ဘုရားသခင် ကိုယ်တော်တိုင်သည်၊ ငါတို့တွင် ဗိုလ်မင်းဖြစ်တော်မူ၏။ ဘုရားသခင်၏ ယဇ်ပုရောဟိတ်တို့သည်လည်း၊ တံပိုးမှုတ်လျက် သင်တို့တစ်ဖက်၌ နှိုးဆော်ခြင်းငှာ၊ ငါတို့တွင်ရှိကြ၏။ အိုဣသရေလအမျိုးသားတို့၊ ဘိုးဘေးတို့၏ဘုရားသခင် ထာဝရဘုရားတစ်ဖက်၌ မတိုက်ကြနှင့်။ တိုက်လျှင် ရှုံးရကြလိမ့်မည်ဟု ပြောဆို၏။
ဣသရေလအမျိုးသည် အစဉ်ကျင့်ရသော တရားအတိုင်း ဘုရားရှေ့မှာ နံ့သာပေါင်းကို မီးရှို့ခြင်းငှာလည်းကောင်း၊ ရှေ့တော်မုန့်ကို အစဉ်တင်ခြင်းငှာလည်းကောင်း၊ ညဉ့်ဦး၊ နံနက်၊ ဥပုသ်နေ့၊ လဆန်းနေ့၊ ငါတို့ဘုရားသခင် ထာဝရဘုရား၏ဓမ္မပွဲနေ့တို့၌ မီးရှို့ရာယဇ်ကို ပူဇော်ခြင်းငှာလည်းကောင်း၊ ငါ၏ ဘုရားသခင် ထာဝရဘုရား၏ နာမတော်အဖို့ အိမ်တော်ကို တည်ဆောက်၍ ပူဇော်ရမည်။
ဝင်းတော်ကို တောင်ယာခြံကဲ့သို့ အမှတ်ပြု၍ ချိုးဖျက်တော်မူပြီ။ မိမိပွဲသဘင်တော်ကို ဖျက်ဆီးတော်မူပြီ။ ဇိအုန်မြို့၌ခံသော ဓမ္မပွဲနေ့၊ ဥပုသ်နေ့တို့ကို ထာဝရဘုရား မေ့စေတော်မူပြီ။ အမျက်တော်အရှိန်ပြင်း၍ ရှင်ဘုရင်နှင့် ယဇ်ပုရောဟိတ်ကို မရှုမမှတ်ပြုတော်မူပြီ။
ငြိမ်သက်ခြင်း၏ ဝမ်းမြောက်စရာသတင်းစကားကို ကြားပြောသောသူ၏ ခြေတို့ကို တောင်ပေါ်မှာ ကြည့်ကြလော့။ အို ယုဒအမျိုး၊ သင်၏ဓမ္မပွဲကိုခံလော့။ သစ္စာကတိထားသည်အတိုင်း သစ္စာဝတ်ကို ဖြေလော့။ အဓမ္မလူသည် ရှင်းရှင်းပယ်ဖြတ်ခြင်းကို ခံရသောကြောင့် နောက်တစ်ဖန်သင့်ကို မကျော်မနင်းရ။