Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဆာ​လံ 81:1

Judson Bible

ငါ​တို့​အ​စွမ်း​သ​တ္တိ​တည်း​ဟူ​သော ဘု​ရား​သ​ခင်​အား ရွှင်​လန်း​စွာ သီ​ချင်း​ဆို​ကြ​လော့။ ယာ​ကုပ်​အ​မျိုး၏ ဘု​ရား​သ​ခင်​အား ကျူး​ဧ​သော​အ​သံ​ကို ပြု​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​ကို​ပြစ်​မှား​သော​အ​ပြစ်​ကို လွှတ်​တော်​မူ​ပါ​ဟု၊ ကိုယ်​တော်​အား ကြား​လျှောက်​ရ​မည်​အ​ကြောင်း၊ ခ​မည်း​တော်​မ​သေ​မီ ကျွန်​တော်​တို့​ကို မှာ​ထား​ခဲ့​သည်​ဖြစ်၍၊ ယ​ခု​တွင် ခ​မည်း​တော်၏​ဘု​ရား​သ​ခင်​ကျွန်​တို့၏ အ​ပြစ်​ကို​လွှတ်​တော်​မူ​ပါ​ဟု လျှောက်​ကြ၏။ ထို​သို့​လျှောက်​ကြ​သော​အ​ခါ၊ ယော​သပ်​သည်​မျက်​ရည်​ကျ​လေ၏။

ဂေ​ရ​ရှုံ​သား​ကား လိ​ဗ​နိ​နှင့် ရှိ​မိ​တည်း။

ငါ​တောင်း​လျှောက်​သော​အ​သံ​ကို နား​ထောင်​တော်​မူ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ၏​ခွန်​အား​ဗ​လ၊ ငါ၏ အ​ကွယ်​အ​ကာ ဖြစ်​တော်​မူ၏။ ငါ့​နှ​လုံး​သည် ထို​ဘု​ရား​ကို ကိုး​စား၍၊ ငါ့​ကို​စောင့်​မ​တော်​မူ​သော​ကြောင့်၊ ငါ့​နှ​လုံး​သည်​ရွှင်​လန်း​လျက်​ရှိ၏။ သီ​ချင်း​ဆို​လျက် ဂုဏ်​တော်​ကို​ငါ​ချီး​မွမ်း​မည်။

ကောင်း​ကင်​ဗိုလ်​ခြေ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​နှင့်​အ​တူ ရှိ​တော်​မူ၏။ ယာ​ကုပ်၏​ဘု​ရား​သ​ခင်​သည် ငါ​တို့​ခို​လှုံ​ရာ​ဖြစ်​တော်​မူ၏။

တန်​ခိုး​ကြီး​သော ဘု​ရား​သ​ခင်​တည်း​ဟူ​သော ထာ​ဝ​ရ​ဘု​ရား​သည် ဗျာ​ဒိတ်​ပေး​တော်​မူ၏။ နေ​ထွက်​ရာ​မှ​သည် နေ​ဝင်​ရာ​တိုင်​အောင် မြေ​ကြီး​ကို ခေါ်​တော်​မူ၏။

ဘု​ရား​သ​ခင်​ကို မ​ခို​လှုံ၊ မိ​မိ​ဥ​စ္စာ​ကြွယ်​ဝ​ခြင်း၌ ကိုး​စား၍၊ မိ​မိ​ဒု​စ​ရိုက်၌ ခိုင်​ခံ့​သော​သူ​ကို​ကြည့်​ပါ​ဟူ၍ သူ၌​ရယ်​ကြ​လိမ့်​မည်။

မြေ​ကြီး​သား​အ​ပေါင်း​တို့၊ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ကျူး​ဧ​သော​အ​သံ​ကို​ပြု၍၊

လူ​အ​မျိုး​မျိုး​တို့​သည် ဝမ်း​မြောက်၍ ရွှင်​လန်း​စွာ သီ​ချင်း​ဆို​ကြ​ပါ​စေ​သော။ အ​ကြောင်း​မူ​ကား၊ ကိုယ်​တော်​သည် လူ​တို့​ကို ဖြောင့်​မတ်​စွာ​တ​ရား​စီ​ရင်၍၊ မြေ​ကြီး​ပေါ်​မှာ​ရှိ​သော လူ​မျိုး​တို့​ကို ချမ်း​သာ​ပေး​တော်​မူ​မည်။

အို​အ​ကျွန်ုပ်​တို့၏ ဘု​ရား​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ နာ​မ​တော်​သည် မြေ​ကြီး​တစ်​ပြင်​လုံး၌ အ​လွန်​ကြီး​မြတ်​တော်​မူ၏။ ဘုန်း​အာ​နု​ဘော်​တော်​သည် မိုး​ကောင်း​ကင်​ပေါ်​မှာ တည်​လျက်​ရှိ​ပါ၏။

ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ယာ​ကုပ်​အ​မျိုး​အား၊ ရွှင်​လန်း​စွာ သီ​ချင်း​ဆို​ကြ​လော့။ လူ​မျိုး​တို့၏​အ​ထွတ်၌ ကြွေး​ကြော်​ကြ​လော့။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏​လူ​မျိုး​တည်း​ဟူ​သော၊ ကျန်​ကြွင်း​သော ဣ​သ​ရေ​လ​အ​မျိုး​သား​ကို​ကယ်​တင်​တော်​မူ​ပြီ​ဟု မြွက်​ဆို​လျက် သ​တင်း​ကြား​လိုက်၍ ချီး​မွမ်း​ကြ​လော့။

ထို​မှ​တစ်​ပါး သေ​လွန်​သော​သူ​တို့​သည် ထ​မြောက်​ခြင်း​အ​ရာ​မှာ၊ ဘု​ရား​သ​ခင်​က၊ ငါ​သည် အာ​ဗြ​ဟံ၏​ဘု​ရား၊ ဣ​ဇာက်၏​ဘု​ရား၊ ယာ​ကုပ်၏​ဘု​ရား​ဖြစ်​သည်​ဟု သင်​တို့​အား​မိန့်​မြွက်​တော်​မူ​ကြောင်း​ကို သင်​တို့​သည် မ​ဖတ်​ဖူး​သ​လော။ ဘု​ရား​သ​ခင်​သည် သေ​နေ​သော​သူ​တို့၏ ဘု​ရား​မ​ဟုတ်၊ အ​သက်​ရှင်​သော​သူ​တို့၏ ဘု​ရား​ဖြစ်​တော်​မူ​သည်​ဟု မိန့်​တော်​မူ၏။-

ငါ့​ကို ခွန်​အား​နှင့်​ပြည့်​စုံ​စေ​တော်​မူ​သော ခ​ရစ်​တော်​အား​ဖြင့် ခပ်​သိမ်း​သော​အ​မှု​တို့​ကို ငါ​တတ်​စွမ်း​နိုင်၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ