမ်း​ကြ​ပါ​စေ​သော။

မ​တ​ရား​သော​သူ​တို့၏ အ​ဓ​မ္မ​အ​မှု​ကို​ဆုံး​ရှုံး၍၊ တ​ရား​သော​သူ​တို့​ကို မြဲ​မြံ​စေ​တော်​မူ​ပါ။ တ​ရား​သ​ဖြင့် ပြု​တော်​မူ​သော​ဘု​ရား၊ ကိုယ်​တော်​သည် နှ​လုံး​နှင့် ကျောက်​ကပ်​ကို စစ်​တော်​မူ​တတ်​ပါ၏။

ထာ​ဝ​ရ​ဘု​ရား​စိုး​စံ​တော်​မူ​သည်​ဟု တစ်​ပါး​အ​မျိုး​သား​တို့​တွင် ဟော​ပြော​ကြ​လော့။ လော​က​ဓာတ်​သည် မ​လှုပ်​ရှား​နိုင်​အောင် မြဲ​မြံ​စွာ​တည်​လိမ့်​မည်။ လူ​များ​ကို ဖြောင့်​မတ်​စွာ​တ​ရား​စီ​ရင်​တော်​မူ​လိမ့်​မည်။

အ​ကြောင်း​မူ​ကား၊ မြေ​ကြီး​သား​တို့​ကို တ​ရား​စီ​ရင်​ခြင်း​ငှာ ကြွ​လာ​တော်​မူ၏။ လော​က​သား​တို့​ကို ဖြောင့်​မတ်​စွာ​စီ​ရင်၍၊ လူ​များ​ကို ဟုတ်​မှန်​ခြင်း​တ​ရား​အ​တိုင်း စီ​ရင်​ဆုံး​ဖြတ်​တော်​မူ​လ​တ္တံ့။

ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​သည် ခိုင်​ခံ့​သော​ရဲ​တိုက်​ဖြစ်၍၊ ဖြောင့်​မတ်​သော​သူ​တို့​သည် ပြေး​ဝင်​သ​ဖြင့်၊ လုံ​ခြုံ​စွာ​နေ​ရ​ကြ၏။

ထို​မင်း​တို့​သည် လေ​လုံ၍ မိုး​သက်​မုန်​တိုင်း ကွယ်​ရာ​အ​ရပ်​ကဲ့​သို့​လည်း​ကောင်း၊ သွေ့​ခြောက်​သော​မြေ၌ စီး​သော ချောင်း​ကဲ့​သို့​လည်း​ကောင်း၊ နေ​ပူ​သော​အ​ရပ်၌ ကျောက်​လုံး​ကြီး အ​ရိပ်​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ​လိမ့်​မည်။

ထို​သို့​ပြု​လျှင်၊ ထို​ဘု​ရား​သည် သင်​တို့​ခို​လှုံ​ရာ ဖြစ်​တော်​မူ​လိမ့်​မည်။ သို့​ရာ​တွင် ဣ​သ​ရေ​လ​လူ​နှစ်​မျိုး​တို့ ထိ​မိ၍​လဲ​စ​ရာ​ကျောက်၊ မှား​ယွင်း​စ​ရာ​ကျောက်၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့၌ ကျော့​ကွင်း​နှင့် ထောင်​ချောက် ဖြစ်​တော်​မူ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​တော်​မူ၏။ အ​မှု​ရောက်​သော​အ​ခါ ရဲ​တိုက်​ဖြစ်​တော်​မူ၏။ ခို​လှုံ​သော​သူ​တို့​ကို သိ​မှတ်​တော်​မူ၏။

အို ယေ​ရု​ရှ​လင်​မြို့၊ ယေ​ရု​ရှ​လင်​မြို့၊ သင်​သည် ပ​ရော​ဖက်​တို့​ကို သတ်​မြဲ​ရှိ၏။ သင်​ရှိ​ရာ​သို့ စေ​လွှတ်​သော​သူ​တို့​ကို​လည်း ကျောက်​ခဲ​နှင့် ပစ်​မြဲ​ရှိ၏။ ကြက်​မ​သည် မိ​မိ​သား​ငယ်​တို့​ကို အ​တောင်​အောက်၌ စု​ရုံး​သ​ကဲ့​သို့ သင်၏​သား​တို့​ကို စု​ရုံး​စေ​ခြင်း​ငှာ ကြိမ်​ဖန်​များ​စွာ ငါ​အ​လို​ရှိ၏။ သင်​မူ​ကား အ​လို​မ​ရှိ။-

ရှေ့​ဦး​စွာ​သော​ဘု​ရား​သ​ခင်​သည် သင့်​ခို​လှုံ​ရာ​ဖြစ်၍၊ နိ​စ္စ​ထာ​ဝ​ရ လက်​ရုံး​တော်​ဖြင့် သင့်​ကို​ထောက်​မ​တော်​မူ၏။ ရန်​သူ​တို့​ကို သင့်​ရှေ့​မှ​နှင်​ထုတ်၍ သူ​တို့​ကို​ဖျက်​ဆီး​သော​အ​ခွင့် ပေး​တော်​မူ​မည်။

အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်​သည် မု​သား​မ​သုံး​နိုင်​သော အ​ရာ​တည်း​ဟူ​သော မ​ဖောက်​ပြန် မ​ပြောင်း​လဲ​နိုင်​သော အ​ရာ​နှစ်​ပါး​ကို အ​မှီ​ပြု၍၊ ကိုယ်​ရှေ့၌​ထား​သော မျှော်​လ​င့်​ရာ​ကို ခို​လှုံ​ခြင်း​ငှာ ပြေး​သော ငါ​တို့​သည် သက်​သာ​အား​ကြီး​ကြ​မည်​အ​ကြောင်း​တည်း။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ