ဆာလံ 82:7Judson Bibleသို့သော်လည်း၊ သင်တို့သည် လူကဲ့သို့သေ၍၊ အခြားသောမင်းကဲ့သို့ ဆုံးရှုံးခြင်းသို့ ရောက်ကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
အကြောင်းမူကား၊ ရေနားမှာရှိသမျှသော သစ်ပင်တို့တွင် တစ်ပင်မျှ အရပ်မြင့်သောကြောင့် မဝါကြွား။ ထူထပ်သော အခက်အလက်တို့တွင် မိမိထိပ်ဖျားကို မချီးမြှောက်မည်အကြောင်း၊ ရေကိုသောက်သမျှသော အပင်တစ်ပင်မျှ အရပ်မြင့်လျက် မပြိုင်ဝံ့မည်အကြောင်းတည်း။ ထိုအပင်အပေါင်းတို့သည် မြေတွင်းထဲသို့ဆင်းတတ်သော လူသားတို့နှင့်အတူ သေခြင်းသို့လည်းကောင်း၊ မြေအောက်အရပ်သို့လည်းကောင်း ရောက်စေခြင်းငှာ ငါအပ်လေပြီ။