သင်တို့သည် ရွှင်လန်းခြင်းကိုပြုသောနေ့၊ ပွဲသဘင်နေ့၊ လဆန်းနေ့တို့၌ သင်တို့ဘုရားသခင်အောက်မေ့တော်မူဖို့ရာ၊ သင်တို့မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်ပူဇော်သကာများအပေါ်မှာ တံပိုးမှုတ်ရကြမည်။ ငါသည် သင်တို့၏ဘုရားသခင်၊ ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူ၏။