ကိုယ်တော်၏ရန်သူတို့သည် ရုန်းရင်းခတ်ပြုကြပါ၏။ ကိုယ်တော်ကို မုန်းသောသူတို့သည် ထကြပါ၏။
ငါ၌သင်၏အမျက်ဟုန်းခြင်း၊ စော်ကားခြင်းကို ငါကြားရသောကြောင့်၊ သင့်ကိုနှာရှုပ်တပ်၍ ဇက်ခွံ့ပြီးမှ၊ သင်လာသောလမ်းဖြင့် ပြန်စေမည်။
အကျွန်ုပ်ချီးမွမ်းသော ဘုရားသခင်၊ တိတ်ဆိတ်စွာ နေတော်မမူပါနှင့်။
ကိုယ်တော်၏ ရန်သူတို့အသံကို မေ့လျော့တော်မမူပါနှင့်။ ကိုယ်တော်ကို ပုန်ကန်သောသူတို့၏ ရုန်းရင်းခတ်ခြင်းအသံသည် အစဉ်မပြတ် တိုးတက်လျက်ရှိပါ၏။
ကိုယ်တော်၏ လူစည်းဝေးရာအရပ်၌ ရန်သူတို့သည် အော်ဟစ်ကြပါ၏။ လက္ခဏာသက်သေတော်အရာ၌ သူတို့လက္ခဏာသက်သေတို့ကို ထားကြပါပြီ။
ထာဝရဘုရားကို မုန်းသောသူတို့သည် တောင်းပန်ခြင်းကိုပြု၍၊ ငါ၏လူတို့သည်လည်း၊ အစဉ်အမြဲတည်ရသောအခွင့် ရှိကြလိမ့်မည်။
အို ထာဝရဘုရား၊ မြစ်တို့သည် ထကြပါ၏။ မြစ်တို့သည် ဟုန်းသံကိုပေးကြပါ၏။ မြစ်တို့သည် လှိုင်းတံပိုးခတ်ကြပါ၏။
သမုဒ္ဒရာမြည်သံကဲ့သို့ မြည်တတ်သောလူများ အလုံးအရင်းတို့၌လည်းကောင်း၊ အားကြီးသောရေတို့သည် ဟုန်းသကဲ့သို့ ဟုန်းတတ်သော လူမျိုးတို့၌လည်းကောင်းအမင်္ဂလာရှိ၏။
သင်သည် အဘယ်သူကို ကဲ့ရဲ့ဆဲရေးသနည်း။ အဘယ်သူကို အော်ဟစ်၍ မျက်နှာထောင်လွှားသနည်း။ ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရားကိုပင် ပြုပါသည်တကား။
ငါ၌ သင်၏အမျက်ဟုန်းခြင်း၊ စော်ကားခြင်းကို ငါကြားရသောကြောင့်၊ သင့်ကို နှာရှုတ်တပ်၍ ဇက်ခွံ့ပြီးမှ၊ သင်လာသောလမ်းဖြင့် ပြန်စေမည်။
သူတို့သည် သင့်ကိုစစ်တိုက်၍ မနိုင်ရကြ။ သင့်ကို ကယ်နုတ်ခြင်းငှာ၊ သင်နှင့်အတူ ငါရှိသည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
ပိလတ်မင်းသည် မိမိမနိုင်၊ လူများသာ၍ ရုန်းရင်းခတ်မျှ ပြုကြသည်ကိုမြင်လျှင်၊ ရေကိုယူ၍ လူများရှေ့တွင် မိမိလက်ကိုဆေးလျက်၊ ဤဖြောင့်မတ်သောသူ၏အသွေးနှင့် ငါသည် ကင်းရှင်း၏။ ဤအမှုကို သင်တို့ ကြည့်ကြလော့ဟု ဆို၏။-
စုဝေးသောလူတို့သည် သူတို့တစ်ဖက်၌ တစ်ပြိုင်နက်ထကြ၏။ စစ်ကဲမင်းတို့လည်း သူတို့၏ အဝတ်ကိုချွတ်၍ ကြိမ်လုံးနှင့်ရိုက်စေခြင်းငှာ စီရင်ကြ၏။-
ယုဒလူတို့သည် ဆိုးယုတ်လျှပ်ပေါ်သော သူအချို့တို့ကိုခေါ်၍ လူများကို စုဝေးစေပြီးလျှင်၊ မြို့၌ အုတ်အုတ်သဲသဲ ပြုကြ၏။ ယာသုန်၏ အိမ်ကိုဝိုင်း၍ သူတို့ကို လူများရှေ့သို့ဆွဲထုတ်ခြင်းငှာ ရှာကြ၏။-
တစ်မြို့လုံးရုန်းရင်းခတ်မျှ ဖြစ်လျှင်၊ လူများတို့သည် ပြေးလာ၍ စုဝေးကြလျက်၊ ပေါလုကိုကိုင်ယူ၍ ဗိမာန်တော်ပြင်သို့ ဆွဲငင်ပြီးမှ တစ်ခဏချင်းတံခါးများတို့ကို ပိတ်ထားကြ၏။
ထိုမျှတိုင်အောင် ပေါလု၏စကားကို နားထောင်ပြီးလျှင်၊ ထိုသူတို့သည်အော်ဟစ်၍၊ ထိုသို့သောသူကို မြေကြီးပြင်မှ သုတ်သင်ပယ်ရှင်းလော့။ သူသည် အသက်မရှင်သင့်ဟု ဆိုကြ၏။-
အချင်းချင်း ငြင်းခုံခြင်းများသောအခါ၊ ထိုသူတို့သည် ပေါလုကို ဆွဲငင်၍ အပိုင်းပိုင်းဆုတ်ဖြတ်မည်ကို စစ်သူကြီး စိုးရိမ်သောကြောင့်၊ စစ်သူရဲများ၊ ဆင်းကြ၊ ပေါလုကို အရာရှိမင်းတို့အထဲမှ အနိုင်အထက်ယူ၍ ရဲတိုက်ထဲသို့ ပို့ဆောင်ကြဟု အမိန့်ရှိ၏။
ထိုသို့ မိဒျန်အမျိုးသည် ဣသရေလအမျိုးရှေ့မှာရှုံး၍၊ နောက်တစ်ဖန် အစိုးမရဘဲ နေကြ၏။ ဂိဒေါင်လက်ထက် အနှစ်လေးဆယ်တိုင်တိုင် တစ်ပြည်လုံးငြိမ်းလေ၏။